Wednesday, December 9, 2015

Be By Gone



The way
The rule
The things to do
The things to give
To be powerful staff for my company.
Everybody need that and be that on the way of this company. Take meetings and discuss each other. Support each other and built more strong and more healthy and patience for every difficult. Solve and seek solutions with willing. Understand Marketing inside customers. Be leader and be follower. Share your values and accept good things from others.
All is well after you accept to pass.
Fish isn't fly in air.
Butterfly isn't go under water without ending.
There is the way to go where is specific for them enough.
Don't bring heavy and dirty things in your hand.
You are nothing after you ending.
Special is special till stable.
Catch the little things that are not too much.
Patience is enough to get more high.
Open your mind and accept things except dark.
Easy going . 
Be by Gone..........

Thanks a lot.
Barnay

Monday, August 17, 2015

နေ့ဓတူဝ တန်ဖိုး

ကျနော် အမြဲလိုလို ဘဝနဲ့ ပတ်သက်ပြီး တွေးဖြစ်သည် ။
အတွေးတိုင်းမှာလည်း ဘဝကို ဘယ်လိုနေရင် အကောင်းဆုံးဖြစ်မလဲဆိုတဲ့ အတွးက အမြဲအခြေခံဖြစ်သည် ။ အဲ့ဒါက တပိုင်းဖြစ်သည် ။
တနေ့က ဘေးအိမ်က ဖွင့်တဲ့ တရားတစ်ပုဒ်နာဖြစ်သည် .။.အဲ့ဒီတရားကြောင့် ကိုယ့်ကိုယ်ကို ပြန်တွေးမိပြီး ဆုံးဖြတ်ချက် တစ်ခု ချမိသည်။
ဆုံးဖြတ်ချက်သည် နေ့စဉ် .............
ကိုယ့်ကိုယ်ကို အကြိမ်ကြိမ် ပြန်ပြောဖြစ်ဖို့ အလေ့အကျင့်တစ်ခု ချမှတ်ရန်.ဖြစ်သည်။
အဲ့ဒီအကျင့်ကို  နေ့ဓတူဝ အလုပ်တွေကြားမှာ စိတ်နဲ့ ကိုယ်နဲ့ ကပ်နေတဲ့ အချိန်တိုင်း .. ပြန်ပြီး အမိန့်ပေးနိုင်ဖို့  ဖြစ်သည်...။
အဲ့ဒီအကျင့်က စကား တစ်ခွန်းသာ ဖြစ်သည် ။ ဘုရားဟောတဲ့ တရားလည်း ဖြစ် .. အကျိုးများတဲ့ အရာလည်း ဖြစ်သည်မို့ ... ကိုယ့်ကိုယ်ကို
(မင်း ဒီတရားနဲ့ ပြည့်အောင်နေဟဲ့ )ဆိုပြီး အာဏာသံ ပါ ပါ အမိန့်ပေးနိုင်ဖို့ဖြစ်ပေသည် ။

အဲ့ဒီစကား တစ်ခွန်းက .. မြတ်စွာဘုရား နောက်ဆုံးမှာခဲ့တဲ့

အပ္ပမာဒေန သမ္ပါဒေဌ ....

(မမေ့မလျော့သော သတိဖြင့် နေပါ. ) ဟုဆိုသော စကားပင်ဖြစ်သည်။

သတိရဲ့ အကျိုးကျေးဇူးကို သိချင်ရင်ဖြင့် ကိုယ်ကိုယ်တိုင် လိုက်နာနိုင်ပါသည် ။


အချိန်အခါ အားလျှော်စွာ မြတ်စွာဘုရားရဲ့ကောင်းမြတ်သော တရားတွေကို ဆရာတော် သံဃာတော်တွေကတဆင့် နာကြားရတိုင်း သာဓု အကြိမ်ကြိမ်ခေါ်ဖြစ်သည် ။ အမြဲတစေလည်း ရိုသေစွာဖြင့် ရတနာသုံးပါးအား ရှိခိုးမိပါသည်။  မြတ်စွားဘုရားရဲ့ ကျေးဇူးဂုဏ်တော်တွေကို  ကြည်ညို မိပါသည် ။ မိမိကိုယ်တိုင်လည်း အဲ့ဒါတွေသည်ပင် ဘဝရဲ့ အနှစ်ဟု တွေးရင်း ကြည်နူးမိပါသည် ။


ဘာနေ .....



Tuesday, February 28, 2012

နှိုင်းယှဉ်ခြင်း

အဖွဲ့တစ်ခုအတွက် ဦးစီးဦးမှုး ပြုသူကို ခေါင်းဆောင်ဟု ခေါ်သည် ။ ခေါင်းဆောင်သည် အရေးအပါဆုံးသော နေရာတွေ ရှိနေပါသည် ။ ခေါင်းဆောင်မကောင်းလျှင် ထိုအဖွဲ့ ဘယ်လောက်ပဲ အလုပ်လုပ်ပါစေ လမ်းမှားများဖြင့် အကျိုးများလိမ့်မည်မဟုတ် ။
ဒါဟာ သဘောတရား တစ်ခု …

စာဖတ်တတ်ပါစေ


ကျနော်တို့တတွေဟာ ခုလို အင်တာနက်မှာ စာတွေလိုက်ဖတ်ဖြစ်ကြပါတယ် ။  အားလုံးအနေနဲ့ စာတွေဖတ်တဲ့အခါမှာ ဘာတွေကို လိုချင်လို့ လိုက်ဖတ်တာလဲ ဆိုပြီး အတွေးခေါင်မိပါတယ် .။ ဥပမာ စာဖတ်သူတစ်ယောက်ဟာ သူ့အနေနဲ့  အတွေးအမြင်သစ်ကို လိုချင်လို့လား ဒါမှမဟုတ် စိတ်ကျေနပ်မှု တစ်ခုခု ရချင်လို့လား ဆိုတဲ့ အတွေးများနဲ့ ဖတ်ဖြစ်ကြပါတယ် ။ အများအားဖြင့် အင်တာနက်ပေါ်က စာတွေမှာ ကိုယ့်စိတ်နဲ့ လက်ခံလို့ရတဲ့ အတွေးအမြင် ရှိသလို လက်ခံလို့မရတဲ့ အတွေးအမြင်လည်း ရှိတတ်ပါတယ် ။ အဲ့ဒီလို

Monday, February 27, 2012

သင်ရော ဘယ်လိုထင်မြင်သလဲ

သင်ရော ဘယ်လိုထင်မြင်သလဲ
လူတစ်ယောက်အတွက် သူ့ရဲ့ နေ့စဉ် ဖြတ်သန်းနေစဉ်အတွင်းမှာ .. ကျေနပ်စိတ်ဖြစ်ခြင်း မဖြစ်ခြင်း ဆိုတာတွေ ဖြစ်လေ့ရှိတယ် ။
လူဟာ …………..
တစ်ယောက်ထဲ ရှိနေစဉ် သို့မဟုတ် အများနဲ့ ရှိနေစဉ်တွေမှာကိုယ်ပဲ မိမိလုပ်ရပ်တိုင်းအတွက် အများလက်ခံရင် ကျေနပ်စိတ် ဖြစ်မိတယ် ။

နားလည်ပြီလား

မမှတ်ရင်လည်း မသိဘူး
မှတ်ရင်လည်း မမိဘူး
ဒါဆို သင် ဒူသွားတာဖြစ်လိမ့်မည် ။

စာပေ၊ လူငယ်နှင့် ရိုးသားမှု

စာပေဆိုတာဟာ လူတွေရဲ့ စရိုက်တွေကို မကောင်းတဲ့ စရိုက်ကနေ ကောင်းတဲ့စရိုက်အဖြစ် တဖြေးဖြေးနဲ့  အသိဥာဏ်ကနေတဆင့် ကုစားပေးခြင်းလို့ ယူဆမိပါတယ် ။
ပုံစံအမျိုးမျိုး ရေးသားတင်ပြထားတဲ့ စကားလုံးတွေကို မျက်စိဖြင့်မြင်ပြီး စိတ်အသိဖြင့်နားလည်ခြင်းဟာ စာဖတ်ခြင်းပါလို့ လွယ်လွယ်ပြောချင်မိပါတယ် ။
စာပေဖတ်ရှုရာမှာ ကောင်းကျိုးအတွက် ရေးသားတဲ့ စာဟာ ကောင်းကျိုးအတွက်ပဲ ဖြစ်စေပြီး မကောင်းတဲ့ဘက်ကို ဦးတည်ရေးတဲ့စာပေဟာလည်း မကောင်းကျိုးကိုပေးမှာ သေချာပါပဲ ။ သို့သော် ကောင်းကျိုးဖြစ်ခြင်း မဖြစ်ခြင်းဟာ ရွေးချယ်သူ ပေါ်မှာပဲ မူတည်ပါတယ် ။

Saturday, September 17, 2011

လက်ဦးမှု ရှိပြီးသား



ကျနော်တို့တတွေ ယခု ကျနော်တို့ ရနေတဲ့ ဘဝအတွက် ကျေနပ်ပါပြီလို့ ဆိုတဲ့သူ ခပ်ရှားရှားပါ ။ မလိုချင် ဖြစ်နေတဲ့သူ နဲ့ ရနေတဲ့ အခြေအနေကနေ ဒီ့ထက်ကောင်းတာကို ရလို့ရငြား ဆက်လှမ်းနေတဲ့သူတွေဆိုပြီး အများအားဖြင့်ရှိကြပါတယ် ။ တချို့ကလည်း ဘဝအတွက် ကောင်းမွန်တဲ့ အားထုတ်မှုတွေကို လုပ်ဖို့ အချိန်မရဘူးဆိုပြီး ပြောတတ်ကြသေး ။ ဟုတ်တော့လည်း ဟုတ်ပါတယ် အလုပ်ဝင်နေတဲ့သူတွေမှာ သာမန်အမြင်အားဖြင့် ကြည့်မယ်ဆိုရင် အားဖို့နေနေသာသာ နိစ္စဒူဝအလုပ်တွေနဲ့ မအားလပ်ကြပါဘူး ။ လက်ရှိ ဖြစ်ပျက်နေတဲ့ ဘဝအကြောင်း တွေးဖို့နေနေသာသာ ယားလို့တောင် ကုပ်နိုင်တာ မဟုတ်ဘူးဟု တချို့က ဆိုကြပြန်လေတော့ … မိမိအမြင်မှာဖြင့် ..ခက်သည်ထက် ခက်သည်ပဲ ပြောချင်ပါတော့တယ် ။ အဲ့ဒီလို သေသည်အထိ မအားဘူး၊ အချိန်မရှိဘူး ဟုငြင်းဆိုနေမည်ဆိုလျှင်တော့ လူဖြစ်ကျိုး နပ်သည်ဟု အသိဥာဏ်ရှိသောသူ မည်သူမဆို ယူဆကြမည်မဟုတ်ပါ လို့ ပြောချင်ပါတယ် ။

Thursday, September 15, 2011

ချစ်ခြင်းမည်သည်

ချစ်သည် မချစ်သည်
ချစ်သည်လည်းရှိသည် မချစ်သည်လည်းရှိသည်
ထိုအထဲ တဖက်စွန်းကျလာရင်တော့
မုန်းသည်လည်း မည်လိမ့် မည် ။

အချစ်သည် အချစ်မမည်လေသောအခါ
စိတ်ပျက် ငြီးငွေ့ခြင်းတွေ ရှင်သန်လာမည်
သူ့ရင်မှာတစ်ခု ကိုယ့်ရင်မှာတစ်ခု
ချစ်သစ်ပင်တွေ စိုက်ပျိုးထားလေတော့
မြေတောင်မြှောက် ရေလောင်းပေးမှ
လန်းဆန်းတက်ကြွ ရှင်သန်လေမည် ။

တစ်စုံတစ်ခု ပယောဂကြောင့်
ရေသောက်မြစ် ပိန်လှီးနေခဲ့ရင်လည်း
သင်ကိုယ်တိုင် ကိုယ့်တာဝန်အဖြစ်
ရေလောင်းဖို့ မမေ့လေနှင့်
မြေဆီကြွေးဖို့မမေ့လေနှင့်
နေရောင်ချည်းလည်း ရပါစေ
လောင်းရိပ်လည်း ကင်းပါစေ
ဒါမှ ရင်ခွင်တည်ရှိ ချစ်သစ်ပင်လည်း
ရှင်သန်ဖြိုးမောက် အချစ်မည်လာမည်။

သူ့အတွက် ကိုယ်ကြည့်လေတော့
ကိုယ့်အတွက် သူမကြည့်လေသလား
အတွေးမမှားစေနှင့်
သူသည် ခံစားမှုကင်း စက်ရုပ်မဟုတ်လေတော့
သင်သို့နှယ် သူသည်လည်း အသက်ရှူလိမ့်မည် ။

အချစ်သည် လုပ်ယူ၍မရပါဟုဆိုသော်လည်း
အချစ်ဖြစ်လာရင်တော့ လုပ်ယူမှ ရှင်သန်ပါလိမ့်မည် ။
အချစ်ကို အချစ်အဖြစ်တည်ရှိလာဖို့
ချစ်တာတွေထပ်လောင်းမှ ချစ်သက်ရှည်လိမ့်မည်။

ဘာနေ
15-9-2011

Monday, January 24, 2011

Internet

Internet


အင်တာနက်နဲ့ ပတ်သက်လို့ ကျနော့် ဖြတ်သန်းလာတဲ့ အတွေ့အကြုံကို ခုမှစသုံးမဲ့ လူငယ်တွေအတွက် ပြောပြချင်ပါတယ် ..ဒါကြောင့် Internet ဆိုပြီး ခေါင်းစဉ်တစ်ခုတပ်လိုက်တာပါ. သူ့ရဲ့ အဓိပ္ပါယ်ကတော့ International နဲ့ net ပေါင်းစပ်ပြီး ဖြစ်ပေါ်လာတာပါ .. international ဆိုတာက နိုင်ငံတကာနှင့်သက်ဆိုင်သော ဟု အဓိပ္ပါယ်ရပြီး net ဆိုတာက ကွန်ရက် ဆိုပြီး အဓိပ္ပါယ်ဆောင်ပါတယ် .. ဒီနှစ်ခု ပေါင်းစပ်ပြီး နိုင်ငံတကာကွန်ရက် ဆိုပြီး သတ်မှတ်ချက်ပါ… အစကတော့ ကျနော်လည်း သိပ်မသိဘူးဗျ ဒီအဓိပ္ပါယ်ကို နောက်မှ ပြန်တွေးကြည့်မှ ဒါကိုပြောတာကိုး ဆိုပြီး သိလိုက်တာ … .. ဟုတ်ပြီ အင်တာနက်ကိုနားလည်ပြီဆိုရင် ပြီးပြီပေါ့ ခေါင်းစဉ်က ကိုက Internet အတွက်ပဲလေ … ။ :P

Thursday, January 20, 2011

ဒို့ခေတ်လူငယ်

လူငယ်တစ်ယောက်ကို ပြောချင်သော စကားလေးများ


ကျနော်ဒီခေါင်းစဉ်ကိုတပ်လိုက်လို့ ကျနော်လူကြီးဖြစ်နေသလားလို့ စဉ်းစားစရာပါ ဟုတ်ကဲ့ လူငယ်လေးတွေထက်စာရင် လူကြီးပါ.. ခုခေတ်ဆယ်ကျော်သက်တွေထက်စာရင် လူကြီးတစ်ယောက်လို ကျနော် နေနေရလို့ပါပဲ .. ဘာလို့ ဒီအကြောင်းရေးချင်တာလဲဆိုရင် တခါတခါ ညီငယ် ညီမငယ်တွေကို ဒါတွေ သိစေချင်တယ် လုပ်စေချင်တယ် ဘယ်အရာက မှားတယ် ဘယ်အရာက မှန်တယ်ပေါ့ ကိုယ့် ဦးနှောက်နဲ့ နိုင်သလောက် တွေးတောပေးတဲ့သဘောပါ … လူငယ်အများစုက သူတို့လုပ်နေတဲ့ အကြောင်းအရာတစ်ခုခုကို မှားသလား မှန်သလား မစဉ်းစားဘူး လုပ်ချင်စိတ်ကို ဦးတည်နေကြတာများတယ် အဲ့ဒီမှာ မမှားသင့်တဲ့ အမှားတွေ မှားကုန်ရော .အချိန်မလင့်သင့်ပဲ လင့်ကုန်ရော .. ဒီတော့ ရသင့်တဲ့ အကျိုးတွေ နည်းကုန်တာပေါ့ဗျာ…. တန်ဖိုးတွေလည်း လျော့ကုန်ရော ……… အဲ့ဒီမှာ

Wednesday, January 19, 2011

“အမေ”

“အမေ”


အမေဆိုတဲ့ စကားလုံးတစ်လုံးကို ကျနော်တို့ စိတ်မှာပဲ. ထင်ထင်.. နှုတ်ကပဲ …ရွတ်ရွတ် အမေ့မျက်နှာက စိတ်မျက်နှာပြင်မှာ ပီပြင်တဲ့ အပြုံးနဲ့ ပေါ်လာစမြဲပါပဲ . ကျနော်တို့ ဘယ်အချိန် ဘယ်ကာလ ဘယ်အသက်အရွယ်ပဲ ရောက်ရောက် အမေဆိုတာ ကျနော်တို့ရင်ခွင်မှာ ပြောင်းလဲခြင်းမရှိခဲ့ဘူး ဘာလို့လဲဆို ဘာပဲဖြစ်ဖြစ် နောက်ဆုံး အမေ့ကိုပဲ တမ်းတမိတဲ့ လူသားတွေလေ . ကျနော်တို့ အခက်အခဲကြုံတိုင်း တမ်းတမိတာ အမေပဲ ဘာလို့လဲဆိုရင် မဖြစ်နိုင်လွန်းလို့နောက်ဆုံး ရင်ထဲမှာ မှီခိုရာကတော့ အမေ့အရိပ်ဆိုတဲ့ မှီခိုခြင်း ကျောက်တိုင်ဆီကိုပဲ ကျနော်တို့ ချဉ်းကပ်သွားကြစမြဲ ဦးခိုက်စမြဲပါ တစ်ခုခု အမှား လုပ်မိချိန် သို့မဟုတ် ပျက်စီးချိန် သို့မဟုတ် စိတ်ခံစားချက် များ ဖိစီးချိန်မျိုးမှာ ကျနော်တို့ တမ်းတမိတယ် အမေ့ကိုလေ…………. “အမေရယ် သားအဖြစ် /သမီး အဖြစ်ကို လာကြည့်ပါအုံး”လို့ ဆိုပြီး ကြေကွဲရင်းတမ်းတမိတတ်ကြပါတယ် .. ဒါဟာလည်း ကျနော်တို့နှလုံးသားမှာ အမေဆိုတာ အသက်ရှင်လို့ပါ…. အမေနဲ့ ဝေးကွာနေပေမဲ့ အမေဟာ နှလုံးသားထဲမှာ အသက်ဝိဥာဉ်တစ်ခုအနေနဲ့ ရှိနေတယ်လို့ သိနေရတယ် …….ဒါပေမဲ့ အများစုက သာယာမှုတွေကြားမှာ အမေ့ကို အဖက်မလုပ်ချင်ကြဘူး ……..ဒုက္ခရောက်ချိန်မှ အမေ့ကို တမ်းတကြတယ် .. တရားသလား မတရားဘူးလား ဆိုတာကိုတော့ ကျနော် မပြောတတ်ပါ ……… တရားခြင်း မတရားခြင်းဆိုတာကတော့ ကိုယ့်စိတ်က သတ်မှတ်ချက်ပါ ……..ကျနော်တို့ အမေ့ကျေးဇူး ရှိတာကို လက်ခံကြတယ်

Saturday, May 29, 2010

ကျနော် ငယ်ငယ်

      ကျနော် အကြောင်းကိုကျနော် ပြန်အမှတ်ရစေဖို့ ဒိုင်ယာယီသဖွယ် ပြုစုမယ်လို့ ရည်ရွယ်ခဲ့တာ
ခုထိပဲဆိုပါတော့ မရေးဖြစ်သေးဘူး ဒီနေ့ ဘလော့ဂါတစ်ယောက်ရဲ့ ဆိုဒ်မှာ သူ့အကြောင်းဖော်ပြထားတာတွေ့တော့ ကျနော်လည်းကိုယ့်အကြောင်းကိုယ်ရေးဖို့ စတင်တော့တာပဲ . ဒါက အစပဲ.
         ကျနော်က ခုမှသာ ကွန်ပြူတာကို လက်နဲ့ ရင်းနှီးနေတာ ငယ်ငယ်ကနေ ဘွဲ့ရတဲ့အထိ ကွန်ပြူတာကို မကိုင်ဖူးဘူး သေချာ လည်း မမြင်ဖူးဘူး .

Thursday, May 27, 2010

မှန်တစ်ချပ်လိုတယ် ...


       ငယ်ကလဲငယ်၊ အနှောင်အတွယ်ကလဲကင်း၊
ငါ့ စိတ်ကူးတွေဆိုတာ တားဆီးမဲ့ ဟင်းလင်း၊
ကမ္ဘာလောကကြီးကိုပြောင်းပစ်မကွဲ့ -
ငါအိပ်မက်မက်ခဲ့တယ်...၊

ကြီးလဲကြီးလာ၊ ပိုလဲသိလာ၊
လောကဆိုသဟာ မပြောင်းပါ၊
ငါ့ မှာသာအမြင်တွေ လျှော့ပစ်ရ၊
လောကကြီးကိုထား၊
ငါ့ရွှေပြည်အား တစ်ခုခုပြောင်းပေးမယ်နော်
ငါကြွေးကြော်၊

သို့သော်....သင်းကနည်းနည်းမှ ..ရွေ့မယ့်ပုံမပေါ်
ဘ၀ဆည်းဆာနေ၀င်မဲ့ အချိန် ငါရောက်လို့လာ
သည်တစ်ချိန်နောက်ဆုံးကြိုးပန်မှု
အနီးဆုံး ငါ့မိသားစုမှာသာ
ပြောင်းလဲစရာ - ငါရှာ  ရှာသာရှာ ဘယ်မှာမှ ငါမတွေ့ ။

ခုဖြင့်သည်မှာ .....မရဏ စက်ပေါ်
သေမင်းကခေါ်ဖို့ ........ ချောင်း
လျောင်းနေ၇ပြီ။

သိပြီကွာ (ဒါ .ပထမဆုံးအကြိမ်ဖြစ်နိုင်ရဲ့)
ငါ့ကိုယ်ငါသာ  ဦးဆုံးပြောင်းလဲခဲ့ရင်
မိသားစုပါ ပြောင်းနိုင်မှာပင်
သူတို့ကူညီ ပံ့ပိုးမှုနဲ့
ရွှေပြည်သားတို့အတွက်ကောင်းမှု
ငါပြုနိုင်ကောင်းရဲ့   အဲသည်အခါ --
လောကကိုပါငါပြောင်းနိုင်ကောင်းမှာပါ
ဒါကို ဘယ်သူသိနိုင်မှာလဲ။

when i was young and free my imagination had no limit
i dreamed of changing the world.

as i grew older and wiser , i discovered the world would not change
so i shortened my sights somewhat
and decided to change only my country.

but it , too seemed improvable.

as i grew into my twilight year,in one least desperate attempt,
i settled for changing only my family,those closest to me,

but alas,they world have none of it.

and now as lie on my deathbed,i suddenly realize;
if i had only known myself first , then by example
i would have changed my family.

form their inspiration and encouragement,
i would then have been able to better my country and,

who knows, i may even changed the world.
 
By. anonymous

Sunday, May 23, 2010

သူ သို့ မဟုတ် ငါ

ကျုံမငေး မောင်ဝင့်သူ ရဲ့  ကဗျာလေးပါ  ဖတ်ကြည့် ရအောင်......

* ငါ့၌ မရှိ
   သူ့၌ ရှိ
   ရှိကား .. ရှိ၏ ၊ သူ မသိ
   ငါ မြင်တွေ့ ၏ ၊ ငါသိ၏ ။

* သူ့၌ မရှိ
   ငါ့၌ ရှိ
   ရှိကားရှိ၏ ၊ ငါ မသိ
   သူမြင်တွေ့၏ ၊ သူသိ၏ ။

* ငါမြင်ပါသည်
   ငါသိသည်
   သူသည် အတ္တ ၊ ကြီးလွန်းစွဟု ၊

  *သူမြင်ပါသည်
    သူသိသည်
    ငါသည် အတ္တ ၊ ကြီးလွန်းစွဟု  ။

* သြော်..........အတ္တ ကြီးမာ
   သူပင်လားလေ ၊ ငါလားလေဟု
   အဖြေထုတ်ကြည့် ဆင်ခြင်ကြည့်မှ
   နတ္ထိ အတ္တ ၊ ရှာ မရပြီ
   ဘဝ မျက်ကန်း ၊ ဖြစ်ကြမှန်းကို
   စူးစမ်း သိရှိ ပါတော့ ၏ ။ ။ ။

Tuesday, April 6, 2010

စိတ်ဓါတ်နဲ့ သံမဏိ

စိတ်ဓါတ်ရဲ့ ..သဘော
ရုပ်မရှိ .........ဒြပ်မဲ့
ဆန်းကျယ်တဲ့ ..နယ်
အတိတ်ရယ် အနာဂတ်ရယ် သူ့မှာ မရှိ
ပစ္စုပ္ပန်သာ သူကြည့်တယ်
ပြီးခဲ့တာတွေကိုလည်း အသစ်လုပ်တယ်
မလာသေးတာကိုလည်း သူတွေ့အောင်လုပ်တယ်
မဖြစ်သေးတာကိုလည်း သူထိတွေ့တယ်
သူ့ကို ပေါင်းဖက်နေကြပေမဲ့
မိတ်ဆွေ မဖြစ်သေးသူက...များတယ်။
သူကယ်လို့ အထက်ကိုရောက်နိုင်တယ်
သူချလို့ အောက်ကိုလည်း ကျနိုင်တယ်
သူ့ လုပ်ချက်တွေ မကြမ်းစေဖို့
သူနဲ့ မိတ်ဆွေဖြစ်ဖို့လိုတယ်...။

လာပြန်ပြီ ...သံမဏိ
မာခြင်းအတိနဲ့ မာကြောခြင်းနေရာတွေမှာ
သူ့ဘဝကို...........ရပ်တည်တယ်
သူကတော့ ......အသက်မရှူပဲ
ရပ်တည်တဲ့ ....ကောင်
ခပ်ရင့်ရင့်မီးထဲ သူ့ကို ညှင်းဆဲ မယ်ဆိုရင်
အရည်ပျော်ရုံပဲရှိမယ်
ပြင်းပြမှု ....လျော့မသွားဘူး
ပြင်းထန်မြဲ .....ပြင်းထန်တယ်...။

ကဲ..................
စိတ်ဓါတ်နဲ့ .......သံမဏိ
ဘာကွာလည်း .ညှိမယ်
သူ့သဘောနဲ့ .သူပဲ
ထိုနှစ်ခုတွဲ ပုံဖော်ကြည့်လိုက်ရင်
ခုခေတ်ပြောတဲ့ .......ပခုံးနှစ်ဘက်ကြား
ခေါင်းပေါက်တယ်ဆိုတဲ့ ............သတ္တဝါက
လောကကြီးကို .........ဘာမထီဘူး
လိုချင်တာရ .......ဖန်တီးပြီး
လူစင်စစ် ...ဧကရာဇ်တောင်
ဖြစ်နိုင်လေရဲ့..................။

Wednesday, March 10, 2010

(((အတွေးများ အိပ်စက်နေသည်.)))))

(((အတွေးများ အိပ်စက်နေသည် တဲ့လေ.)))
***********************
ဘဝဆိုသော အတိုင်းအတာတစ်ခုအတွင်း မှာပဲ ခေါင်းရော ပန်းရော ရောနှောနေလေရဲ့
စိတ်ဆန္ဒများက ငါ့အတွက် အရမ်းကားဆုံးရန်သူ ဖြစ်နေတာ ခုမှသိလိုက်ရတယ်
သေချာတယ် တစ်ချိန်ချိန်မှာ ငါဟာ လွတ်ကျသွားမဲ့ အိုးတစ်လုံးဆိုတာ
ပန်းမကြိုက်တတ်ပေမဲ့ ပန်းပင်တွေကိုတော့ စိုက်နေဆဲပါ
ရူးစေတတ်တယ်လို့ ပြောပေမဲ့ ပတိုင်းသီးကို ကိုက်စားနေဆဲ
အဖိုးတန်ပတ္တမြားလို့ပြောပေမဲ့ ငှက်ပစ်လေးခွမှာ အသုံးပြုဖို့ တာစူနေတယ်.
ခုချိန်ထိ နေ့နဲ့ ညဆိုတာကို ရှေးသူမတို့ ဆိုလို့သာ ခွဲခြားတတ်နေမိ
ပိုက်ဆက်တွေ ပြင်နေဆဲပဲ ဘာအတွက် တပ်ဆင်နေတယ်ဆိုတာ  မသိရိုးဖြစ်နေမိတယ်
စကားတစ်လုံး တည်ဆောက်လိုက်ပေမဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ဖြစ်သွားတာကိုတော့ မတတ်နိုင်ဘူး
ခေတ်တွေပြောင်းတယ်ပြောတိုင်း အမြီးရှည်လာသလား လေတွေပိုလာသလား မေးယူရတယ်
အခက်ကြီးနဲ့ ခက်လိုက်တာဆိုပြီး သူများယောင်လို့ လိုက်ယောင်မိတယ် 
မိုးရွာတယ်ဆိုတာ အထက်ကနေ အောက်ကို စီးဆင်းတာပါ
ထူးဆန်းနေတယ် အောက်ကနေ အထက်ကို စီးဆင်းမဲ့ မိုးရွာတော့မလို့တဲ့
ကိုင်း ဘယ်လိုလုပ်ကြမလဲ မော်ဒီဖိုင်းဖြစ်လာတဲ့ ကျုပ်တို့ခေတ်မှာ
လူတိုင်းလည်း အသက် ဘယ်ကရှုရမယ်ဆိုတာကို မေးယူရမလိုဖြစ်နေတယ်..
အခါခါမှား အခါခါပြင်ဖို့ ဝန်လေးနေတဲ့ ခေတ်
ငေးကြည့်ရုံသာကြည့်နေပြီးတော့ ဘယ်ရောက်မလဲ တောင်ထိပ်ကို
ဖုန်နံ့ရှူချင်ကြတဲ့ လူများကြောင့်  လမ်းတွေကိုဖုန်…….လို့
အတွေးတွေက ရှေ့ဆောင်တတ်တယ်လို့ ပြောကြပေမဲ့
ရှေ့ဆောင်မဲ့အတွေးတွေက မနိုးတမ်းအိပ်စက်လေတယ်ထင်ရဲ့ဗျာ
ကောင်းပါတယ် ဘာပြောပြော ဗူးသီးတစ်လုံးရင်ဝယ်ပိုက်ပြီး တသသလုပ်နေရတယ် အဖြစ်
နှစ်တွေကိုနောက်ပြန်ရေတွက်ရင်း အရင်က သမာဓိတွေကို  ပြန်ယူချင်နေမိတယ်
ခုတော့ အိမ်မက်များက အိပ်ရေးပျက်လို့ထင်ပါရဲ့ ငါ့ကိုလာမနှိုးနဲ့တဲ့ ……။
Author....... Barnay.

Saturday, February 27, 2010

Html လေ့ကျင့်ရေး ဆော့ ဝဲ

HTML ကို www.w3schools.com လိုပဲ မိမိအိမ်မှာဖြစ်ဖြစ် အင်တာနက် မရတဲ့ အခါပဲ ဖြစ်ဖြစ် လေ့ကျင့်ချင်ရင်တော့ ဟော့ဒီ ဆော့ဝဲ လေးကို အသုံးပြုပါလို့အကြံပေးချင်ပါတယ် ဆော့ဝဲတွေက သူငယ်ချင်းတွေဆီကနေ လိုက်စုဆောင်းထားတာပါ ခု ဒီပို့စ်တွေ တင်တာလည်း နီးစပ်တဲ့သူငယ်ချင်းတွေကို ပြောချင်တာလည်းပါပါတယ် ဘာပဲဖြစ်ဖြစ် ကိုယ်တစ်ယောက်ထဲ ထိုင်ဖတ်နေရင်တော့ ကျေနပ်နေတဲ့ သူ ကျနော့အဖို့ အဆင်ပြေပါတယ် .. ဆော့ဝဲလေးက တော့ ကောင်းတယ် ဗျာ လေ့လာချင်ရင်တော့ ဒေါင်းလုတ်ချပြီး သုံးကြည့်ပေါ့ဗျာ သူ့မှာ ကီးလေးပါ တွဲထားတာဆိုတော့ အဆင်ပြေမယ်ထင်ပါတယ်
       ဆော့ဝဲနေရာက ဒီ 4shared မှာ ယူလို့ရမယ်ထင်ပါတယ်

PDF ကနေ Word ကိုပြောင်းချင်ရင်

PDF  ကနေ Microsoft Word ဖိုင်ပြောင်းဖို့ ....

ကျနော် အရင်က pdf ဖိုင်တွေကို ပြန်ပြင်ရင် ဘယ်လိုပြင်ရမှန်းမသိဘူးဗျာ အင်တာနက်ထဲ လိုက်ရှာတော့လည်း တွေ့ပါတယ် ဟိုလိုလို ဒီလိုလိုနဲ့ စိတ်ပျက်ပြီး မရဘူး လုပ်နေတာ 
ဖြစ်ချင်တော့ တစ်နေ့က ဖိုင်တစ်ဖိုင်က ပရင့်ထုတ်မရဘူးဗျာ ဘာဖြစ်တယ်မသိဘူး အဲ့ဒါ
လုပ်နေကြပဲ Google ကိုပဲ အားကိုးရတာပေါ့ . ရှာလိုက်တော့ ဘာမှ ဒေါင်းစရာ မလိုဘူးဗျာ
ဝက်ဆိုဒ်ကနေ ပြောင်းပေးသွားတာ ဒါပေမဲ့ သူကတော့ အီးမေးလ် အကောင့်ကို ထည့်ပေး၇တယ်
သူပြောင်းပြီးသားဖိုင် ပြန်ပို့ပေးဖို့ပေါ့ . အဲ့ဒီနေရာကိုသွားချင်ရင်တော့ www.pdftoword.com ဆိုပြီးအလွယ်တကူ ရိုက်လိုက်ပေါ့ဗျာ ဒါဆိုရင် အဆင်ပြေပါတယ် ပြောင်းချင်တဲ့ဖိုင်ကို Browse ကနေ လှမ်းဆွဲယူ ပြီးရင် နောက်အကွက်ထဲမှာ ကိုယ့် အီးမေးလ်ကိုထည့်ပေးလိုက် ပြီးရင်တော့ convert ကိုနှိပ်ပေးလိုက် အဆင်ပြေပါလိမ့်မယ် ...

Monday, January 25, 2010

ကျနော် အမြဲတမ်းဖတ်ချင်၍ ကူးယူထားပါသည် .

ကျွန်မဖတ်ဖို့ (၁၄)



လက်သီးကိုတင်းတင်းဆုပ်တာနဲ့ အရာအားလုံးကို ကိုယ်ဖမ်းဆုပ်မိပြီလို့ ထင်နေခဲ့တယ်။ တကယ်တော့ လေကိုတောင် ကိုယ်ဖမ်းဆုပ်မမိခဲ့ဘူး။ ကိုယ်ကိုထောင်မတ်ပြီး ပုခုံးကိုစွင့်ကားတာနဲ့ ကိုယ့်လက်နှစ်ဘက်က ဗလာလို့ ခံစားမိတယ်။ ဒါပေမယ့် လောကတစ်ခုလုံးက ကိုယ့်ရင်ခွင်မှာ...


ကိုယ့်ကိုယ်နှစ်သက်