Showing posts with label စိတ်ဓါတ်. Show all posts
Showing posts with label စိတ်ဓါတ်. Show all posts

Tuesday, April 6, 2010

စိတ်ဓါတ်နဲ့ သံမဏိ

စိတ်ဓါတ်ရဲ့ ..သဘော
ရုပ်မရှိ .........ဒြပ်မဲ့
ဆန်းကျယ်တဲ့ ..နယ်
အတိတ်ရယ် အနာဂတ်ရယ် သူ့မှာ မရှိ
ပစ္စုပ္ပန်သာ သူကြည့်တယ်
ပြီးခဲ့တာတွေကိုလည်း အသစ်လုပ်တယ်
မလာသေးတာကိုလည်း သူတွေ့အောင်လုပ်တယ်
မဖြစ်သေးတာကိုလည်း သူထိတွေ့တယ်
သူ့ကို ပေါင်းဖက်နေကြပေမဲ့
မိတ်ဆွေ မဖြစ်သေးသူက...များတယ်။
သူကယ်လို့ အထက်ကိုရောက်နိုင်တယ်
သူချလို့ အောက်ကိုလည်း ကျနိုင်တယ်
သူ့ လုပ်ချက်တွေ မကြမ်းစေဖို့
သူနဲ့ မိတ်ဆွေဖြစ်ဖို့လိုတယ်...။

လာပြန်ပြီ ...သံမဏိ
မာခြင်းအတိနဲ့ မာကြောခြင်းနေရာတွေမှာ
သူ့ဘဝကို...........ရပ်တည်တယ်
သူကတော့ ......အသက်မရှူပဲ
ရပ်တည်တဲ့ ....ကောင်
ခပ်ရင့်ရင့်မီးထဲ သူ့ကို ညှင်းဆဲ မယ်ဆိုရင်
အရည်ပျော်ရုံပဲရှိမယ်
ပြင်းပြမှု ....လျော့မသွားဘူး
ပြင်းထန်မြဲ .....ပြင်းထန်တယ်...။

ကဲ..................
စိတ်ဓါတ်နဲ့ .......သံမဏိ
ဘာကွာလည်း .ညှိမယ်
သူ့သဘောနဲ့ .သူပဲ
ထိုနှစ်ခုတွဲ ပုံဖော်ကြည့်လိုက်ရင်
ခုခေတ်ပြောတဲ့ .......ပခုံးနှစ်ဘက်ကြား
ခေါင်းပေါက်တယ်ဆိုတဲ့ ............သတ္တဝါက
လောကကြီးကို .........ဘာမထီဘူး
လိုချင်တာရ .......ဖန်တီးပြီး
လူစင်စစ် ...ဧကရာဇ်တောင်
ဖြစ်နိုင်လေရဲ့..................။