Showing posts with label မေတ္တာ. Show all posts
Showing posts with label မေတ္တာ. Show all posts

Monday, November 2, 2009

၁။ မေတ္တာ တရား

မေတ္တာတရားဆိုတာ ဘာလဲ ဘယ်လိုဟာမျိုးကိုမေတ္တာတရားလို့ ခေါ်တာလဲလို့ မေးမယ်ဆိုရင်
တစ်ခုတည်းဖြေကြည့်မယ် သိချင်ရင် ကိုယ်ကိုယ်တိုင်ခံစားကြည့် အဲ့ဒါမှ သူ့ရဲ့ သွင်ပြင်လက္ခာတွေကို အပြည့်အ၀သိသွားလိမ့်မယ်လို့ .......။ မေတ္တာတရားကို ဖြစ်ပေါ်ဖို့အတွက် အခြေအနေ အကြောင်းတရား တိုက်ဆိုင်မှဖြစ်တတ်တာပါ . မေတ္တာတရားမှာ ရယူခြင်းကင်းမဲ့၏ ... စိတ်ကြည်လင်စွာပေးဆပ်ခြင်းရှိ၏... အကြောင်းတရားသည်  စိတ်ထားမှန်ကန်မှုပေါ်မှာ အခြေခံလာ၏ လူသား၏အတွင်းသဏ္ဍာန်မှာ မေတ္တာတရားပေါက်ဖွားရာ နယ်မြေရှိ၏ ရှင်သန်ကြီးထွားစေအောင် လုပ်ဆောင်ဖို့ လိုအပ်၏...  အကျင့်ကြောင့် ကြီးထွားမှုဖြစ်ပေါ်၏... မေတ္တာတရားသည် အစဉ်အေးချမ်း၏ .... မောပန်းချိန်တွင် သောက်ရေးအေးအေးတစ်ခွက်ပမာ သတ်မှတ်နိုင်၏ .... မေတ္တာတရားကို လူတိုင်းသိ၏ သို့ပေမဲ့ လက်တွေထဲတွင် မွဲခြောက်နေတတ်၏ .... အစပျိုးသူရှိလျင်ဖြစ်ထွန်း၏ .... ပတ်ဝန်းကျင်လောင်းရိပ်ကြောင့်လဲ . ပင်မသန်ပဲ  ဖြစ်တတ်၏ .. သတိဖြင့် ပျိုးထောင်ပါက ဖြစ်ထွန်းလွယ်၏ .... မေတ္တာတရားသည် လပြည့်ည၏ အရသာကဲ့သို ငြိမ်းအေးမှုရှိ၏ ....လေပြေညှင်းကဲ့သို့လတ်ဆတ်၏ ... လရောင်ကဲ့သို့ ထွန်းလင်း၏ .... လမင်းကဲ့သို့ နှစ်သက်စရာကောင်း၏ ... ထို့ထက်ပိုသိချင်ပါက ကိုယ်တိုင်ကျင့်သုံးကြည့်နိုင်၏ .. အရသာတစ်မျိုးတစ်ပါဒ ရှိ၏ .. ထိုအရာတွေသည်ကား မေတ္တာ တရား၏ အချက်အလက်ပင်ဖြစ်၏....