Showing posts with label ဒူးရင်းသီးကိုးလုံး. Show all posts
Showing posts with label ဒူးရင်းသီးကိုးလုံး. Show all posts

Saturday, August 15, 2009

ဒူးရင်းသီး ကိုးလုံး

တစ်ခါက သူငယ်ချင်းသုံးယောက် ရှိတယ်.သူတို့ဟာ စူးစမ်းလေ့လာမှုကို အရမ်းစိတ်ဝင်စားကြတယ်
ဒါနဲ့ တစ်နေ့ သူတို့ သုံးယောက် သစ်တောထဲကို လေ့လာဖို့ စတင်ခရီးထွက်ခဲ့တယ် … သူတို့ လည်းလေ့လာရင် နဲ့ မျက်စိလည်လမ်းမှားပြီး အိမ်မပြန်နိုင်ပဲ ဖြစ်နေတယ် နောက်တော့ သူတို့ပျော်သလိုဖြစ်သွားတယ် ဘာလို့လည်းဆိုတော့ သူတို့ လူရိုင်းအုပ်စုတစ်စုနဲ့ တွေ့သွားတယ် အဲ့ဒါနဲ့ လူရိုင်းတွေဟာ သူတို့ကို တွေ့တာနဲ့ ဖမ်းသွားကြတယ် . ဖြစ်ချင်တော့ သူတို့ကပြန်လွှတ်ဖို့ စိတ်ကူးတောင်မရှိကြဖူးတဲ့ .သူတို့ကိုချုပ်ထားလိုက်တယ် တစ်နေ့ လူ၇ိုင်းခေါင်းဆောင်ကြီးနဲ့ သူတို့စကားပြောခွင့်ရလိုက်တယ် အဲ့ဒါ သူတို့ကိုပြန်လွှတ်ပေးဖို့ပေါ့ နောက်တော့ လူရိုင်းခေါင်းဆောင်က ငါခိုင်းတာကို လုပ်ပြီးရင် ပြန်လွှတ်ပေးမယ်တဲ့ ဒါနဲ့ သူတို့သူငယ်ချင်း သုံးယောက်လည်း အရမ်းပျော်သွားတယ် .သူတို့ သဘောတူလိုက်တယ် .ဘာလုပ်ရမယ်ဆိုတာကို သူတို့သုံးရောက်သား လုပ်ပေးချင်စောနဲ့ မေးလိုက်တယ် အဲ့ဒါ လူ၇ိုင်းခေါင်းဆောင်ကြီးက ပြောတယ် ဒီသစ်တောထဲကနေ အရွယ်တူသစ်သီးကိုးလုံးကို ရအောင်ရှာရမယ်လို့ပြောလိုက်ရုံရှိသေး သုံးယောက်သား
စိတ်ထဲမှာ ဒါလောက်ကတော့ အပျော့ပေါ့ဆိုပြီး ဘာမှမပြောတော့.မမေးတော့ဘဲ တောထဲကို သစ်သီးရှာဖို့ ၀င်ပြေးပါလေေ၇ာတဲ့ .ခဏကြာတော့ တစ်ယောက်က စပျစ်သီးကိုးလုံးကိုင်ကာ ပြန်ရောက်လာခဲ့သတဲ့
အဲ့ဒါ သူလည်း အားရပါးရ လူရိုင်းခေါင်းဆောင်ကြီးကို သွားပြတာပေါ့ အဲ့ဒါလူရိုင်းခေါင်းဆောင်ကြီးက ပြုံးပြီး
ပြောသတဲ့ .ငါကမင်းတို့ကိုခိုင်းတာ ဒါတင်မကသေးဘူး မင်းတို့က ခိုင်းတာကိုဆုံးအောင်နားမထောင်ပဲ ပြေးကြတာကိုကွလို့ပြောပြီး .. ငါခိုင်းမှာက အဲ့ဒီအရွယ်တူ သစ်သီးကိုးလုံးကို ရှာပြီး မင်းတို့ စအိုထဲကို ထည့်ရမယ်ကွလို့ ပြောလိုက်တဲ့အခါ ပထမတစ်ယောက်က မျက်လုံးပြူးသွားပြီး ဘာပြောလို့ပြောရမှန်းမသိဖြစ်သွားတယ် .နောက်တစ်ယောက်ရောက်လာတယ် သူ့လက်ထဲမှာ သံပုရာသီးကိုးလုံးကို ပိုက်လျက် ပြုံးပျော်လို့ပေါ့ .သူလည်း ခိုင်းတာကိုလည်းကြားရော တစ်ယောက်ကိုတစ်ယောက် နားမလည်ဟန်နဲ့ကြည့်နေကြတယ် . အဲ့ဒီအချိန်မှာ နောက်ဆုံးတစ်ယောက်က သူ ရှာလာတဲ့ အရာကို ပြချင်လို့ အားရပါးရ ပြေးလာပါလေရော သူထမ်ပြေးလာတာက ဒူးရင်းသီး ကိုးလုံး
အဲ့ဒီအချိန်မှာ ကျန်တဲ့ နှစ်ယောက်က ရီရမလို ငိုရမလိုနဲ့ နောက်ဆုံးတစ်ယောက်ကို ကြည့် ပြီး မှင်သက်မိနေပါလေရော နောက်တစ်ယောက်ကလည်း အိမ်ပြန်ချင်ဇောနဲ့ ထမ်းလာတဲ့ ဒူးရင်းသီးကို ကြည့်လိုက် သူငယ်ချင်းတွေကိုကြည့်လိုက်နဲ့ လုပ်ခိုင်းချက်အရ စအိုထဲကို သွင်းရမှာဆိုတော့ ဟဲ…ဟဲ သူလည်းခေါင်းငိုက်စိုက်ကျလျက် လုပ်ပေး၇မဲ့တာဝန်ကို စိတ်ပျက်သွားတယ် .ဖြစ်စေချင်တာ အခုလက်တွေ့ဘ၀မှာ ကြုံတွေ့နေတာတွေနဲ့ပတ်သက်ပြီး သူငယ်ချင်းတို့ သူတို့လို အလျင်လုပ်ရင်းနဲ့ လိုရင်းကို မရောက်ပဲဖြစ်မှာစိုးလို့ ဒီဘလော့ကနေ ပြောလိုက်ပါရစေ . ဘာပဲလုပ်လုပ် လုပ်ရမှာ ကို သေချာနားလည်အောင် အရင်လုပ်ပါ
ပြီးမှ နားမလည်ပါးမလည်နဲ့ ဒူးရင်းသီးကိုးလုံးစာမိရင်ဖြင့် မတွေးဝင့်စရာနော် . ဟဲ ဟဲ . ဒူးရင်းသီးတဲ့
ငယ်ငယ်ကကြားဖူးတဲ့ ပုံပြင်လေးပါ ………………ဘာနေ….