Showing posts with label သေတမ်းစာ. Show all posts
Showing posts with label သေတမ်းစာ. Show all posts

Monday, November 2, 2009

ကျနုပ်၏ သေတမ်းစာ

ဟုတ်ကဲ့
ကျနော် ဘ၀အတွက် ကျနော်ကိုယ်ပိုင် ဆုံးဖြတ်နိုင်ခွင်ရှိသော
သေတမ်းစာကို ကျနော်ရေးခဲ့ချင်သောကြောင့် ခုလို အစပြုလိုက်ပါတယ်
ကျနော်မသေခင် ကျနော်တတ်နိုင်သလောက် ပံ့ပိုးသွားပါမည် လူ့လောကကြီးကို
ကျနော်၏ အမွေအဖြစ် ထားရှိထားမှာကတော့
၁။ မေတ္တာ တရား
၂။ အကြင်နာတရား
၃။ စာနာမှုတရား
၎။ ဘ၀ကို နေတတ်မှု အပိုင်းအစလေးတွေ ကျနော်သိသလောက်ပေါ့
၅။ လူ့ဘ၀ရဲ့ သံဝေဂတရား အနည်းငယ်
၆။ လူတစ်ယောက်ကို မိတ်ဆွေအဖြစ်နေတတ်ဖို့ နဲ့ အကောင်းဆုံးပေးဆပ်နိုင်မှု
၇။ ကြေကွဲခြင်းနဲ့ပတ်သက်ပြီး အပိုင်းအစ အနည်းငယ်
၈။ အနှစ်ရှိသော လူဖြစ်ရေး နဲ့ ဘ၀အဓိပ္ပါယ် ရယူမှု
၉။ နောက်ဆုံးဦးတည်မိသော ခြေလှမ်းများ
၁၀။ အတ္တ နဲ့ပတ်သက်ရာတွေ
   ဟုတ်ကဲ့ ဒါလေးတွေကို အညီအမျှပေးချင်မိပါတယ် ခုတော့ ရှေ့နေကြီး (အချိန်)နဲ့ ကျနော်တိုင်ပင်နေဆဲပါ
သူက တာဝန်ယူလက်ခံမယ်ပြောလို့ ကျနော်ပျော်မိပါတယ် .......