ကြယ်ကလေး ကပြောတယ်...... ။ ။ သူသာ လမင်းလေးဆိုရင်.....ကိုယ်က ကြယ်လေးပေါ့....လမင်းက ကြယ်တွေ အားလုံးကို အလင်းရောင်ပေးထားတယ်...ဒါပေမယ့် ကြယ်လေးတစ်ပွင့်ကတော့
Saturday, October 31, 2009
ဘဝ
စမ်းဆိုသည်က .............အေးလှသည်
ပန်းဆိုသည်က .............မွှေးလှသည်
အချစ်ဆိုသည်က ..........နွေးလှသည်
ဟုတ်ပြီ .....................ဘ၀ဆိုသည်ကရောဟင်...
ဘ၀ဆိုလေသည်မှာ..................

ဝိဥာဉ် နဲ့ စကားပြောခြင်း
ပြီးခဲ့တာတွေ.... ပြီးပါစေတော့လို့သတ်မှတ်ပေမဲ့ ...
သူနဲ့ပတ်သက်တာတွေကို ....ထိမိလိုက်တိုင်း
သူနဲ့ပြောခဲ့ ...အားပေးခဲ့တာတွေက ...ပြန်လည်အသက်ဝင်ခဲ့တယ်...
ငါနေနို်င်ပါတယ်ဆိုပြီး ...အားတင်းသော်လည်း ...
ထိတွေ့နေကြ ....စကားလုံးလေးတွေက .....
သူကို ...ပြန်လည်နိုးထလာခဲ့စေသလိုပဲ .....
ကဲ ....ကျနော်မြတ်နိုးတန်ဖိုးထားတဲ့
ခန္ဒာကင်းမဲ့ .....၀ိဥာဉ်ရယ် .....
သက်ရှိခန္ဒာထဲကို ...ဖြစ်ပျက်မှုတွေကို ....ဘေးချိတ်ပြီး ....
သဘာဝအမှန်တရားကို ...အသိမပေးပဲ ....
ပြန်လယ်ဝင်ခဲ့ပါလား ....၀ိဥာဉ်ရယ် ......
ဖြစ်နိုင်ရင် ....ငါမင်းနဲ့ ....စကားပြောချင်လိုက်တာ.....
အရင်က ...တို့တတွေ ...ဆုံကြမယ်ဆိုရင် .....
စကားတွေ ...ဖောင်ဖွဲ့ပြီး ....ဘတ္တလောကကြီးကို ...
တရင်းတနှီး ...တွေ့ကြမယ်လို့ ...ဆိုခဲ့တယ်လေ....
မှတ်မိလေမလား ... ၀ိဥာဉ်လေးရေ....
ခုထက်တိုင်....နှလုံးသားထဲမှာ .....နာကျင်နေတုန်းပဲ ..
မဖြစ်သင့်ဘူးလို့ ...ကျနော် ....ယူဆနေတယ်...
မဖြစ်သေးဘူးလို့လဲ ....ကျနော်ထင်နေသေးတယ်.....
မဖြစ်ပါစေနဲ့လို့ လဲ ......ကျနော် .....ဆုတောင်းနေမိတယ် ....
အော်.. နောက်ဆုံးကြတော့ .....အားလုံးဟာ .....
သင်္ခါရ........ လက်ကျတွေပဲလားလို့ ....
သံဝေဂကို .....အဖော်ပြုရင်း ....
သတိရမိတာလေးတွေကို .....ပေါင်းချုပ်လို့ .....
ဒိုင်ယာရီ ....စာအုပ်အဖြစ် ....ချုပ်ထားလိုက်ပါပြီ ....
ဆန္ဒတွေကို .....ပြန်လည်နိုးထစေဖို့အတွက် ....
မဖြစ်နိုင်တော့တာ ....ဘာကြောင့်လဲ .....
သေချာတာကတော့ ...ရလဒ်က.... သင်္ခါရတဲ့ ...
ငါမင်းအတွက် .....ကောင်းမှုတွေပြုရင်း ....
တောင်းဆုတွေ .....မျှပါရစေ ...........
ရောက်ရာနေရာက ....သာဓု.. ခေါ်နိုင်ပါစေ ....
အို.... ၀ိဥာဉ်ရေ... . ပြုံးပျော်ပါတော့ .................။

Friday, October 30, 2009
ချစ်သော ကုမုဒြာ
ထူးခြားဆန်းပြား .......ချစ်ကုမုဒြာ
ပင်ပျိုထက်မှ ............ပွင့်ခဲလှ
လရောက်ဆန်းမှ .......သူဖူးမြှော်
ရနံ့သင်းသင်း ............တစ်ပွင့်ချင်း
ညချမ်းအေးမြ ...........လရောင်ဆန်းမှ
သူသည်.......... ထ၍.. ကလိမ့်မည်
ပန်းသည် ... ရင်မှ... ဖူးပွင့်မည်ဆိုသော်... ။။။။
လရောင်ဆန်းမှ ပွင့်သော ကုမုဒြာ...
Thursday, October 29, 2009
အမှန်...တကယ်
သြော်…ငါတောင်ရူးချင်လာပြီ …ဆိုပြီး ကိုယ့်ကိုယ်ကိုပြောနေကြတာ
ကိုယ်ဖြစ်ချင်တာကိုပဲ ရှေ့တန်းတင်နေသ၍ ဘယ်တော့မှမငြိမ်းချမ်းပါဘူး
အားလုံးမှာ ညီညွှတ်ဖို့လိုလာပါတယ် နော် . နောက်ပိုင်း မှာ အပြုတရားထက် အပျက်တရားကိုပိုလာတယ်နော် . လူတွေလူတွေ .
ခုချိန်ကစပြီး သဒ္ဒါ ၊ပညာ၊သတိ၊၀ီရိယ၊ဒါတွေပြည့်နေဖို့လိုတယ်
ဒီစိတ်ဓါတ်တွေ မိမိတို့ကိုယ်မှာ အဆင်သင့်ဖြစ်နေအောင်စုစီးထားပါ
ဘယ်မှာ ရာဂ ဖြစ်သလဲ
စိတ်နဲ့ပတ်သက်တဲ့ အရာအားလုံးဟာ ရုပ်တရားကိုမှီပြီးဖြစ်တယ်
အတ္တဘောကိုမှီ ပြီးမှရာဂဖြစ်တယ်
တွေးချင်သလောက်တွေး ခန္ဓာပေါ်မှာ မှီတွေးတာပါ
ဘယ်လောက်ပဲ အပြင်ထွက်တွေးတွေး ဒါပဲ နောက်ဆုံးအခြေတည်တွေးကြတာပဲ နော.
ဒွါရခြောက်ပေါက်ကို အာရုံခြောက်ပါးကတိုက်တယ်
ထိတွေ့စိတ် တွေဖြစ်လာပါတယ် .
အခု အလွဲကြီးလွဲနေတာ သိလား အားလုံးဟာ စိတ်နဲ့ ကိုယ်နဲ့မကပ်တာ
စိတ်နဲ့ကိုယ်နဲ့ ကပ်အောင် အသိနဲ့ သတိနဲ့ ကပ်ပြီး နေကြပါ .. ကျင့်ဆောင်ကြပါ
စိတ်တွေ မလွတ်ကြပါစေနဲ့

Subscribe to:
Comments (Atom)