Monday, January 25, 2010

ကျနော် အမြဲတမ်းဖတ်ချင်၍ ကူးယူထားပါသည် .

ကျွန်မဖတ်ဖို့ (၁၄)



လက်သီးကိုတင်းတင်းဆုပ်တာနဲ့ အရာအားလုံးကို ကိုယ်ဖမ်းဆုပ်မိပြီလို့ ထင်နေခဲ့တယ်။ တကယ်တော့ လေကိုတောင် ကိုယ်ဖမ်းဆုပ်မမိခဲ့ဘူး။ ကိုယ်ကိုထောင်မတ်ပြီး ပုခုံးကိုစွင့်ကားတာနဲ့ ကိုယ့်လက်နှစ်ဘက်က ဗလာလို့ ခံစားမိတယ်။ ဒါပေမယ့် လောကတစ်ခုလုံးက ကိုယ့်ရင်ခွင်မှာ...


ကိုယ့်ကိုယ်နှစ်သက်

Wednesday, January 20, 2010

ဘီလ်ဂိတ်က ဒီလိုပြောတယ်

ဘွဲ့နှင်းသဘင်တစ်ခုမှာ ဘွဲ့ရကျောင်းသားတွေအတွက် ဘီလ်ဂိတ်က
ဒီလိုအကြံဥာဏ်ပေး ဟောပြောခဲ့ပါတယ်။
၁) လူ့ဘဝက မမျှတဘူး။ ဒါကို လက်ခံနိုင်အောင် ကြိုးစားပါ။
၂) ဒီလောကက ကိုယ့်လေးစားကြည်ညိုမှုကို အသိအမှတ်ပြုမှာ မဟုတ်ဘူး။
အကျိုးသက်ရောက်မှုကို အရင်လုပ် ပြီးမှ ကိုယ့်ရဲ့ခံစားချက်ကို ဆန်းစစ်ဖို့
လောကကြီးက ပိုမျှော်လင့်တယ်။

Tuesday, January 12, 2010

၂၄ ပစ္စည်း



 
အန္တရာယ်အပေါင်းမှ ကင်းဝေစေလိုခြင်းငှာ ရွတ်ဆောင်ကြပါကုန် 


၁။ ဟေတုပစ္စည်း
စိတ်ရင်းကောင်းခြင်း၊ ရက်ရောခြင်း၊ မေတ္တာထားခြင်း၊ ခွင့်လွှတ်တတ်ခြင်း၊ အမြော်အမြင်ရှိခြင်း။
၂။ အာရမ္မဏပစ္စည်း
ဘုရားဖူးခြင်း၊ တရားနာခြင်း စသော အတိဣဋ္ဌာရုံများနှင့် နေခြင်း / မကောင်းသော အာရုံတို့နောက် မလိုက်ဘဲ ကုသိုလ်အာရုံတို့နှင့်သာနေခြင်း (မိမိအတွက်)။
မိမိကြောင့် သူတစ်ပါး အနှောင့်အယှက် မဖြစ်စေခြင်း / အကုသိုလ် မဖြစ်စေခြင်း (သူတစ်ပါးအတွက်)။

Thursday, January 7, 2010

၈။ အနှစ် ရှိသော လူဖြစ်ရေးနှင့် ဘ၀တစ်ခုရပ်တည်မှု

သစ်ပင်တစ်ပင်ကိုကြည့်ပါ  သူအသက်ရှင် သန်မာ ကြီးထွားဖို့ မြေ၊ရေ၊လေ၊ နဲ့ အလင်း လိုအပ်ပါတယ် ဒါတွေ အချိုးကျကျ ဖွဲ့စည်းနိုင်မှ ကြီးထွားနိုင်မယ် နောက် သဘာဝဘေးအန္တရာယ်ကိုလည်း ခံနိုင်ရည်၇ှိမှ အသက်ရှင်သန်နိုင်ပါတယ် .. အဲ့ဒီလိုပဲ လူတစ်ယောက်ဟာ သစ်ပင်တစ်ပင်လိုပါပဲ သက်ရှိတစ်ခု ဖြစ်တည်ဖို့ ကြီးထွားဖို့ အဖက်ဖက်ကလိုသလို သဘာဝဘေးအန္တရယ်လို့ခေါ်တဲ့ ဖြစ်တတ်တဲ့ အရာလေးတွေကို ခံနိုင်ရည်ရှိမှ ကြီးထွားမယ် ဖွဲ့ဖြိုးမယ် အောင်မြင်မယ် ...ဒါကြောင့်