Saturday, August 15, 2009

ဒူးရင်းသီး ကိုးလုံး

တစ်ခါက သူငယ်ချင်းသုံးယောက် ရှိတယ်.သူတို့ဟာ စူးစမ်းလေ့လာမှုကို အရမ်းစိတ်ဝင်စားကြတယ်
ဒါနဲ့ တစ်နေ့ သူတို့ သုံးယောက် သစ်တောထဲကို လေ့လာဖို့ စတင်ခရီးထွက်ခဲ့တယ် … သူတို့ လည်းလေ့လာရင် နဲ့ မျက်စိလည်လမ်းမှားပြီး အိမ်မပြန်နိုင်ပဲ ဖြစ်နေတယ် နောက်တော့ သူတို့ပျော်သလိုဖြစ်သွားတယ် ဘာလို့လည်းဆိုတော့ သူတို့ လူရိုင်းအုပ်စုတစ်စုနဲ့ တွေ့သွားတယ် အဲ့ဒါနဲ့ လူရိုင်းတွေဟာ သူတို့ကို တွေ့တာနဲ့ ဖမ်းသွားကြတယ် . ဖြစ်ချင်တော့ သူတို့ကပြန်လွှတ်ဖို့ စိတ်ကူးတောင်မရှိကြဖူးတဲ့ .သူတို့ကိုချုပ်ထားလိုက်တယ် တစ်နေ့ လူ၇ိုင်းခေါင်းဆောင်ကြီးနဲ့ သူတို့စကားပြောခွင့်ရလိုက်တယ် အဲ့ဒါ သူတို့ကိုပြန်လွှတ်ပေးဖို့ပေါ့ နောက်တော့ လူရိုင်းခေါင်းဆောင်က ငါခိုင်းတာကို လုပ်ပြီးရင် ပြန်လွှတ်ပေးမယ်တဲ့ ဒါနဲ့ သူတို့သူငယ်ချင်း သုံးယောက်လည်း အရမ်းပျော်သွားတယ် .သူတို့ သဘောတူလိုက်တယ် .ဘာလုပ်ရမယ်ဆိုတာကို သူတို့သုံးရောက်သား လုပ်ပေးချင်စောနဲ့ မေးလိုက်တယ် အဲ့ဒါ လူ၇ိုင်းခေါင်းဆောင်ကြီးက ပြောတယ် ဒီသစ်တောထဲကနေ အရွယ်တူသစ်သီးကိုးလုံးကို ရအောင်ရှာရမယ်လို့ပြောလိုက်ရုံရှိသေး သုံးယောက်သား
စိတ်ထဲမှာ ဒါလောက်ကတော့ အပျော့ပေါ့ဆိုပြီး ဘာမှမပြောတော့.မမေးတော့ဘဲ တောထဲကို သစ်သီးရှာဖို့ ၀င်ပြေးပါလေေ၇ာတဲ့ .ခဏကြာတော့ တစ်ယောက်က စပျစ်သီးကိုးလုံးကိုင်ကာ ပြန်ရောက်လာခဲ့သတဲ့
အဲ့ဒါ သူလည်း အားရပါးရ လူရိုင်းခေါင်းဆောင်ကြီးကို သွားပြတာပေါ့ အဲ့ဒါလူရိုင်းခေါင်းဆောင်ကြီးက ပြုံးပြီး
ပြောသတဲ့ .ငါကမင်းတို့ကိုခိုင်းတာ ဒါတင်မကသေးဘူး မင်းတို့က ခိုင်းတာကိုဆုံးအောင်နားမထောင်ပဲ ပြေးကြတာကိုကွလို့ပြောပြီး .. ငါခိုင်းမှာက အဲ့ဒီအရွယ်တူ သစ်သီးကိုးလုံးကို ရှာပြီး မင်းတို့ စအိုထဲကို ထည့်ရမယ်ကွလို့ ပြောလိုက်တဲ့အခါ ပထမတစ်ယောက်က မျက်လုံးပြူးသွားပြီး ဘာပြောလို့ပြောရမှန်းမသိဖြစ်သွားတယ် .နောက်တစ်ယောက်ရောက်လာတယ် သူ့လက်ထဲမှာ သံပုရာသီးကိုးလုံးကို ပိုက်လျက် ပြုံးပျော်လို့ပေါ့ .သူလည်း ခိုင်းတာကိုလည်းကြားရော တစ်ယောက်ကိုတစ်ယောက် နားမလည်ဟန်နဲ့ကြည့်နေကြတယ် . အဲ့ဒီအချိန်မှာ နောက်ဆုံးတစ်ယောက်က သူ ရှာလာတဲ့ အရာကို ပြချင်လို့ အားရပါးရ ပြေးလာပါလေရော သူထမ်ပြေးလာတာက ဒူးရင်းသီး ကိုးလုံး
အဲ့ဒီအချိန်မှာ ကျန်တဲ့ နှစ်ယောက်က ရီရမလို ငိုရမလိုနဲ့ နောက်ဆုံးတစ်ယောက်ကို ကြည့် ပြီး မှင်သက်မိနေပါလေရော နောက်တစ်ယောက်ကလည်း အိမ်ပြန်ချင်ဇောနဲ့ ထမ်းလာတဲ့ ဒူးရင်းသီးကို ကြည့်လိုက် သူငယ်ချင်းတွေကိုကြည့်လိုက်နဲ့ လုပ်ခိုင်းချက်အရ စအိုထဲကို သွင်းရမှာဆိုတော့ ဟဲ…ဟဲ သူလည်းခေါင်းငိုက်စိုက်ကျလျက် လုပ်ပေး၇မဲ့တာဝန်ကို စိတ်ပျက်သွားတယ် .ဖြစ်စေချင်တာ အခုလက်တွေ့ဘ၀မှာ ကြုံတွေ့နေတာတွေနဲ့ပတ်သက်ပြီး သူငယ်ချင်းတို့ သူတို့လို အလျင်လုပ်ရင်းနဲ့ လိုရင်းကို မရောက်ပဲဖြစ်မှာစိုးလို့ ဒီဘလော့ကနေ ပြောလိုက်ပါရစေ . ဘာပဲလုပ်လုပ် လုပ်ရမှာ ကို သေချာနားလည်အောင် အရင်လုပ်ပါ
ပြီးမှ နားမလည်ပါးမလည်နဲ့ ဒူးရင်းသီးကိုးလုံးစာမိရင်ဖြင့် မတွေးဝင့်စရာနော် . ဟဲ ဟဲ . ဒူးရင်းသီးတဲ့
ငယ်ငယ်ကကြားဖူးတဲ့ ပုံပြင်လေးပါ ………………ဘာနေ….

Saturday, August 8, 2009

“၏………………………

“၏………………………”
အမှောင်တွေကြားမှာ ငါမနေသာချင်ပေမဲ့
ကံကြမ္မာက ငါ့ကိုပညတ်ခဲ့တယ်
မပျော်ရွှင်တဲ့ အချိန်ကို မဖြတ်သန်းချင်ပေမဲ့
ပတ်ဝန်းကျင်ရိုက်ခတ်မှုတွေက ငါ့ကို ၀ါးမျိုခဲ့တယ်
အကောင်းဆုံးကျောင်းကို ငါတက်ချင်ခဲ့ပေမဲ့

အခြေအနေတွေက ငါ့ကို သာမန်နဲ့ပဲ ပြီးစေခဲ့တယ်
အချစ်တွေကို နားမလည်ပေမဲ့လည်း
ချစ်သူက နားလည်လာအောင် ငါ့ကိုလုပ်ပစ်ခဲ့တယ်
အချစ်နဲ့ပတ်သက်ပြီး ငါချစ်ချင်ပေမဲ့
သူ့ရဲ့သဘောတွေက ငါ့ကိုပူလောင်စေခဲ့တယ်
ငါ့အပေါ် သူအရမ်းဆိုးခဲ့ပေမဲ့
ငါဟာ အကြိမ်ကြိမ်နားလည်ပေးခဲ့တယ်
ငါအားလုံးကို နားလည်ခဲ့ပေမဲ့
အားလုံးက ငါ့ကို နားမလည်ခဲ့ဘူး
တစ်ခုလောက်တော့တောင်းဆိုချင်ခဲ့ပေမဲ့
တောင်းဆိုတိုင်း မပေးတာက ကံကြမ္မာလေ
နဂိုက အချစ်တွေနဲ့ ပြည့်နေခဲ့ပေမဲ့
ကျန်ရှိနေခဲ့တာကတော့ အလွမး်တွေပဲလေ
သေချာအောင် ထပ်လုပ်ခဲ့ပေမဲ့
မသေချာမှုက အရာရာကို ဦးစီးနေဆဲပါ
ငါ….လက်တော့ မတွန့်ပါဘူး
ဒါပေမဲ့ လက်တွန့်ချင်စရာတွေနဲ့ ကြုံခဲ့တယ်လေ
အချိန်နဲ့ အရာအားလုံးဟာ ရှေ့ကို ဆက်လျောက်နေပေမဲ့
ပြန်လှည့်လာတာ တစ်ခုမှ မရှိခဲ့ပါဘူး
ငါပြောချင်ပါရဲ့ သေချာတာတစ်ခုတော့ ရှိပါတယ်
ဒါပေမဲ့ လူတိုင်းက မသေချာဘူးလို့ ထင်မြင်နေဆဲပါ
ငါလာတုန်းက တစ်ယောက်တည်းပါ
ငါပြန်တော့မယ်ဆိုရင်လည်း တစ်ယောက်ထဲဖြစ်ပါလိမ့်မယ်
ဒါ“ဟာ အမှန်တကယ် တူညီချင်းတော့ ဖြစ်လိမ့်မယ်

Sunday, July 26, 2009

ညီမလေး......

တစ်နေ့ ညဘက် အိမ်ကို လွမး်ရင် နဲ့ အိပ်ပျော်သွားလိုက်တာ . ညမှ မနက်စောစော လေးနာရီ လောက် မှာ လန့်နိုးပါလေရော အကြောင်းက အိမ်မက်ထဲမှာ တကယ်ထင်မှတ်ခဲ့တဲ့ ကျွန်တော့ ရဲ့ ချစ်ညီမလေ ပေါ့ သူနဲ့ ပတ်သက်ပြီး အိမ်မက်မက်ရင်းလန်းနိုးခဲ့တယ်လေ . အဲ့ဒါ နဲ့ အတွေးက ဒါတွေကို မနက် အိပ်ရာထတဲ့ အချိန်ထိ မှတ်မိချင်နေမိတယ် ဒါကြောင့် ဆက်မအိပ်ဖြစ်တော့ ဘဲ . အလွယ် ရှိတဲ့ ဘောပင်နဲ့ စာရွက် ကို ယူရင် း စိတ်ထဲရှိတာလေးတွေကို ကောင်ရေးမိလိုက်တယ်လေ . ဒါတွေက သူ့တိုကို အမှတ်ရလို့ အိမ်မက်မက်တဲ့ အကြောင်းပေါ့ .... အိမ်မက်တွေနဲ့ ပြောင်းပြန်ဖြစ်ပါစေလို့ တရေးနိုးမှာ
ဆုတောင်းနေမိတာကတော့ ကျွန်တော်ပါ .. .............................အိမ်မက်ထဲမှာ နုနယ်ငယ်ရွယ်သေးတဲ့ လူတစ်ယောက် အတွေ့အကြုံလည်းနည်းတယ် . အသက်ကလည်း .ဆယ်ကျော်သက်..လူ့ဘဝကြီးမှာ ပျော်နေတုံး . သေရမှာကိုလည်းကြောက်တယ် .. မိသားစူကိုလည်းခင်မင်တယ် ... မိသားစုကလည်းချစ်တယ် .. ပတ်ဝန်းကျင်ကလည်းချစ်တယ် ..မွေးချင်းချင်းတွေကလည်း ချစ်တယ် ရောဂါလည်း ဆိုးဆိုးဝါးဝါးမရှိ ဒါအိမ်မက်ထဲမှာပါနော် (ဒီပို့ရေးနေတုန်း. ရင်ထဲမှာ ဆုတောင်းနေတာကတော့ .. ညီမလေး နေးကောင်းပါစေလို့ပေါ့ .အိမ်မက်ထဲကဟာတွေ တကယ်မဖြစ်ပါစေနဲ့လို့ ဆုတောင်းရင် . နဲ့လေ .). သူ့ကို ပြဌာန်းထားတာက ..လောကကြီးက သေခြင်းတရားနဲ့ သူ့ကိုရင်ဆိုင်ဖို့ပါ .. သူက .ငယ်ရွယ်သူပီပီ သေရမှာအရမ်းကြောက်တယ် . ကျွန်တော်က သေခြင်းတရားကို သူ့ထက်စာရင် အနည်းငယ်သိတယ် .သူကငယ်သေးတော့ သိမှာမဟုတ်ဘူး... သူ့ကို ကျွန်တော်အရမး်ချစ်တယ် ... အဲ့ဒါကံကြမ္မာက သူ့ကို သေမိန့်ပေးထားတယ်လေ ....အဲ့ဒါကို သူငယ်ချင်းအပေါင်းအသင်းတွေကလည်း သိတယ် .. ဝမ်းနည်းနေတယ် .နှမျှောတယ်. . သူမသွားခင်.. ချစ်ကြင်နာပုံတွေ... လွမ်းဆွေးမှုလေးတွေနဲ့ .. သူ့ကို မခွဲချင်ကြဘူး ဒါပေမဲ့ ကံကြမ္မာကို လွန်ဆန်လို့မရဘူး.ဆိုတာကိုလည်း သိကြတယ် .. .......ကျွန်တော်လည်းအပါအဝင်ပေါ့... ကျွန်တော်ညီမလေးကိုချစ်တယ် ... သူကလည်းကျွန်တော့်ကိုချစ်တယ် .. သူသိနေတယ် .. သူသေခြင်းတရားနဲ့ရင်ဆိုင်ရတော့မယ်တဲ့ .. ကျွန်တော်က သူ့ကို ... အားပေးနေတယ်...
သေခါနီးအချိန်မှာ ... သူ့စိတ်တွေလွဲမသွားအောင်ပေါ့ .... သူအရမ်းငိုနေတယ် လေ... ခေါင်းကိုု မော့လိုက်. ခေါင်းကို ငုံ့လိုက်နဲ့.. သူ့မှာက တရားသဘောနဲ့ ပတ်သက်ပြီး .. အရာအားလုံးကိုရင်ဆိုင်ဖို့ အတွေ့အကြုံ နည်းတယ်လေ . ဆယ်ကျော်သက်လည်းဖြစ်တယ်ဆိုတော့ ... သူ့မှာ. လောကကြီးကို ခင်မင်နေတုန်း... ပျော်ရွှင်နေတုန်း... ကျောင်းစာတွေ သင်ယူနေတုန်း... ..အကိုအမတွေကို ချစ်ခင်နေတုန်း..... ပေါ့ .
အကုန်လုံးကလဲ . သူ့ကို ချစ်တယ် .. အဲ့ဒါကို တွေးရင်း ... အခု ကျွန်တော် .. သူ့အတွက် ဝမး်နည်းနေတယ် ...စိုးရိမ်နေတယ် .. သူမသွားခင်..... အမြင်မှန်လေးနဲ့ .. နေသွားစေချင်တယ် .. ဒါပေမဲ့ . သူက.လူငယ်ဆိုတော့ ပျော်ရွှင်နေတဲ့ အရွယ်လေ . သေခြင်းတရားနဲ့ ပတ်သက်ပြီး.... သံဝေဂဆိုတာ သူ့မှာ မရှိနိုင်သေးဘူး... ကျွန်တော် က အနည်းငယ်သိတယ်လေ . မသေခင်မှာ ဘာလေးတွေလုပ်သွားသင့်တယ်ဆိုတာကို . သူမသွားခင် သူ့ကို အနည်းငယ်သင်ပြချင်သေးတယ်.... သူ့ကို အရမး်ချစ်တယ် .. သူငယ်ချင်း... မိသားစုတွေကြားမှာ .. သွားရမဲ့လမ်းကို သိသိကြီးနဲ့ ငိုနေတယ် ..ကျွန်တော် .. သူ့ကိုပြောပါပြီ.. ညီမလေး.... ဘာမှ မစိုးရိမ်နဲ့ .. ဒီလမ်းက မလွဲမသွေလျှောက်ရမဲ့ လမ်းပါ... အကိုတို့ရော သူငယ်ချင်းတွေရော ဒီလမ်းကို သွားရမှာပါ .. သူတို့ တစ်နေ့လာကြလိမ့်မယ် .. သွားကြလိမ့်မယ် .. .သူ့ရဲ့ ကံကြမ္မာက စီရင်ချက်ပြည့်တဲ့နေ့မှာ သူ့ကို အားလုံးလိုက်ပို့ကြတယ် အဲ့ဒီအချိန်မှာ... ကျွန်တော် ငိုချင်နေတယ် .သူ့ကို ချစ်တယ် ..သူ့ကို ဒီကမ္ဘာပေါ့မှ ထွက်မသွားစေချင်ဘူး.. သူ့ကို ဆက်လက်နေသွားစေချင်တယ် ... သူ့ကို ပျော်ရွှင်မှုတွေနဲ့ တွေ့သွားစေချင်သေးတယ် . .. သူ့ကို လောက အကြောင်း လဲသိစေချင်တယ် ... သူ့ကို ..... အခုလိုထွက်သွားရမယ်ဆိုတော့ ... အမှန်တကယ်.. နှမျှောတယ် .. သူ့ရှေ့မှာလေ .. ညီမလေးကို အချစ်တာတွေ ဝမ်းနည်းတာတွေ .. သွန်ချပြလိုက်ချင်တယ် .. ဒါပေမဲ့ .. သူက စွန့်ခွာရတော့ မယ် ့ သံသရာရဲ့... သတ်မှန်ခံ.. ခရီးသည်လေ ... သူ့မှာ ဒီသေခြင်းတရားနဲ့ ပတ်သက်ပြီးတော့ အတွေ့အကြုံ နဲ့ မှန်ကန်စွာ ရင် ဆိုင် ိနိုင်ဖို့ လိုအပ်တယ် ... ဒါပေမဲ့ . ထွက် ခွါရက်မှာ .. သူငိုမြဲ.. ငိုဆဲပါ ... လွမ်းဆွေးမြဲ.. လွမ်းဆွေးမြဲပါ .... ကျွန်တော်သူ့ကို ကြည့်ပြီး.... ရင်ထဲမှာကြိတ်ငိုနေမိတယ် .. အသံတော့ မထွက် .. .. ငိုခြင်းအမူအရာလည်းမပြ.. . ဝမ်းနည်းတဲ့ မျက်နှာနဲ့ .. မျက်လုံးအိမ်မှ...မျက်ရည် .. အပြည့်နဲ့ တဖြည်းဖြည်း. လိမ့်ဆင်းကျလာတဲ့ .. မျက်ရည်တွေကို သုတ်ရင်း .. ကျွန်တော့ရဲ့ ..ဝမ်းနည်းမှုတွေသည် .. မျက်ရည် ကို အားပြုပြီး .. အပြင်ကိုလိမ့်ဆင်းကျလာပါတော့တယ် ... ကျျွန်တော် .. ဒီလောကကြီးနဲ့ပတ်သက်ပြီး ကျွန်တော်သိသလောက် . သူ့ကို အများကြီး ပြောချင်ပါသေးတယ် . ဒါပေမဲ့ . . ဒီအချိန်တို အတွင်းမှာ .. သင်ပြနေလို့မရတော့ ဘူး ...ဆိုတာသိနေတယ်... သူထွက်မသွားခင်မှာ .. စကားနည်းနည်း သာ .. ပြောခွင့် ကျန်တော့ တယ် ... ကျွန်တော် .. သူ့ကို ဘာပြောရမလဲ . အချိန်... မရှိတော့ တဲ့ အချိန်မှာ .. စကားလုံးတွေ.... သူ့ကို အဖော်ပြုမဲ့ .. စကားလုံးတွေ ... တစ်ယောက်ထဲ..စိတ်ထဲမှာ... ဒလမန်းကြမ်း.. ရှာဖွေနေမိတော့တယ် .. .. သူ့ကို .. စကားလက်ဆောင်လေး ပေးချင်ပါတယ် ...
....သူမသွားခင်.. လူ့ဘဝရဲ့ အဓိပ္ပါယ်ရှိမှု . ကို ဖော်ပြချင်ပါသေးတယ် ... ဒါပေမဲ့ . သူက ငယ်သေးတယ်လေ .. ဒီလိုအတွေးတွေကို သူလက်ခံနိုင်ပါ့မလားလို့ . တွေးရင်းအရမ်းဝမ်းနည်းတယ် .. . သူ့ကို ဒါတွေကို သိဖို့ တွန်းအားပေးချင်တယ် . ဒါတွေကို သင်ပြပေးဖို့ အချိန်ကလဲတိုတောင်းနေတယ်လေ . . ဒါတွေဟာလည်း ကံကြမ္မာရဲ့ သတ်မှတ်ချက်ပါပဲလို့ ခံယူမိတယ်.. .. လူသားတွေဟာ ကံစီမံရာကို လျှောက်လှမ်းနေကြတဲ့ ကံကြမ္မာရဲ့ ရှေ့ပြေးသားကောင်တွေပါ .... ဘဝမှာ အထိနာမယ် ... မနာမယ်ဆိုတာ ကို သေချာမသိရပါဘူး . သေချာတာကတော့ အရာရာတိုင်းမှာ တည်မြဲခြင်းမရှိ..ကုန်ဆုံးမဲ့ အချိန်တွေကို .. စောင့်ရင်း ကုန်ဆုံးသွားကြတာပါ ... ဒါတွေကိုလည်းညီမလေးကို သိစေချင်တယ်လေ ... သူထွက်မသွားခင် .. သူ့ကို ရင့်ကျက်မှုတွေ နဲ့ ဖုံးအုပ်ထားချင်တယ် ... ဘာပြောရမယ်မှန်းမသိတဲ့ အချိန်မှာ ရင်ထဲမှ ညီမလေးရေ.... .."မင်း....ငြိမ်း....ချမ်း....စွာ သွားပါ .ညီမလေးရေ..."....