Wednesday, March 10, 2010

(((အတွေးများ အိပ်စက်နေသည်.)))))

(((အတွေးများ အိပ်စက်နေသည် တဲ့လေ.)))
***********************
ဘဝဆိုသော အတိုင်းအတာတစ်ခုအတွင်း မှာပဲ ခေါင်းရော ပန်းရော ရောနှောနေလေရဲ့
စိတ်ဆန္ဒများက ငါ့အတွက် အရမ်းကားဆုံးရန်သူ ဖြစ်နေတာ ခုမှသိလိုက်ရတယ်
သေချာတယ် တစ်ချိန်ချိန်မှာ ငါဟာ လွတ်ကျသွားမဲ့ အိုးတစ်လုံးဆိုတာ
ပန်းမကြိုက်တတ်ပေမဲ့ ပန်းပင်တွေကိုတော့ စိုက်နေဆဲပါ
ရူးစေတတ်တယ်လို့ ပြောပေမဲ့ ပတိုင်းသီးကို ကိုက်စားနေဆဲ
အဖိုးတန်ပတ္တမြားလို့ပြောပေမဲ့ ငှက်ပစ်လေးခွမှာ အသုံးပြုဖို့ တာစူနေတယ်.
ခုချိန်ထိ နေ့နဲ့ ညဆိုတာကို ရှေးသူမတို့ ဆိုလို့သာ ခွဲခြားတတ်နေမိ
ပိုက်ဆက်တွေ ပြင်နေဆဲပဲ ဘာအတွက် တပ်ဆင်နေတယ်ဆိုတာ  မသိရိုးဖြစ်နေမိတယ်
စကားတစ်လုံး တည်ဆောက်လိုက်ပေမဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ဖြစ်သွားတာကိုတော့ မတတ်နိုင်ဘူး
ခေတ်တွေပြောင်းတယ်ပြောတိုင်း အမြီးရှည်လာသလား လေတွေပိုလာသလား မေးယူရတယ်
အခက်ကြီးနဲ့ ခက်လိုက်တာဆိုပြီး သူများယောင်လို့ လိုက်ယောင်မိတယ် 
မိုးရွာတယ်ဆိုတာ အထက်ကနေ အောက်ကို စီးဆင်းတာပါ
ထူးဆန်းနေတယ် အောက်ကနေ အထက်ကို စီးဆင်းမဲ့ မိုးရွာတော့မလို့တဲ့
ကိုင်း ဘယ်လိုလုပ်ကြမလဲ မော်ဒီဖိုင်းဖြစ်လာတဲ့ ကျုပ်တို့ခေတ်မှာ
လူတိုင်းလည်း အသက် ဘယ်ကရှုရမယ်ဆိုတာကို မေးယူရမလိုဖြစ်နေတယ်..
အခါခါမှား အခါခါပြင်ဖို့ ဝန်လေးနေတဲ့ ခေတ်
ငေးကြည့်ရုံသာကြည့်နေပြီးတော့ ဘယ်ရောက်မလဲ တောင်ထိပ်ကို
ဖုန်နံ့ရှူချင်ကြတဲ့ လူများကြောင့်  လမ်းတွေကိုဖုန်…….လို့
အတွေးတွေက ရှေ့ဆောင်တတ်တယ်လို့ ပြောကြပေမဲ့
ရှေ့ဆောင်မဲ့အတွေးတွေက မနိုးတမ်းအိပ်စက်လေတယ်ထင်ရဲ့ဗျာ
ကောင်းပါတယ် ဘာပြောပြော ဗူးသီးတစ်လုံးရင်ဝယ်ပိုက်ပြီး တသသလုပ်နေရတယ် အဖြစ်
နှစ်တွေကိုနောက်ပြန်ရေတွက်ရင်း အရင်က သမာဓိတွေကို  ပြန်ယူချင်နေမိတယ်
ခုတော့ အိမ်မက်များက အိပ်ရေးပျက်လို့ထင်ပါရဲ့ ငါ့ကိုလာမနှိုးနဲ့တဲ့ ……။
Author....... Barnay.

Saturday, February 27, 2010

Html လေ့ကျင့်ရေး ဆော့ ဝဲ

HTML ကို www.w3schools.com လိုပဲ မိမိအိမ်မှာဖြစ်ဖြစ် အင်တာနက် မရတဲ့ အခါပဲ ဖြစ်ဖြစ် လေ့ကျင့်ချင်ရင်တော့ ဟော့ဒီ ဆော့ဝဲ လေးကို အသုံးပြုပါလို့အကြံပေးချင်ပါတယ် ဆော့ဝဲတွေက သူငယ်ချင်းတွေဆီကနေ လိုက်စုဆောင်းထားတာပါ ခု ဒီပို့စ်တွေ တင်တာလည်း နီးစပ်တဲ့သူငယ်ချင်းတွေကို ပြောချင်တာလည်းပါပါတယ် ဘာပဲဖြစ်ဖြစ် ကိုယ်တစ်ယောက်ထဲ ထိုင်ဖတ်နေရင်တော့ ကျေနပ်နေတဲ့ သူ ကျနော့အဖို့ အဆင်ပြေပါတယ် .. ဆော့ဝဲလေးက တော့ ကောင်းတယ် ဗျာ လေ့လာချင်ရင်တော့ ဒေါင်းလုတ်ချပြီး သုံးကြည့်ပေါ့ဗျာ သူ့မှာ ကီးလေးပါ တွဲထားတာဆိုတော့ အဆင်ပြေမယ်ထင်ပါတယ်
       ဆော့ဝဲနေရာက ဒီ 4shared မှာ ယူလို့ရမယ်ထင်ပါတယ်

PDF ကနေ Word ကိုပြောင်းချင်ရင်

PDF  ကနေ Microsoft Word ဖိုင်ပြောင်းဖို့ ....

ကျနော် အရင်က pdf ဖိုင်တွေကို ပြန်ပြင်ရင် ဘယ်လိုပြင်ရမှန်းမသိဘူးဗျာ အင်တာနက်ထဲ လိုက်ရှာတော့လည်း တွေ့ပါတယ် ဟိုလိုလို ဒီလိုလိုနဲ့ စိတ်ပျက်ပြီး မရဘူး လုပ်နေတာ 
ဖြစ်ချင်တော့ တစ်နေ့က ဖိုင်တစ်ဖိုင်က ပရင့်ထုတ်မရဘူးဗျာ ဘာဖြစ်တယ်မသိဘူး အဲ့ဒါ
လုပ်နေကြပဲ Google ကိုပဲ အားကိုးရတာပေါ့ . ရှာလိုက်တော့ ဘာမှ ဒေါင်းစရာ မလိုဘူးဗျာ
ဝက်ဆိုဒ်ကနေ ပြောင်းပေးသွားတာ ဒါပေမဲ့ သူကတော့ အီးမေးလ် အကောင့်ကို ထည့်ပေး၇တယ်
သူပြောင်းပြီးသားဖိုင် ပြန်ပို့ပေးဖို့ပေါ့ . အဲ့ဒီနေရာကိုသွားချင်ရင်တော့ www.pdftoword.com ဆိုပြီးအလွယ်တကူ ရိုက်လိုက်ပေါ့ဗျာ ဒါဆိုရင် အဆင်ပြေပါတယ် ပြောင်းချင်တဲ့ဖိုင်ကို Browse ကနေ လှမ်းဆွဲယူ ပြီးရင် နောက်အကွက်ထဲမှာ ကိုယ့် အီးမေးလ်ကိုထည့်ပေးလိုက် ပြီးရင်တော့ convert ကိုနှိပ်ပေးလိုက် အဆင်ပြေပါလိမ့်မယ် ...

Monday, January 25, 2010

ကျနော် အမြဲတမ်းဖတ်ချင်၍ ကူးယူထားပါသည် .

ကျွန်မဖတ်ဖို့ (၁၄)



လက်သီးကိုတင်းတင်းဆုပ်တာနဲ့ အရာအားလုံးကို ကိုယ်ဖမ်းဆုပ်မိပြီလို့ ထင်နေခဲ့တယ်။ တကယ်တော့ လေကိုတောင် ကိုယ်ဖမ်းဆုပ်မမိခဲ့ဘူး။ ကိုယ်ကိုထောင်မတ်ပြီး ပုခုံးကိုစွင့်ကားတာနဲ့ ကိုယ့်လက်နှစ်ဘက်က ဗလာလို့ ခံစားမိတယ်။ ဒါပေမယ့် လောကတစ်ခုလုံးက ကိုယ့်ရင်ခွင်မှာ...


ကိုယ့်ကိုယ်နှစ်သက်

Wednesday, January 20, 2010

ဘီလ်ဂိတ်က ဒီလိုပြောတယ်

ဘွဲ့နှင်းသဘင်တစ်ခုမှာ ဘွဲ့ရကျောင်းသားတွေအတွက် ဘီလ်ဂိတ်က
ဒီလိုအကြံဥာဏ်ပေး ဟောပြောခဲ့ပါတယ်။
၁) လူ့ဘဝက မမျှတဘူး။ ဒါကို လက်ခံနိုင်အောင် ကြိုးစားပါ။
၂) ဒီလောကက ကိုယ့်လေးစားကြည်ညိုမှုကို အသိအမှတ်ပြုမှာ မဟုတ်ဘူး။
အကျိုးသက်ရောက်မှုကို အရင်လုပ် ပြီးမှ ကိုယ့်ရဲ့ခံစားချက်ကို ဆန်းစစ်ဖို့
လောကကြီးက ပိုမျှော်လင့်တယ်။