Tuesday, December 29, 2009

၇။ ကြေကွဲခြင်း အပိုင်းအစ အနည်းငယ်

လူသားနှင့်ပတ်သက်ပြီး ကြေကွဲခြင်းသည် နှလုံးသာကို ဗဟိုပြုပြီး ဖြစ်ပွားသော စိတ်ဒဏ်တစ်ရပ်ဖြစ်တယ်လို ဆိုချင်တယ်ဗျာ နှလုံးသားကြေကွဲရာမှာ အမျိုးမျိုးရှိတတ်ပါတယ် တစ်ချို့က ချစ်သူနှင့်ပတ်သက်၍ . တစ်ချို့က မိသားစုနှင့်ပတ်သက်၍ . တစ်ချို့က ကိုယ်ကိုယ်တိုင်နှင့်ပတ်သက်၍. အဖုံဖုံပေါ့ ..........

Friday, December 18, 2009

၆။ မိတ်ဆွေဟူသည်

      မိတ်ဆွေသည် ချောက်ကပ်ခြင်းတွေကို စိုပြေစေသည် လေလွင့်ခြင်းတွေကို တည်ငြိမ်စေသည် မသည်းကွဲတဲ့ အမြင်တွေကို ကြည်လင်စေသည်  ဘယ်လိုမှမျှော်လင့်မထားတာတွေကို သူတို့က ဆောင်ယူပေးတယ်.............. မိတ် ဆိုတာ ဧည့်သည်ကိုဆိုတာဖြစ်မည် ဆွေဆိုတာက ဆွေမျိုးကို ဆိုချင်တာဖြစ်မည်  စကားလုံးတွေသည် အလိုလိုဖြစ်လာတာမဟုတ်  အကြောင်းအချက်ကို  ဦးတည်ပြီး ဖြစ်ပေါ်လာတာတွေပဲဖြစ်ပါတယ်
သို့ကြောင့်

Monday, December 7, 2009

၅။ သံဝေဂ အနည်းငယ်

    ချစ်တယ်. ခင်တယ် . မုန်းတယ် .. မြတ်နိုးတယ် . တွယ်တာတယ် . လုပ်ဆောင်တယ် . ကြီးပြင်းကြတယ် . နာကြတယ် .. အိုကြတယ် .. နောက်ဆုံးသေဆုံးကြတယ် ... ဒါတွေဟာ လူ့ဘ၀မှာဖြစ်ပေါ်နေကြတာပါ .
ဒါတွေနဲ့ ပတ်သက်ပြီး သံဝေဂဆိုတာဘာလဲ လို့မေးမယ် ဆိုရင် . သံဝေဂဆိုတာ.........

Saturday, November 7, 2009

၎။ ဘ၀တစ်ခုရဲ့ အပိုင်းအစလေးများ

ဘ၀ အပိုင်းအစ ဆိုသည်မှာ .. ကောင်းနိုး.ရာရာ နှစ်သက်မှုလေးများနဲ့ မှတ်သားမှုလေးတွေကို ကျနော့်ရဲ့ စာဖတ်သမားမှတ်စုမှ တင်ပြချင်ပါတယ်. . တစ်ခုပြောချင်ပါတယ် လူတိုင်းလူတိုင်း ဘ၀ဆိုတာလေးတွေကို သုံးနှုန်းပြရင် ..သူတို့ထင်တာက  ဒါ စာကြီးပေကြီးစကားပဲ ဆိုပြီး မသိသလိုနေတတ်တယ်  . တစ်ချို့ဘ၀ကို တစ်ကယ်ဖြတ်သန်းနေတဲ့လူတွေက ဘ၀ဆိုတာလေးတွေကို ကြားရင် သူ့တို့ရဲ့အတွေ့အကြုံလေးတွေကို ပြန်ပြောချင်နေကြတယ် . ကျနော်က အဲ့ဒါမျိုးလေးတွေကို နားထောင်ချင်တယ် အတုယူချင်တယ် သူတို့နဲ့တွေ့ရင် အဲ့ဒါနဲ့ပတ်သက်ပြီး မေးမြန်းလေ့ရှိတယ် ... ဘ၀ဆိုလေသည်မှာ..............

၃။ စာနာမှုတရား

စာ.. နာ ... မှု .. .. ဘယ်လောက်၇ိုး၇ှင်းလဲ . ရိုးရှင်းသလောက် ကျယ်ဝန်းတယ် ..ကျယ်ဝန်းသလောက် အဓိပ္ပါယ် ပြည့်ဝတယ် . ကျနော့ဘ၀မှာ စာနာမှုတရားကို လက်ကိုင်ထားတယ် တစ်ချိုမှာ မရှိကြဘူး ငါဆိုတဲ့ အရာအောက်မှာ စာနာမှုကို လစ်လျှူရှုထားတယ် .သိသိကြီးနဲ့လည်း ဖြစ်တတ်ပါတယ် . စာနာမှုတရားက လူတိုင်းဆောင်ထားသင့်တယ် ဒါမှ လူ့ဘ၀ အကျိုးရှိလိမ့်မယ် ..စာနာမှု မှာ ကိုယ်ချင်းစာစိတ်လို့လဲ ပြောလို့၇ပါတယ် ခုလောကထဲမှာ ကိုယ်ချင်းစာတရား ခေါင်းပါးနေရင် စိတ်ဆင်းရဲမှုတွေက များနေအုံးမှာပဲ
လူကလူပါပဲ လူလူခြင်းတော့ စာနာမှုလေးတွေ ထားရှိသင့်ပါတယ်

Wednesday, November 4, 2009

၂။ အကြင်နာတရား

ငါသည် ကြင်နာတတ်ရမည် . ငါသည် မြတ်နိုးတတ်ရမည် . ငါသည် တန်ဖိုးထားတတ်ရမည် .ငါသည် သနားတတ်ရမည် . ငါသည် ပံ့ပိုးနိုင်ရမည်. ငါသည် . ငါသည်..............စသည်ဖြင့် . အကြောင်းတစ်ရား မြောက်များစွာကို အခြခံရင်း .အကြင်နာတရားနှင့်ယှဉ်ပြီးဖြစ်ပေါ်၏.....အကြင်နာဆိုသောအရာမှာ လူတိုင်းနားလည်နိုင်သော အရာပါ . သို့ပေမဲ့ စကားလုံးသာသိပြီး သူ့ရဲ့ အနှစ် သူ့ရဲ့ လေးနက်မှုကို သိသူ နည်းပါတယ် . အကြင်နာတရားမှာ နူးညံ့သော နှလုံးသားမှ ဖြာထွက်လာသော ရောင်ခြည်လေးပင်ဖြစ်ပါတယ်
လူဆိုတဲ့ အမည်လေးမှာ မြောက်များလှစွာသော အကြောင်းအရာတွေ ရှိ၏ တစ်ချို့ ကားတိမ်၏ တစ်ချို့ကား နက်၏ တစ်ချို့ကား ကျယ်ပြော၏ တစ်ချို့ ကား ကျဉ်းမြောင်း၏ .. တစ်ချို့တစ်ချို့တွေသည်လက်ခံမှုအပေါ်မှာ မူတည်၍ ကွဲပြားစွာ ရှိ၏... ထို့အတူ အကြင်နာတစ်ရားသည်လည်း တစွန်းတစ်ပါဒ တွဲလျက်ပါရှိ၏ . သူ့ကို ကြီးထွားအောင်လုပ်ယူ၍ ရ၏ . လူ့စိတ်ကြောင့် သေးငယ်သွားနိုင်၏ ဘာပဲ ဖြစ်ဖြစ် သူ့ကို တော့ ထားရှိသင့်၏ . အကြင်နာ၏ သဘောကား ကူးစက်လွယ်၏ လူမဆိုထားနှင့် တိရစ္ဆာန်လေးတွေတောင် နားလည်၏ . သက်ရှိများအပါအ၀င်ဖြစ်၏. ကျနော်သည်လည်း ထို့အတူဖြစ်၏ .အကြင်နာတရားကို စစ်မစစ် နှလုံးသားမှ ပဲတင်ခံစားမှုရှိ၏ ... လောကကြီးမှာ မျက်နှာဖုံးများနှင့်လူရှိ၏ .. ကြောင်သူတော် ကြွက်သူခိုးကဲ့သို့လည်း ရှိ၏ .ဥာဏ်ရှိသောလူ ပညာရှိသောလူသည် သိ၏ .. သို့ပေမဲ့ အကြင်နာတရားတိုင်း လေးစားဖွယ် မြတ်နိုးဖွယ်ကောင်း၏ . အကြင်နာတရားမှာ လွတ်လပ်၏ .နှစ်လိုဖွယ်ဖြစ်၏ .ချစ်ခင်စရာကောင်း၏ . လေးစားဖွယ်ဖြစ်၏ . တန်ဖိုးထားရမြည့် အရာဖြစ်၏ .. လူသားအားလုံး မှာ အပြည့်အ၀ရှိလျှင် အတိုင်း ထက်အလွန်ဝမ်းသာမိ၏ . သို့ပေမဲ့ ထင်သလိုသာဖြစ်ရင် . လောကကြီးက အရသာပြည့်စုံမယ် မထင် ... သိုပါသောကြောင့် အကြင်နာတရား၏ ကောင်းကျိုးများကို နားလည်စွာနှင့် ဝေငှစေချင်နေမိ . ထိုအရာတွေသည်ကား အကြင်နာတရား၏ တစ်စွန်းတစ်ပါဒ မြင်ကွင်းဖြစ်၏.... .

Monday, November 2, 2009

၁။ မေတ္တာ တရား

မေတ္တာတရားဆိုတာ ဘာလဲ ဘယ်လိုဟာမျိုးကိုမေတ္တာတရားလို့ ခေါ်တာလဲလို့ မေးမယ်ဆိုရင်
တစ်ခုတည်းဖြေကြည့်မယ် သိချင်ရင် ကိုယ်ကိုယ်တိုင်ခံစားကြည့် အဲ့ဒါမှ သူ့ရဲ့ သွင်ပြင်လက္ခာတွေကို အပြည့်အ၀သိသွားလိမ့်မယ်လို့ .......။ မေတ္တာတရားကို ဖြစ်ပေါ်ဖို့အတွက် အခြေအနေ အကြောင်းတရား တိုက်ဆိုင်မှဖြစ်တတ်တာပါ . မေတ္တာတရားမှာ ရယူခြင်းကင်းမဲ့၏ ... စိတ်ကြည်လင်စွာပေးဆပ်ခြင်းရှိ၏... အကြောင်းတရားသည်  စိတ်ထားမှန်ကန်မှုပေါ်မှာ အခြေခံလာ၏ လူသား၏အတွင်းသဏ္ဍာန်မှာ မေတ္တာတရားပေါက်ဖွားရာ နယ်မြေရှိ၏ ရှင်သန်ကြီးထွားစေအောင် လုပ်ဆောင်ဖို့ လိုအပ်၏...  အကျင့်ကြောင့် ကြီးထွားမှုဖြစ်ပေါ်၏... မေတ္တာတရားသည် အစဉ်အေးချမ်း၏ .... မောပန်းချိန်တွင် သောက်ရေးအေးအေးတစ်ခွက်ပမာ သတ်မှတ်နိုင်၏ .... မေတ္တာတရားကို လူတိုင်းသိ၏ သို့ပေမဲ့ လက်တွေထဲတွင် မွဲခြောက်နေတတ်၏ .... အစပျိုးသူရှိလျင်ဖြစ်ထွန်း၏ .... ပတ်ဝန်းကျင်လောင်းရိပ်ကြောင့်လဲ . ပင်မသန်ပဲ  ဖြစ်တတ်၏ .. သတိဖြင့် ပျိုးထောင်ပါက ဖြစ်ထွန်းလွယ်၏ .... မေတ္တာတရားသည် လပြည့်ည၏ အရသာကဲ့သို ငြိမ်းအေးမှုရှိ၏ ....လေပြေညှင်းကဲ့သို့လတ်ဆတ်၏ ... လရောင်ကဲ့သို့ ထွန်းလင်း၏ .... လမင်းကဲ့သို့ နှစ်သက်စရာကောင်း၏ ... ထို့ထက်ပိုသိချင်ပါက ကိုယ်တိုင်ကျင့်သုံးကြည့်နိုင်၏ .. အရသာတစ်မျိုးတစ်ပါဒ ရှိ၏ .. ထိုအရာတွေသည်ကား မေတ္တာ တရား၏ အချက်အလက်ပင်ဖြစ်၏....

ကျနုပ်၏ သေတမ်းစာ

ဟုတ်ကဲ့
ကျနော် ဘ၀အတွက် ကျနော်ကိုယ်ပိုင် ဆုံးဖြတ်နိုင်ခွင်ရှိသော
သေတမ်းစာကို ကျနော်ရေးခဲ့ချင်သောကြောင့် ခုလို အစပြုလိုက်ပါတယ်
ကျနော်မသေခင် ကျနော်တတ်နိုင်သလောက် ပံ့ပိုးသွားပါမည် လူ့လောကကြီးကို
ကျနော်၏ အမွေအဖြစ် ထားရှိထားမှာကတော့
၁။ မေတ္တာ တရား
၂။ အကြင်နာတရား
၃။ စာနာမှုတရား
၎။ ဘ၀ကို နေတတ်မှု အပိုင်းအစလေးတွေ ကျနော်သိသလောက်ပေါ့
၅။ လူ့ဘ၀ရဲ့ သံဝေဂတရား အနည်းငယ်
၆။ လူတစ်ယောက်ကို မိတ်ဆွေအဖြစ်နေတတ်ဖို့ နဲ့ အကောင်းဆုံးပေးဆပ်နိုင်မှု
၇။ ကြေကွဲခြင်းနဲ့ပတ်သက်ပြီး အပိုင်းအစ အနည်းငယ်
၈။ အနှစ်ရှိသော လူဖြစ်ရေး နဲ့ ဘ၀အဓိပ္ပါယ် ရယူမှု
၉။ နောက်ဆုံးဦးတည်မိသော ခြေလှမ်းများ
၁၀။ အတ္တ နဲ့ပတ်သက်ရာတွေ
   ဟုတ်ကဲ့ ဒါလေးတွေကို အညီအမျှပေးချင်မိပါတယ် ခုတော့ ရှေ့နေကြီး (အချိန်)နဲ့ ကျနော်တိုင်ပင်နေဆဲပါ
သူက တာဝန်ယူလက်ခံမယ်ပြောလို့ ကျနော်ပျော်မိပါတယ် .......

မေမေ

နှလုံးသားထဲမှာ ပြောင်းလဲခြင်းမရှိပါဘူး ...မေမေ.....
ငယ်ငယ်ကလိုပဲ ..မေမေ့ကို ....ခင်တွယ်ချစ်နေတုံးပါ ..
ငယ်ငယ်ကဆို ...အားအကိုးရဆုံး က..... မေမေလေ ...
တစ်ခုခုဖြစ်လိုက်တိုင်း ......ရေရွတ်မိတာ ....မေမေ့ကိုပေါ့
စိတ်ဆင်းရဲစရာတွေ.... ကြုံတိုင်း သတိရတာ....... မေမေ့ကိုပဲလေ
ငယ်ငယ်က အရာရာ ...အမေပဲ ....လုပ်ပေးခဲ့ပေမဲ့ ...
.သားကြီးလာတော့  ... မေမေ့ကို ... မမှီဘူးလေ ....
အော် မေမေရယ် တွေးရင်းတွေးရင်း
သား ဦးထိပ်မှာ ခုတိုင် .......မေမေရှိနေဆဲပါ
အဝေးရောက်သားငယ် ....မေမေ့ကို ...အမြဲ ....ဦးခိုက်နေပါတယ်.... မေမေ
မေမေ သားကို မေမေ အရင်ကလိုချစ်နေတုန်းပဲဆိုတာ .....နားလည်ပါတယ်
အကြင်နာတွေ ......ရောင်ပြန်ဟပ်ချင်တယ် ....မေတ္တာတွေ .....ရောင်ပြန်ဟပ်ချင်တယ်
မေမေနဲ့အတူ ....လောကကြီးကို ....ပြိုင်တူ .....ထိုင်ကြည့်ချင်လိုက်တာ
အော် ...မေမေရယ် .....အသက်ဇီဝိန်မချုပ်သေးခင် ...
သား .....တာဝန်ကျေချင်လိုက်တာ ....
သားကို ....ပြုလုပ်ခွင့်ပေးပါနော် .....မေမေ....
မေမေ့ ပီတိအပြုံးကို ......သားကြည့်ချင်သေးတယ် .......မေမေရယ်
ချစ်သောမေမေ . ......အစဉ်ကျန်းမာနေပါစေ
ချစ်သော မေမေ ......အစဉ် ရွှင်လန်းနေပါစေ
ချစ်သောမေမေ ........အစဉ် ပျော်ပါစေ
ချစ်သောမေမေ .......ထာဝရ အေးချမ်းပါစေ
သားငယ် ...............ဆုတောင်းနေပါတယ်
ငယ်ငယ်ကလိုချစ်တဲ့ .......မေမေရယ် .................။။

Saturday, October 31, 2009

လမင်းနဲ့ ကြယ်လေး

ကြယ်ကလေး ကပြောတယ်...... ။   ။ သူသာ လမင်းလေးဆိုရင်.....ကိုယ်က ကြယ်လေးပေါ့....လမင်းက ကြယ်တွေ အားလုံးကို အလင်းရောင်ပေးထားတယ်...ဒါပေမယ့် ကြယ်လေးတစ်ပွင့်ကတော့

ဘဝ

စမ်းဆိုသည်က .............အေးလှသည်
ပန်းဆိုသည်က .............မွှေးလှသည်
အချစ်ဆိုသည်က ..........နွေးလှသည်
ဟုတ်ပြီ  .....................ဘ၀ဆိုသည်ကရောဟင်...
ဘ၀ဆိုလေသည်မှာ..................

ဝိဥာဉ် နဲ့ စကားပြောခြင်း

ပြီးခဲ့တာတွေ.... ပြီးပါစေတော့လို့သတ်မှတ်ပေမဲ့ ...
သူနဲ့ပတ်သက်တာတွေကို ....ထိမိလိုက်တိုင်း
သူနဲ့ပြောခဲ့ ...အားပေးခဲ့တာတွေက ...ပြန်လည်အသက်ဝင်ခဲ့တယ်...
ငါနေနို်င်ပါတယ်ဆိုပြီး ...အားတင်းသော်လည်း ...
ထိတွေ့နေကြ ....စကားလုံးလေးတွေက .....
သူကို ...ပြန်လည်နိုးထလာခဲ့စေသလိုပဲ .....
ကဲ ....ကျနော်မြတ်နိုးတန်ဖိုးထားတဲ့
ခန္ဒာကင်းမဲ့ .....၀ိဥာဉ်ရယ် .....
သက်ရှိခန္ဒာထဲကို ...ဖြစ်ပျက်မှုတွေကို ....ဘေးချိတ်ပြီး ....
သဘာဝအမှန်တရားကို ...အသိမပေးပဲ ....
ပြန်လယ်ဝင်ခဲ့ပါလား ....၀ိဥာဉ်ရယ် ......
ဖြစ်နိုင်ရင် ....ငါမင်းနဲ့ ....စကားပြောချင်လိုက်တာ.....
အရင်က ...တို့တတွေ ...ဆုံကြမယ်ဆိုရင် .....
စကားတွေ ...ဖောင်ဖွဲ့ပြီး ....ဘတ္တလောကကြီးကို ...
တရင်းတနှီး ...တွေ့ကြမယ်လို့ ...ဆိုခဲ့တယ်လေ....
မှတ်မိလေမလား ... ၀ိဥာဉ်လေးရေ....
ခုထက်တိုင်....နှလုံးသားထဲမှာ .....နာကျင်နေတုန်းပဲ ..
မဖြစ်သင့်ဘူးလို့ ...ကျနော် ....ယူဆနေတယ်...
မဖြစ်သေးဘူးလို့လဲ ....ကျနော်ထင်နေသေးတယ်.....
မဖြစ်ပါစေနဲ့လို့ လဲ ......ကျနော် .....ဆုတောင်းနေမိတယ် ....
အော်.. နောက်ဆုံးကြတော့ .....အားလုံးဟာ .....
သင်္ခါရ........ လက်ကျတွေပဲလားလို့ ....
သံဝေဂကို .....အဖော်ပြုရင်း ....
သတိရမိတာလေးတွေကို .....ပေါင်းချုပ်လို့ .....
ဒိုင်ယာရီ ....စာအုပ်အဖြစ် ....ချုပ်ထားလိုက်ပါပြီ ....
ဆန္ဒတွေကို .....ပြန်လည်နိုးထစေဖို့အတွက် ....
မဖြစ်နိုင်တော့တာ ....ဘာကြောင့်လဲ .....
သေချာတာကတော့ ...ရလဒ်က.... သင်္ခါရတဲ့ ...
ငါမင်းအတွက် .....ကောင်းမှုတွေပြုရင်း ....
တောင်းဆုတွေ .....မျှပါရစေ ...........
ရောက်ရာနေရာက ....သာဓု.. ခေါ်နိုင်ပါစေ ....
အို.... ၀ိဥာဉ်ရေ... . ပြုံးပျော်ပါတော့ .................။

Friday, October 30, 2009

ချစ်သော ကုမုဒြာ

ထူးခြားဆန်းပြား .......ချစ်ကုမုဒြာ

ပင်ပျိုထက်မှ ............ပွင့်ခဲလှ

လရောက်ဆန်းမှ .......သူဖူးမြှော်

ရနံ့သင်းသင်း ............တစ်ပွင့်ချင်း

ညချမ်းအေးမြ ...........လရောင်ဆန်းမှ

သူသည်.......... ထ၍.. ကလိမ့်မည်

ပန်းသည် ... ရင်မှ... ဖူးပွင့်မည်ဆိုသော်... ။။။။


လရောင်ဆန်းမှ ပွင့်သော ကုမုဒြာ...








Thursday, October 29, 2009

အမှန်...တကယ်

သြော်…ငါတောင်ရူးချင်လာပြီ …ဆိုပြီး ကိုယ့်ကိုယ်ကိုပြောနေကြတာ
ကိုယ်ဖြစ်ချင်တာကိုပဲ ရှေ့တန်းတင်နေသ၍ ဘယ်တော့မှမငြိမ်းချမ်းပါဘူး
အားလုံးမှာ ညီညွှတ်ဖို့လိုလာပါတယ် နော် . နောက်ပိုင်း မှာ အပြုတရားထက် အပျက်တရားကိုပိုလာတယ်နော် . လူတွေလူတွေ .
ခုချိန်ကစပြီး သဒ္ဒါ ၊ပညာ၊သတိ၊၀ီရိယ၊ဒါတွေပြည့်နေဖို့လိုတယ်
ဒီစိတ်ဓါတ်တွေ မိမိတို့ကိုယ်မှာ အဆင်သင့်ဖြစ်နေအောင်စုစီးထားပါ
ဘယ်မှာ ရာဂ ဖြစ်သလဲ
စိတ်နဲ့ပတ်သက်တဲ့ အရာအားလုံးဟာ ရုပ်တရားကိုမှီပြီးဖြစ်တယ်
အတ္တဘောကိုမှီ ပြီးမှရာဂဖြစ်တယ်
တွေးချင်သလောက်တွေး ခန္ဓာပေါ်မှာ မှီတွေးတာပါ
ဘယ်လောက်ပဲ အပြင်ထွက်တွေးတွေး ဒါပဲ နောက်ဆုံးအခြေတည်တွေးကြတာပဲ နော.
ဒွါရခြောက်ပေါက်ကို အာရုံခြောက်ပါးကတိုက်တယ်
ထိတွေ့စိတ် တွေဖြစ်လာပါတယ် .
အခု အလွဲကြီးလွဲနေတာ သိလား အားလုံးဟာ စိတ်နဲ့ ကိုယ်နဲ့မကပ်တာ
စိတ်နဲ့ကိုယ်နဲ့ ကပ်အောင် အသိနဲ့ သတိနဲ့ ကပ်ပြီး နေကြပါ .. ကျင့်ဆောင်ကြပါ
စိတ်တွေ မလွတ်ကြပါစေနဲ့

Wednesday, October 28, 2009

ဆိုလိုချင်သည်မှာ

အတိတ်ဆိုတာ .....ကျနော့ရဲ့ ပင်မဆောင်
အနာဂတ်ဆိုတာ.... ကျနော့် ရဲ့ လေသာဆောင်
ပစ္စုပ္ပန်ဆိုတာ ......ကျနော့် ရဲ့ ဧည့်ခန်း
ဖြစ်ပျက်နေသမျှအားလုံးဟာ......ကျနော့် ရဲ့ အသုံးအဆောင်လေးတွေ
ကျနော့် အတွေးတွေက ......ကျနော့် အပျော်စီးနေတဲ့ ကား..

Tuesday, October 27, 2009

သူနဲ့ တစ်ညတာ စကားပြောခြင်း ...

“““ကောင်းကင်””””: သူတစ်ပါးကို ဘာလို့ ဒုက္ခပေးနေမှာလဲ..မနက်ဖြန်မှာ သင်သေရမယ်ဆိုတာသိရင်..သင်ဘာလုပ်မှာလဲ...
“““ငှက်ကလေး””””: ကောင်းကင်
ထမင်းစားပြီးပြီလား

Saturday, October 24, 2009

မေမေကပြောတယ်

........... ကျနော့် မေမေကပြောတယ် ..
...........ငါ့သား ... မကောင်းမှုတွေကို ..တွေ့နေတယ်ဆိုရင် .. ပထမဆုံး အကြိမ်မှာ မလုပ်မိအောင်ကြိုးစားပါတဲ....
...........ကျနော်စဉ်းစားတယ် ... အမေ့ရဲ့ စကားတွေကို ... အမေဘာကိုဆိုလိုတာပါလိမ့်.လို့ ...... . အမေဆိုလိုချင်တာက.....

Tuesday, October 13, 2009

မာယာ

မြင်ကွင်းတစ်ဆုံးသူကြည့်တယ်
ဘယ်နေရာဟာ ငါ့သတ်ကွင်းလဲလို့ပေါ့
မာယာကို အပေါ်ယံမျက်နှာဖုံးနဲ့
ပိပိရိရိ ဖုံးထားဖို့ သမာဓိတွေ ခိုင်မြဲ
လက်တစ်ကမ်းယူရသမျှ အကုန်သုံး
မျက်နှာကို ဆယ့်နှစ်ခေါက်လှန်
အပေါစားညှိ့ဓါတ်တွေနဲ့ အသေးစားသားကောင်တွေကို
အယုတ်ညံ့ဆုံး စိတ်ဓါတ်တွေနဲ့ ကြော်စာ.းလို့
ပီပြင်တယ် နောက်ဆုံးသူရလိုက်တာ
ဂုဏ်ဆိုတာ နတ္ထိ
တင်စားမှုက ချဉ်ဖတ်တဲ့
လေးစားမှုတွေက အနုတ်ဘက်ရောက်
ဖျံကျမှုတွေရဲ့ တန်ပြန်သက်ရောက်မှုတွေက
အတုံးအရုံးနဲ့ ကြောက်စရာကောင်းလှပါဘိ
မာယာရှင်ရယ် …တံတွေးခွက်ထဲ
ပက်လက်လှန်မျှောရင်း ရင်ခွင်မှာပိုက်ထားတာက
“နောင်တ” တဲ့
နောက်မှ .. ငါအမှန်တကယ်ကြင်နာခံမယ်ဆိုရင် တဲ့
ကြမ်းတမ်းတဲ့ ကံကြမ္မာနဲ့အတူ
စုန်စုန်မျှောရင်းအဆုံးသတ်သွားလေတဲ့ မာယာ..………………….။။။

မျက်နှာဖုံး

တစ်နေ့ ငါအစာထွက်ရှာတော့
တောင်ကမ်းပါးယံမှာ သူတော်စင်ပုံစံနဲ့
မျက်လွှာလေးကိုချ ပုတီးလေးကို စိတ်သရောင်ရောင်နဲ့
ဆဠအာရုံကို ခံစားနေသရောင် ဟန်ဆောင်နေတာကို
မျက်မှန်မတပ်ပဲ မြင်ခဲ့ရ
သေချာတယ် သူငါ့ကို အယုံသွင်းတော့မယ်ဆိုတာကို
သူ့ရဲ့ ဗျူဟာတွေ အကျအနခင်းလို့
ပိုက်ကွက်ထဲရောက်ရင် ခေါင်းပေါ်ခေါင်းစားမယ်.
အမြီးပေါ် အမြီးစားမယ်..ပေါ်ချင်တာပေါ် အကုန်စားမယ်လို့ သူချောင်းနေတယ်
အဲ့ဒီအချိန် ငါသည်လည်း ဗိုက်အောင့်အောင့်နဲ့ တိုးသွားမိ
ပုန်းမိရာက အသက်တောင်မှန်မှန်မရှူမိ
ဖြစ်ချင်တော့ မညှစ်ပဲ ထွက်သွားသော အီး
သူကောက်စားမိ . .. ဟိဟိ
ကောင်းရောဟ .မျက်နှာဖုံးရှင် မှတ်ကရော…………….။။

ငါမဟုတ်တဲ့ ငါ

တစ်နေ့ပြီး တစ်နေ့
တစ်ခုပြီး တစ်ခု
တစ်ယောက်ပြီးတစ်ယောက်
ငါနဲ့ပတ်သက်တာတွေကို လာမွှေနှောက်ပြီး
ငါ့ကို အချိုအခါးတွေ ရောကျွေးနေတယ်
တစ်ခါတစ်ခါ ငါကိုယ့်ငါတောင်
ငါကောဟုတ်၇ဲ့လားလို့ ထင်နေမိတယ်
ဘာလို့လဲဆိုတော့ သူတို့ရဲ့ စုတ်ချက်တွေအောက်မှာ
ငါဟာ အရောင်အမျိုးမျိုးပြောင်းလဲသွားလို့လေ….။။။

Friday, September 25, 2009

လေးသည်တော်

“ပစ်ကွင်း” ထဲကို .. ၀င်မလာနဲ့....

ငါ့ရဲ့မြှားချက်တွေက ..... ပစ်ချက်မရွေးဘူး ...

တစ်ချက်လေးမှ........ မငေးလိုက်နဲ့ ....

ရှင်တော့် မြှားချက်နဲ့..... အထိနာသွားမယ်.....

Saturday, August 15, 2009

ဒူးရင်းသီး ကိုးလုံး

တစ်ခါက သူငယ်ချင်းသုံးယောက် ရှိတယ်.သူတို့ဟာ စူးစမ်းလေ့လာမှုကို အရမ်းစိတ်ဝင်စားကြတယ်
ဒါနဲ့ တစ်နေ့ သူတို့ သုံးယောက် သစ်တောထဲကို လေ့လာဖို့ စတင်ခရီးထွက်ခဲ့တယ် … သူတို့ လည်းလေ့လာရင် နဲ့ မျက်စိလည်လမ်းမှားပြီး အိမ်မပြန်နိုင်ပဲ ဖြစ်နေတယ် နောက်တော့ သူတို့ပျော်သလိုဖြစ်သွားတယ် ဘာလို့လည်းဆိုတော့ သူတို့ လူရိုင်းအုပ်စုတစ်စုနဲ့ တွေ့သွားတယ် အဲ့ဒါနဲ့ လူရိုင်းတွေဟာ သူတို့ကို တွေ့တာနဲ့ ဖမ်းသွားကြတယ် . ဖြစ်ချင်တော့ သူတို့ကပြန်လွှတ်ဖို့ စိတ်ကူးတောင်မရှိကြဖူးတဲ့ .သူတို့ကိုချုပ်ထားလိုက်တယ် တစ်နေ့ လူ၇ိုင်းခေါင်းဆောင်ကြီးနဲ့ သူတို့စကားပြောခွင့်ရလိုက်တယ် အဲ့ဒါ သူတို့ကိုပြန်လွှတ်ပေးဖို့ပေါ့ နောက်တော့ လူရိုင်းခေါင်းဆောင်က ငါခိုင်းတာကို လုပ်ပြီးရင် ပြန်လွှတ်ပေးမယ်တဲ့ ဒါနဲ့ သူတို့သူငယ်ချင်း သုံးယောက်လည်း အရမ်းပျော်သွားတယ် .သူတို့ သဘောတူလိုက်တယ် .ဘာလုပ်ရမယ်ဆိုတာကို သူတို့သုံးရောက်သား လုပ်ပေးချင်စောနဲ့ မေးလိုက်တယ် အဲ့ဒါ လူ၇ိုင်းခေါင်းဆောင်ကြီးက ပြောတယ် ဒီသစ်တောထဲကနေ အရွယ်တူသစ်သီးကိုးလုံးကို ရအောင်ရှာရမယ်လို့ပြောလိုက်ရုံရှိသေး သုံးယောက်သား
စိတ်ထဲမှာ ဒါလောက်ကတော့ အပျော့ပေါ့ဆိုပြီး ဘာမှမပြောတော့.မမေးတော့ဘဲ တောထဲကို သစ်သီးရှာဖို့ ၀င်ပြေးပါလေေ၇ာတဲ့ .ခဏကြာတော့ တစ်ယောက်က စပျစ်သီးကိုးလုံးကိုင်ကာ ပြန်ရောက်လာခဲ့သတဲ့
အဲ့ဒါ သူလည်း အားရပါးရ လူရိုင်းခေါင်းဆောင်ကြီးကို သွားပြတာပေါ့ အဲ့ဒါလူရိုင်းခေါင်းဆောင်ကြီးက ပြုံးပြီး
ပြောသတဲ့ .ငါကမင်းတို့ကိုခိုင်းတာ ဒါတင်မကသေးဘူး မင်းတို့က ခိုင်းတာကိုဆုံးအောင်နားမထောင်ပဲ ပြေးကြတာကိုကွလို့ပြောပြီး .. ငါခိုင်းမှာက အဲ့ဒီအရွယ်တူ သစ်သီးကိုးလုံးကို ရှာပြီး မင်းတို့ စအိုထဲကို ထည့်ရမယ်ကွလို့ ပြောလိုက်တဲ့အခါ ပထမတစ်ယောက်က မျက်လုံးပြူးသွားပြီး ဘာပြောလို့ပြောရမှန်းမသိဖြစ်သွားတယ် .နောက်တစ်ယောက်ရောက်လာတယ် သူ့လက်ထဲမှာ သံပုရာသီးကိုးလုံးကို ပိုက်လျက် ပြုံးပျော်လို့ပေါ့ .သူလည်း ခိုင်းတာကိုလည်းကြားရော တစ်ယောက်ကိုတစ်ယောက် နားမလည်ဟန်နဲ့ကြည့်နေကြတယ် . အဲ့ဒီအချိန်မှာ နောက်ဆုံးတစ်ယောက်က သူ ရှာလာတဲ့ အရာကို ပြချင်လို့ အားရပါးရ ပြေးလာပါလေရော သူထမ်ပြေးလာတာက ဒူးရင်းသီး ကိုးလုံး
အဲ့ဒီအချိန်မှာ ကျန်တဲ့ နှစ်ယောက်က ရီရမလို ငိုရမလိုနဲ့ နောက်ဆုံးတစ်ယောက်ကို ကြည့် ပြီး မှင်သက်မိနေပါလေရော နောက်တစ်ယောက်ကလည်း အိမ်ပြန်ချင်ဇောနဲ့ ထမ်းလာတဲ့ ဒူးရင်းသီးကို ကြည့်လိုက် သူငယ်ချင်းတွေကိုကြည့်လိုက်နဲ့ လုပ်ခိုင်းချက်အရ စအိုထဲကို သွင်းရမှာဆိုတော့ ဟဲ…ဟဲ သူလည်းခေါင်းငိုက်စိုက်ကျလျက် လုပ်ပေး၇မဲ့တာဝန်ကို စိတ်ပျက်သွားတယ် .ဖြစ်စေချင်တာ အခုလက်တွေ့ဘ၀မှာ ကြုံတွေ့နေတာတွေနဲ့ပတ်သက်ပြီး သူငယ်ချင်းတို့ သူတို့လို အလျင်လုပ်ရင်းနဲ့ လိုရင်းကို မရောက်ပဲဖြစ်မှာစိုးလို့ ဒီဘလော့ကနေ ပြောလိုက်ပါရစေ . ဘာပဲလုပ်လုပ် လုပ်ရမှာ ကို သေချာနားလည်အောင် အရင်လုပ်ပါ
ပြီးမှ နားမလည်ပါးမလည်နဲ့ ဒူးရင်းသီးကိုးလုံးစာမိရင်ဖြင့် မတွေးဝင့်စရာနော် . ဟဲ ဟဲ . ဒူးရင်းသီးတဲ့
ငယ်ငယ်ကကြားဖူးတဲ့ ပုံပြင်လေးပါ ………………ဘာနေ….

Saturday, August 8, 2009

“၏………………………

“၏………………………”
အမှောင်တွေကြားမှာ ငါမနေသာချင်ပေမဲ့
ကံကြမ္မာက ငါ့ကိုပညတ်ခဲ့တယ်
မပျော်ရွှင်တဲ့ အချိန်ကို မဖြတ်သန်းချင်ပေမဲ့
ပတ်ဝန်းကျင်ရိုက်ခတ်မှုတွေက ငါ့ကို ၀ါးမျိုခဲ့တယ်
အကောင်းဆုံးကျောင်းကို ငါတက်ချင်ခဲ့ပေမဲ့

Sunday, July 26, 2009

ညီမလေး......

တစ်နေ့ ညဘက် အိမ်ကို လွမ်းရင် နဲ့ အိပ်ပျော်သွားလိုက်တာ . ညမှ မနက်စောစော လေးနာရီ လောက် မှာ လန့်နိုးပါလေရော အကြောင်းက အိမ်မက်ထဲမှာ တကယ်ထင်မှတ်ခဲ့တဲ့ ကျွန်တော့ ရဲ့ ချစ်ညီမလေ ပေါ့ သူနဲ့ ပတ်သက်ပြီး အိမ်မက်မက်ရင်းလန်းနိုးခဲ့တယ်လေ . အဲ့ဒါ နဲ့ အတွေးက ဒါတွေကို မနက် အိပ်ရာထတဲ့ အချိန်ထိ မှတ်မိချင်နေမိတယ် ဒါကြောင့် ဆက်မအိပ်ဖြစ်တော့ ဘဲ . အလွယ် ရှိတဲ့ ဘောပင်နဲ့ စာရွက် ကို ယူရင်း စိတ်ထဲရှိတာလေးတွေကို ကောင်ရေးမိလိုက်တယ်လေ . ဒါတွေက သူ့တိုကို အမှတ်ရလို့ အိမ်မက်မက်တဲ့ အကြောင်းပေါ့ .... အိမ်မက်တွေနဲ့ ပြောင်းပြန်ဖြစ်ပါစေလို့ တရေးနိုးမှာ