Saturday, November 7, 2009

၎။ ဘ၀တစ်ခုရဲ့ အပိုင်းအစလေးများ

ဘ၀ အပိုင်းအစ ဆိုသည်မှာ .. ကောင်းနိုး.ရာရာ နှစ်သက်မှုလေးများနဲ့ မှတ်သားမှုလေးတွေကို ကျနော့်ရဲ့ စာဖတ်သမားမှတ်စုမှ တင်ပြချင်ပါတယ်. . တစ်ခုပြောချင်ပါတယ် လူတိုင်းလူတိုင်း ဘ၀ဆိုတာလေးတွေကို သုံးနှုန်းပြရင် ..သူတို့ထင်တာက  ဒါ စာကြီးပေကြီးစကားပဲ ဆိုပြီး မသိသလိုနေတတ်တယ်  . တစ်ချို့ဘ၀ကို တစ်ကယ်ဖြတ်သန်းနေတဲ့လူတွေက ဘ၀ဆိုတာလေးတွေကို ကြားရင် သူ့တို့ရဲ့အတွေ့အကြုံလေးတွေကို ပြန်ပြောချင်နေကြတယ် . ကျနော်က အဲ့ဒါမျိုးလေးတွေကို နားထောင်ချင်တယ် အတုယူချင်တယ် သူတို့နဲ့တွေ့ရင် အဲ့ဒါနဲ့ပတ်သက်ပြီး မေးမြန်းလေ့ရှိတယ် ... ဘ၀ဆိုလေသည်မှာ..............

၃။ စာနာမှုတရား

စာ.. နာ ... မှု .. .. ဘယ်လောက်၇ိုး၇ှင်းလဲ . ရိုးရှင်းသလောက် ကျယ်ဝန်းတယ် ..ကျယ်ဝန်းသလောက် အဓိပ္ပါယ် ပြည့်ဝတယ် . ကျနော့ဘ၀မှာ စာနာမှုတရားကို လက်ကိုင်ထားတယ် တစ်ချိုမှာ မရှိကြဘူး ငါဆိုတဲ့ အရာအောက်မှာ စာနာမှုကို လစ်လျှူရှုထားတယ် .သိသိကြီးနဲ့လည်း ဖြစ်တတ်ပါတယ် . စာနာမှုတရားက လူတိုင်းဆောင်ထားသင့်တယ် ဒါမှ လူ့ဘ၀ အကျိုးရှိလိမ့်မယ် ..စာနာမှု မှာ ကိုယ်ချင်းစာစိတ်လို့လဲ ပြောလို့၇ပါတယ် ခုလောကထဲမှာ ကိုယ်ချင်းစာတရား ခေါင်းပါးနေရင် စိတ်ဆင်းရဲမှုတွေက များနေအုံးမှာပဲ
လူကလူပါပဲ လူလူခြင်းတော့ စာနာမှုလေးတွေ ထားရှိသင့်ပါတယ်

Wednesday, November 4, 2009

၂။ အကြင်နာတရား

ငါသည် ကြင်နာတတ်ရမည် . ငါသည် မြတ်နိုးတတ်ရမည် . ငါသည် တန်ဖိုးထားတတ်ရမည် .ငါသည် သနားတတ်ရမည် . ငါသည် ပံ့ပိုးနိုင်ရမည်. ငါသည် . ငါသည်..............စသည်ဖြင့် . အကြောင်းတစ်ရား မြောက်များစွာကို အခြခံရင်း .အကြင်နာတရားနှင့်ယှဉ်ပြီးဖြစ်ပေါ်၏.....အကြင်နာဆိုသောအရာမှာ လူတိုင်းနားလည်နိုင်သော အရာပါ . သို့ပေမဲ့ စကားလုံးသာသိပြီး သူ့ရဲ့ အနှစ် သူ့ရဲ့ လေးနက်မှုကို သိသူ နည်းပါတယ် . အကြင်နာတရားမှာ နူးညံ့သော နှလုံးသားမှ ဖြာထွက်လာသော ရောင်ခြည်လေးပင်ဖြစ်ပါတယ်
လူဆိုတဲ့ အမည်လေးမှာ မြောက်များလှစွာသော အကြောင်းအရာတွေ ရှိ၏ တစ်ချို့ ကားတိမ်၏ တစ်ချို့ကား နက်၏ တစ်ချို့ကား ကျယ်ပြော၏ တစ်ချို့ ကား ကျဉ်းမြောင်း၏ .. တစ်ချို့တစ်ချို့တွေသည်လက်ခံမှုအပေါ်မှာ မူတည်၍ ကွဲပြားစွာ ရှိ၏... ထို့အတူ အကြင်နာတစ်ရားသည်လည်း တစွန်းတစ်ပါဒ တွဲလျက်ပါရှိ၏ . သူ့ကို ကြီးထွားအောင်လုပ်ယူ၍ ရ၏ . လူ့စိတ်ကြောင့် သေးငယ်သွားနိုင်၏ ဘာပဲ ဖြစ်ဖြစ် သူ့ကို တော့ ထားရှိသင့်၏ . အကြင်နာ၏ သဘောကား ကူးစက်လွယ်၏ လူမဆိုထားနှင့် တိရစ္ဆာန်လေးတွေတောင် နားလည်၏ . သက်ရှိများအပါအ၀င်ဖြစ်၏. ကျနော်သည်လည်း ထို့အတူဖြစ်၏ .အကြင်နာတရားကို စစ်မစစ် နှလုံးသားမှ ပဲတင်ခံစားမှုရှိ၏ ... လောကကြီးမှာ မျက်နှာဖုံးများနှင့်လူရှိ၏ .. ကြောင်သူတော် ကြွက်သူခိုးကဲ့သို့လည်း ရှိ၏ .ဥာဏ်ရှိသောလူ ပညာရှိသောလူသည် သိ၏ .. သို့ပေမဲ့ အကြင်နာတရားတိုင်း လေးစားဖွယ် မြတ်နိုးဖွယ်ကောင်း၏ . အကြင်နာတရားမှာ လွတ်လပ်၏ .နှစ်လိုဖွယ်ဖြစ်၏ .ချစ်ခင်စရာကောင်း၏ . လေးစားဖွယ်ဖြစ်၏ . တန်ဖိုးထားရမြည့် အရာဖြစ်၏ .. လူသားအားလုံး မှာ အပြည့်အ၀ရှိလျှင် အတိုင်း ထက်အလွန်ဝမ်းသာမိ၏ . သို့ပေမဲ့ ထင်သလိုသာဖြစ်ရင် . လောကကြီးက အရသာပြည့်စုံမယ် မထင် ... သိုပါသောကြောင့် အကြင်နာတရား၏ ကောင်းကျိုးများကို နားလည်စွာနှင့် ဝေငှစေချင်နေမိ . ထိုအရာတွေသည်ကား အကြင်နာတရား၏ တစ်စွန်းတစ်ပါဒ မြင်ကွင်းဖြစ်၏.... .

Monday, November 2, 2009

၁။ မေတ္တာ တရား

မေတ္တာတရားဆိုတာ ဘာလဲ ဘယ်လိုဟာမျိုးကိုမေတ္တာတရားလို့ ခေါ်တာလဲလို့ မေးမယ်ဆိုရင်
တစ်ခုတည်းဖြေကြည့်မယ် သိချင်ရင် ကိုယ်ကိုယ်တိုင်ခံစားကြည့် အဲ့ဒါမှ သူ့ရဲ့ သွင်ပြင်လက္ခာတွေကို အပြည့်အ၀သိသွားလိမ့်မယ်လို့ .......။ မေတ္တာတရားကို ဖြစ်ပေါ်ဖို့အတွက် အခြေအနေ အကြောင်းတရား တိုက်ဆိုင်မှဖြစ်တတ်တာပါ . မေတ္တာတရားမှာ ရယူခြင်းကင်းမဲ့၏ ... စိတ်ကြည်လင်စွာပေးဆပ်ခြင်းရှိ၏... အကြောင်းတရားသည်  စိတ်ထားမှန်ကန်မှုပေါ်မှာ အခြေခံလာ၏ လူသား၏အတွင်းသဏ္ဍာန်မှာ မေတ္တာတရားပေါက်ဖွားရာ နယ်မြေရှိ၏ ရှင်သန်ကြီးထွားစေအောင် လုပ်ဆောင်ဖို့ လိုအပ်၏...  အကျင့်ကြောင့် ကြီးထွားမှုဖြစ်ပေါ်၏... မေတ္တာတရားသည် အစဉ်အေးချမ်း၏ .... မောပန်းချိန်တွင် သောက်ရေးအေးအေးတစ်ခွက်ပမာ သတ်မှတ်နိုင်၏ .... မေတ္တာတရားကို လူတိုင်းသိ၏ သို့ပေမဲ့ လက်တွေထဲတွင် မွဲခြောက်နေတတ်၏ .... အစပျိုးသူရှိလျင်ဖြစ်ထွန်း၏ .... ပတ်ဝန်းကျင်လောင်းရိပ်ကြောင့်လဲ . ပင်မသန်ပဲ  ဖြစ်တတ်၏ .. သတိဖြင့် ပျိုးထောင်ပါက ဖြစ်ထွန်းလွယ်၏ .... မေတ္တာတရားသည် လပြည့်ည၏ အရသာကဲ့သို ငြိမ်းအေးမှုရှိ၏ ....လေပြေညှင်းကဲ့သို့လတ်ဆတ်၏ ... လရောင်ကဲ့သို့ ထွန်းလင်း၏ .... လမင်းကဲ့သို့ နှစ်သက်စရာကောင်း၏ ... ထို့ထက်ပိုသိချင်ပါက ကိုယ်တိုင်ကျင့်သုံးကြည့်နိုင်၏ .. အရသာတစ်မျိုးတစ်ပါဒ ရှိ၏ .. ထိုအရာတွေသည်ကား မေတ္တာ တရား၏ အချက်အလက်ပင်ဖြစ်၏....

ကျနုပ်၏ သေတမ်းစာ

ဟုတ်ကဲ့
ကျနော် ဘ၀အတွက် ကျနော်ကိုယ်ပိုင် ဆုံးဖြတ်နိုင်ခွင်ရှိသော
သေတမ်းစာကို ကျနော်ရေးခဲ့ချင်သောကြောင့် ခုလို အစပြုလိုက်ပါတယ်
ကျနော်မသေခင် ကျနော်တတ်နိုင်သလောက် ပံ့ပိုးသွားပါမည် လူ့လောကကြီးကို
ကျနော်၏ အမွေအဖြစ် ထားရှိထားမှာကတော့
၁။ မေတ္တာ တရား
၂။ အကြင်နာတရား
၃။ စာနာမှုတရား
၎။ ဘ၀ကို နေတတ်မှု အပိုင်းအစလေးတွေ ကျနော်သိသလောက်ပေါ့
၅။ လူ့ဘ၀ရဲ့ သံဝေဂတရား အနည်းငယ်
၆။ လူတစ်ယောက်ကို မိတ်ဆွေအဖြစ်နေတတ်ဖို့ နဲ့ အကောင်းဆုံးပေးဆပ်နိုင်မှု
၇။ ကြေကွဲခြင်းနဲ့ပတ်သက်ပြီး အပိုင်းအစ အနည်းငယ်
၈။ အနှစ်ရှိသော လူဖြစ်ရေး နဲ့ ဘ၀အဓိပ္ပါယ် ရယူမှု
၉။ နောက်ဆုံးဦးတည်မိသော ခြေလှမ်းများ
၁၀။ အတ္တ နဲ့ပတ်သက်ရာတွေ
   ဟုတ်ကဲ့ ဒါလေးတွေကို အညီအမျှပေးချင်မိပါတယ် ခုတော့ ရှေ့နေကြီး (အချိန်)နဲ့ ကျနော်တိုင်ပင်နေဆဲပါ
သူက တာဝန်ယူလက်ခံမယ်ပြောလို့ ကျနော်ပျော်မိပါတယ် .......

မေမေ

နှလုံးသားထဲမှာ ပြောင်းလဲခြင်းမရှိပါဘူး ...မေမေ.....
ငယ်ငယ်ကလိုပဲ ..မေမေ့ကို ....ခင်တွယ်ချစ်နေတုံးပါ ..
ငယ်ငယ်ကဆို ...အားအကိုးရဆုံး က..... မေမေလေ ...
တစ်ခုခုဖြစ်လိုက်တိုင်း ......ရေရွတ်မိတာ ....မေမေ့ကိုပေါ့
စိတ်ဆင်းရဲစရာတွေ.... ကြုံတိုင်း သတိရတာ....... မေမေ့ကိုပဲလေ
ငယ်ငယ်က အရာရာ ...အမေပဲ ....လုပ်ပေးခဲ့ပေမဲ့ ...
.သားကြီးလာတော့  ... မေမေ့ကို ... မမှီဘူးလေ ....
အော် မေမေရယ် တွေးရင်းတွေးရင်း
သား ဦးထိပ်မှာ ခုတိုင် .......မေမေရှိနေဆဲပါ
အဝေးရောက်သားငယ် ....မေမေ့ကို ...အမြဲ ....ဦးခိုက်နေပါတယ်.... မေမေ
မေမေ သားကို မေမေ အရင်ကလိုချစ်နေတုန်းပဲဆိုတာ .....နားလည်ပါတယ်
အကြင်နာတွေ ......ရောင်ပြန်ဟပ်ချင်တယ် ....မေတ္တာတွေ .....ရောင်ပြန်ဟပ်ချင်တယ်
မေမေနဲ့အတူ ....လောကကြီးကို ....ပြိုင်တူ .....ထိုင်ကြည့်ချင်လိုက်တာ
အော် ...မေမေရယ် .....အသက်ဇီဝိန်မချုပ်သေးခင် ...
သား .....တာဝန်ကျေချင်လိုက်တာ ....
သားကို ....ပြုလုပ်ခွင့်ပေးပါနော် .....မေမေ....
မေမေ့ ပီတိအပြုံးကို ......သားကြည့်ချင်သေးတယ် .......မေမေရယ်
ချစ်သောမေမေ . ......အစဉ်ကျန်းမာနေပါစေ
ချစ်သော မေမေ ......အစဉ် ရွှင်လန်းနေပါစေ
ချစ်သောမေမေ ........အစဉ် ပျော်ပါစေ
ချစ်သောမေမေ .......ထာဝရ အေးချမ်းပါစေ
သားငယ် ...............ဆုတောင်းနေပါတယ်
ငယ်ငယ်ကလိုချစ်တဲ့ .......မေမေရယ် .................။။