Showing posts with label တိုးတက်ရေး. Show all posts
Showing posts with label တိုးတက်ရေး. Show all posts

Thursday, January 20, 2011

ဒို့ခေတ်လူငယ်

လူငယ်တစ်ယောက်ကို ပြောချင်သော စကားလေးများ


ကျနော်ဒီခေါင်းစဉ်ကိုတပ်လိုက်လို့ ကျနော်လူကြီးဖြစ်နေသလားလို့ စဉ်းစားစရာပါ ဟုတ်ကဲ့ လူငယ်လေးတွေထက်စာရင် လူကြီးပါ.. ခုခေတ်ဆယ်ကျော်သက်တွေထက်စာရင် လူကြီးတစ်ယောက်လို ကျနော် နေနေရလို့ပါပဲ .. ဘာလို့ ဒီအကြောင်းရေးချင်တာလဲဆိုရင် တခါတခါ ညီငယ် ညီမငယ်တွေကို ဒါတွေ သိစေချင်တယ် လုပ်စေချင်တယ် ဘယ်အရာက မှားတယ် ဘယ်အရာက မှန်တယ်ပေါ့ ကိုယ့် ဦးနှောက်နဲ့ နိုင်သလောက် တွေးတောပေးတဲ့သဘောပါ … လူငယ်အများစုက သူတို့လုပ်နေတဲ့ အကြောင်းအရာတစ်ခုခုကို မှားသလား မှန်သလား မစဉ်းစားဘူး လုပ်ချင်စိတ်ကို ဦးတည်နေကြတာများတယ် အဲ့ဒီမှာ မမှားသင့်တဲ့ အမှားတွေ မှားကုန်ရော .အချိန်မလင့်သင့်ပဲ လင့်ကုန်ရော .. ဒီတော့ ရသင့်တဲ့ အကျိုးတွေ နည်းကုန်တာပေါ့ဗျာ…. တန်ဖိုးတွေလည်း လျော့ကုန်ရော ……… အဲ့ဒီမှာ