ကျုံမငေး မောင်ဝင့်သူ ရဲ့ ကဗျာလေးပါ ဖတ်ကြည့် ရအောင်......
* ငါ့၌ မရှိ
သူ့၌ ရှိ
ရှိကား .. ရှိ၏ ၊ သူ မသိ
ငါ မြင်တွေ့ ၏ ၊ ငါသိ၏ ။
* သူ့၌ မရှိ
ငါ့၌ ရှိ
ရှိကားရှိ၏ ၊ ငါ မသိ
သူမြင်တွေ့၏ ၊ သူသိ၏ ။
* ငါမြင်ပါသည်
ငါသိသည်
သူသည် အတ္တ ၊ ကြီးလွန်းစွဟု ၊
*သူမြင်ပါသည်
သူသိသည်
ငါသည် အတ္တ ၊ ကြီးလွန်းစွဟု ။
* သြော်..........အတ္တ ကြီးမာ
သူပင်လားလေ ၊ ငါလားလေဟု
အဖြေထုတ်ကြည့် ဆင်ခြင်ကြည့်မှ
နတ္ထိ အတ္တ ၊ ရှာ မရပြီ
ဘဝ မျက်ကန်း ၊ ဖြစ်ကြမှန်းကို
စူးစမ်း သိရှိ ပါတော့ ၏ ။ ။ ။
No comments:
Post a Comment