သြော်…ငါတောင်ရူးချင်လာပြီ …ဆိုပြီး ကိုယ့်ကိုယ်ကိုပြောနေကြတာ
ကိုယ်ဖြစ်ချင်တာကိုပဲ ရှေ့တန်းတင်နေသ၍ ဘယ်တော့မှမငြိမ်းချမ်းပါဘူး
အားလုံးမှာ ညီညွှတ်ဖို့လိုလာပါတယ် နော် . နောက်ပိုင်း မှာ အပြုတရားထက် အပျက်တရားကိုပိုလာတယ်နော် . လူတွေလူတွေ .
ခုချိန်ကစပြီး သဒ္ဒါ ၊ပညာ၊သတိ၊၀ီရိယ၊ဒါတွေပြည့်နေဖို့လိုတယ်
ဒီစိတ်ဓါတ်တွေ မိမိတို့ကိုယ်မှာ အဆင်သင့်ဖြစ်နေအောင်စုစီးထားပါ
ဘယ်မှာ ရာဂ ဖြစ်သလဲ
စိတ်နဲ့ပတ်သက်တဲ့ အရာအားလုံးဟာ ရုပ်တရားကိုမှီပြီးဖြစ်တယ်
အတ္တဘောကိုမှီ ပြီးမှရာဂဖြစ်တယ်
တွေးချင်သလောက်တွေး ခန္ဓာပေါ်မှာ မှီတွေးတာပါ
ဘယ်လောက်ပဲ အပြင်ထွက်တွေးတွေး ဒါပဲ နောက်ဆုံးအခြေတည်တွေးကြတာပဲ နော.
ဒွါရခြောက်ပေါက်ကို အာရုံခြောက်ပါးကတိုက်တယ်
ထိတွေ့စိတ် တွေဖြစ်လာပါတယ် .
အခု အလွဲကြီးလွဲနေတာ သိလား အားလုံးဟာ စိတ်နဲ့ ကိုယ်နဲ့မကပ်တာ
စိတ်နဲ့ကိုယ်နဲ့ ကပ်အောင် အသိနဲ့ သတိနဲ့ ကပ်ပြီး နေကြပါ .. ကျင့်ဆောင်ကြပါ
စိတ်တွေ မလွတ်ကြပါစေနဲ့
Thursday, October 29, 2009
Wednesday, October 28, 2009
ဆိုလိုချင်သည်မှာ
အတိတ်ဆိုတာ .....ကျနော့ရဲ့ ပင်မဆောင်
အနာဂတ်ဆိုတာ.... ကျနော့် ရဲ့ လေသာဆောင်
ပစ္စုပ္ပန်ဆိုတာ ......ကျနော့် ရဲ့ ဧည့်ခန်း
ဖြစ်ပျက်နေသမျှအားလုံးဟာ......ကျနော့် ရဲ့ အသုံးအဆောင်လေးတွေ
ကျနော့် အတွေးတွေက ......ကျနော့် အပျော်စီးနေတဲ့ ကား..
အနာဂတ်ဆိုတာ.... ကျနော့် ရဲ့ လေသာဆောင်
ပစ္စုပ္ပန်ဆိုတာ ......ကျနော့် ရဲ့ ဧည့်ခန်း
ဖြစ်ပျက်နေသမျှအားလုံးဟာ......ကျနော့် ရဲ့ အသုံးအဆောင်လေးတွေ
ကျနော့် အတွေးတွေက ......ကျနော့် အပျော်စီးနေတဲ့ ကား..
Tuesday, October 27, 2009
သူနဲ့ တစ်ညတာ စကားပြောခြင်း ...
“““ကောင်းကင်””””: သူတစ်ပါးကို ဘာလို့ ဒုက္ခပေးနေမှာလဲ..မနက်ဖြန်မှာ သင်သေရမယ်ဆိုတာသိရင်..သင်ဘာလုပ်မှာလဲ...
“““ငှက်ကလေး””””: ကောင်းကင်
ထမင်းစားပြီးပြီလား
“““ငှက်ကလေး””””: ကောင်းကင်
ထမင်းစားပြီးပြီလား
Saturday, October 24, 2009
မေမေကပြောတယ်
........... ကျနော့် မေမေကပြောတယ် ..
...........ငါ့သား ... မကောင်းမှုတွေကို ..တွေ့နေတယ်ဆိုရင် .. ပထမဆုံး အကြိမ်မှာ မလုပ်မိအောင်ကြိုးစားပါတဲ....
...........ကျနော်စဉ်းစားတယ် ... အမေ့ရဲ့ စကားတွေကို ... အမေဘာကိုဆိုလိုတာပါလိမ့်.လို့ ...... . အမေဆိုလိုချင်တာက.....

Tuesday, October 13, 2009
မာယာ
မြင်ကွင်းတစ်ဆုံးသူကြည့်တယ်
ဘယ်နေရာဟာ ငါ့သတ်ကွင်းလဲလို့ပေါ့
မာယာကို အပေါ်ယံမျက်နှာဖုံးနဲ့
ပိပိရိရိ ဖုံးထားဖို့ သမာဓိတွေ ခိုင်မြဲ
လက်တစ်ကမ်းယူရသမျှ အကုန်သုံး
မျက်နှာကို ဆယ့်နှစ်ခေါက်လှန်
အပေါစားညှိ့ဓါတ်တွေနဲ့ အသေးစားသားကောင်တွေကို
အယုတ်ညံ့ဆုံး စိတ်ဓါတ်တွေနဲ့ ကြော်စာ.းလို့
ပီပြင်တယ် နောက်ဆုံးသူရလိုက်တာ
ဂုဏ်ဆိုတာ နတ္ထိ
တင်စားမှုက ချဉ်ဖတ်တဲ့
လေးစားမှုတွေက အနုတ်ဘက်ရောက်
ဖျံကျမှုတွေရဲ့ တန်ပြန်သက်ရောက်မှုတွေက
အတုံးအရုံးနဲ့ ကြောက်စရာကောင်းလှပါဘိ
မာယာရှင်ရယ် …တံတွေးခွက်ထဲ
ပက်လက်လှန်မျှောရင်း ရင်ခွင်မှာပိုက်ထားတာက
“နောင်တ” တဲ့
နောက်မှ .. ငါအမှန်တကယ်ကြင်နာခံမယ်ဆိုရင် တဲ့
ကြမ်းတမ်းတဲ့ ကံကြမ္မာနဲ့အတူ
စုန်စုန်မျှောရင်းအဆုံးသတ်သွားလေတဲ့ မာယာ..………………….။။။

Subscribe to:
Posts (Atom)