Showing posts with label မာယာ. Show all posts
Showing posts with label မာယာ. Show all posts

Tuesday, October 13, 2009

မာယာ

မြင်ကွင်းတစ်ဆုံးသူကြည့်တယ်
ဘယ်နေရာဟာ ငါ့သတ်ကွင်းလဲလို့ပေါ့
မာယာကို အပေါ်ယံမျက်နှာဖုံးနဲ့
ပိပိရိရိ ဖုံးထားဖို့ သမာဓိတွေ ခိုင်မြဲ
လက်တစ်ကမ်းယူရသမျှ အကုန်သုံး
မျက်နှာကို ဆယ့်နှစ်ခေါက်လှန်
အပေါစားညှိ့ဓါတ်တွေနဲ့ အသေးစားသားကောင်တွေကို
အယုတ်ညံ့ဆုံး စိတ်ဓါတ်တွေနဲ့ ကြော်စာ.းလို့
ပီပြင်တယ် နောက်ဆုံးသူရလိုက်တာ
ဂုဏ်ဆိုတာ နတ္ထိ
တင်စားမှုက ချဉ်ဖတ်တဲ့
လေးစားမှုတွေက အနုတ်ဘက်ရောက်
ဖျံကျမှုတွေရဲ့ တန်ပြန်သက်ရောက်မှုတွေက
အတုံးအရုံးနဲ့ ကြောက်စရာကောင်းလှပါဘိ
မာယာရှင်ရယ် …တံတွေးခွက်ထဲ
ပက်လက်လှန်မျှောရင်း ရင်ခွင်မှာပိုက်ထားတာက
“နောင်တ” တဲ့
နောက်မှ .. ငါအမှန်တကယ်ကြင်နာခံမယ်ဆိုရင် တဲ့
ကြမ်းတမ်းတဲ့ ကံကြမ္မာနဲ့အတူ
စုန်စုန်မျှောရင်းအဆုံးသတ်သွားလေတဲ့ မာယာ..………………….။။။