Tuesday, October 27, 2009

သူနဲ့ တစ်ညတာ စကားပြောခြင်း ...

“““ကောင်းကင်””””: သူတစ်ပါးကို ဘာလို့ ဒုက္ခပေးနေမှာလဲ..မနက်ဖြန်မှာ သင်သေရမယ်ဆိုတာသိရင်..သင်ဘာလုပ်မှာလဲ...
“““ငှက်ကလေး””””: ကောင်းကင်
ထမင်းစားပြီးပြီလား

Saturday, October 24, 2009

မေမေကပြောတယ်

........... ကျနော့် မေမေကပြောတယ် ..
...........ငါ့သား ... မကောင်းမှုတွေကို ..တွေ့နေတယ်ဆိုရင် .. ပထမဆုံး အကြိမ်မှာ မလုပ်မိအောင်ကြိုးစားပါတဲ....
...........ကျနော်စဉ်းစားတယ် ... အမေ့ရဲ့ စကားတွေကို ... အမေဘာကိုဆိုလိုတာပါလိမ့်.လို့ ...... . အမေဆိုလိုချင်တာက.....

Tuesday, October 13, 2009

မာယာ

မြင်ကွင်းတစ်ဆုံးသူကြည့်တယ်
ဘယ်နေရာဟာ ငါ့သတ်ကွင်းလဲလို့ပေါ့
မာယာကို အပေါ်ယံမျက်နှာဖုံးနဲ့
ပိပိရိရိ ဖုံးထားဖို့ သမာဓိတွေ ခိုင်မြဲ
လက်တစ်ကမ်းယူရသမျှ အကုန်သုံး
မျက်နှာကို ဆယ့်နှစ်ခေါက်လှန်
အပေါစားညှိ့ဓါတ်တွေနဲ့ အသေးစားသားကောင်တွေကို
အယုတ်ညံ့ဆုံး စိတ်ဓါတ်တွေနဲ့ ကြော်စာ.းလို့
ပီပြင်တယ် နောက်ဆုံးသူရလိုက်တာ
ဂုဏ်ဆိုတာ နတ္ထိ
တင်စားမှုက ချဉ်ဖတ်တဲ့
လေးစားမှုတွေက အနုတ်ဘက်ရောက်
ဖျံကျမှုတွေရဲ့ တန်ပြန်သက်ရောက်မှုတွေက
အတုံးအရုံးနဲ့ ကြောက်စရာကောင်းလှပါဘိ
မာယာရှင်ရယ် …တံတွေးခွက်ထဲ
ပက်လက်လှန်မျှောရင်း ရင်ခွင်မှာပိုက်ထားတာက
“နောင်တ” တဲ့
နောက်မှ .. ငါအမှန်တကယ်ကြင်နာခံမယ်ဆိုရင် တဲ့
ကြမ်းတမ်းတဲ့ ကံကြမ္မာနဲ့အတူ
စုန်စုန်မျှောရင်းအဆုံးသတ်သွားလေတဲ့ မာယာ..………………….။။။

မျက်နှာဖုံး

တစ်နေ့ ငါအစာထွက်ရှာတော့
တောင်ကမ်းပါးယံမှာ သူတော်စင်ပုံစံနဲ့
မျက်လွှာလေးကိုချ ပုတီးလေးကို စိတ်သရောင်ရောင်နဲ့
ဆဠအာရုံကို ခံစားနေသရောင် ဟန်ဆောင်နေတာကို
မျက်မှန်မတပ်ပဲ မြင်ခဲ့ရ
သေချာတယ် သူငါ့ကို အယုံသွင်းတော့မယ်ဆိုတာကို
သူ့ရဲ့ ဗျူဟာတွေ အကျအနခင်းလို့
ပိုက်ကွက်ထဲရောက်ရင် ခေါင်းပေါ်ခေါင်းစားမယ်.
အမြီးပေါ် အမြီးစားမယ်..ပေါ်ချင်တာပေါ် အကုန်စားမယ်လို့ သူချောင်းနေတယ်
အဲ့ဒီအချိန် ငါသည်လည်း ဗိုက်အောင့်အောင့်နဲ့ တိုးသွားမိ
ပုန်းမိရာက အသက်တောင်မှန်မှန်မရှူမိ
ဖြစ်ချင်တော့ မညှစ်ပဲ ထွက်သွားသော အီး
သူကောက်စားမိ . .. ဟိဟိ
ကောင်းရောဟ .မျက်နှာဖုံးရှင် မှတ်ကရော…………….။။

ငါမဟုတ်တဲ့ ငါ

တစ်နေ့ပြီး တစ်နေ့
တစ်ခုပြီး တစ်ခု
တစ်ယောက်ပြီးတစ်ယောက်
ငါနဲ့ပတ်သက်တာတွေကို လာမွှေနှောက်ပြီး
ငါ့ကို အချိုအခါးတွေ ရောကျွေးနေတယ်
တစ်ခါတစ်ခါ ငါကိုယ့်ငါတောင်
ငါကောဟုတ်၇ဲ့လားလို့ ထင်နေမိတယ်
ဘာလို့လဲဆိုတော့ သူတို့ရဲ့ စုတ်ချက်တွေအောက်မှာ
ငါဟာ အရောင်အမျိုးမျိုးပြောင်းလဲသွားလို့လေ….။။။