Saturday, October 24, 2009

မေမေကပြောတယ်

........... ကျနော့် မေမေကပြောတယ် ..
...........ငါ့သား ... မကောင်းမှုတွေကို ..တွေ့နေတယ်ဆိုရင် .. ပထမဆုံး အကြိမ်မှာ မလုပ်မိအောင်ကြိုးစားပါတဲ....
...........ကျနော်စဉ်းစားတယ် ... အမေ့ရဲ့ စကားတွေကို ... အမေဘာကိုဆိုလိုတာပါလိမ့်.လို့ ...... . အမေဆိုလိုချင်တာက.....

...........ဘယ်လို မကောင်းမှုအမျိုးအစားပဲ ဖြစ်ဖြစ် ... စတွေ့ကတည်းက ပထမအကြိမ်ပဲလေ... အဲ့ဒီ့အချိန်မှာ ကိုယ်ကနေ ...
...........ရှောင်နိုင်အောင် ကြိုးစားရမှာ ... တွေ့လေ ရှောင်လေပဲ . ဒါမှ အမေဆိုချင်တဲ့ အဓိပ္ပါယ်ကို ပိုင်နိုင်သွားပါတယ် ....
...........အမေက သားကို လွယ်လွယ်နဲ့ မှတ်မိလွယ်အောင် လုပ်ပေးလိုက်တာပဲလို့ ... သဘောပေါက်မိတော့တယ် .....
...........စကားတစ်ခွန်းကြားဖူးတယ်... “ကောင်းစရှိရင် ကောင်းချင်ချင်၊ ဆိုးစရှိရင် ဆိုးချင်ချင်” ဆိုတာလေ...
...........မှန်လိုက်တဲ့စကား ... လုပ်လေ့လုပ်ထ ရှိတာတွေက အကျင့် ဖြစ်သွားတာပါ... ဥပမာ . ဘီယာအရက်ကို ငါအရွယ်ရောက်ရင်
...........မသောက်ဘူလို့ ဆုံဖြတ်ခဲ့ပေမဲ့ .သူငယ်ချင်း အပေါင်းအသင်းနဲ့ တွေ့ရင် အတင်းတိုက်လို့ပဲဖြစ်ဖြစ် .. ကိုယ်က လူငယ်စိတ်ရှိလို့..သောက်ချင်စိတ်ရှိနေတယ်ပဲဖြစ်ဖြစ် ...
...........သောက်ချင်စိတ်ပေါက်နေတတ်တယ် . အဲ့ဒီအချိန်မှာ လမ်းလွဲသွားတတ်တယ် .အမေပြောတဲ့ ပထမအကြိမ်ကိုက ရှောင်ဖို့ဆိုတာ.
...........ကဲ မရှောင်သာလို့ သောက်လိုက်ပြီပဲ ထား... နောက်တစ်ခါဆိုမသောက်တော့ပါဘူးဆိုပြီး စိတ်တင်ထားလိုက်မိတယ် ...
...........နောက်တစ်ခါကြုံတဲ့ အခါကြတော့ .. အင်း ငါရှောင်တော့မယ် လို့ ဆုံးဖြတ်ထားတာ . အရင်တစ်ခါတုန်းကသောက်တာ ဘာမှ မဖြစ်ခဲ့တာ ... ခုတစ်ခါလည်းဘာမှမဖြစ်ပါဘူး ကွာ ဆိုပြီး .. ထပ်ချမိပြန်ရော .. အဲ့ဒီလိုနဲ့ ဇာတ်လမ်းတွေက ဆင့်သထက်ဆင့် .. လာပြီး လုပ်စရှိရင် လုပ်ချင်ချင်ဖြစ်ပါကောဗျာ...
..........အကယ်၍ ပထမအကြိမ်ရှောင်ခဲ့တယ်ဆိုရင်ကောတဲ့... ဒါဆိုရင်တော့ နောက်တစ်ကြိမ်ထပ်တွေ့ခဲ့မယ်ဆိုရင် ..“ အင်း ငါ.ပထမအကြိမ်တုံးကတောင် ရှောင်နိုင်သေးတာ .. ခုဘာလို့ မရှောင်နိုင်ရမှာလဲပေါ့... ဒီလိုနဲ့ မသောက်ဖြစ်အောင် နေနိုင်သွားပါလိမ့်မယ်...
..........အကောင်းတွေ လုပ်စရှိရင် ထပ်လုပ်ချင်မိတယ် .. ပျင်းစရှိရင်လည်း ပျင်းချင်လာပြန်ရောဗျာ ..စိတ်တွေက ကျက်စားရာကို ပဲ ပြန်လည်ကျက်စားတတ်တဲ့သဘောကြောင့်ပါ .. ဥပမာ စကားတစ်လုံး ပေါ့. သူ့ကို သုံးစရှိရင် သူနဲ့ တိုက်ဆိုင်မှုတွေပေါ်လာတိုင်း သုံးနေမိမှာပဲ ခုလို လူနေမှုအကျင့်စရိုက်တွေနဲ့ပတ်သက်လို့ ဖြစ်တတ်တာလေးတွေပါ ... ဒါတွေက ကျနော်တို့ ငယ်ငယ်က သင်ခဲ့တဲ့ သင်္ချာတွေထဲက X,Y ၀င်ရိုးလိုပဲ ပေါ့ဗျာ ... အပေါင်းဘက်ကနေ သုံညအထိ အဲ့ဒီကနေ အနုတ်ဘက်ကိုပြောင်းသွားရော ခု ကျနော်တို့ နေတာက အလယ် သုံညမှာလို့ ဆိုချင်တယ်ဗျာ
...........အကျင့်တွေက အပေါင်းဘက်ကို တိုးမယ်ဆိုရင် ကိန်းတွေက ထပ်တန်ဖိုးတက်လာမှာ . အနုတ်ဘက်ကိုတိုးမယ်ဆိုရင် ဆက်နုတ်သွားတာပါ .. ဒီလိုပဲ အကောင်းဆိုရင် အကောင်းချည်း ဆက်ဖြစ်မယ့်သဘောပါ...အနုတ်ဆိုရင်လည်း မပြောနေနဲ့တော့ စလန်သအောင် ဆိုးတဲ့ အဖြစ်တွေ ထပ်ကြုံလာလိမ့်မယ် ..... .. ဖြစ်စေချင်တာကတော့ ဒီသဘောလေးကို ကျနော်တို့ စိတ်ထဲ ဖော်မြူလာလေးသဖွယ်ထားပြီး ပြုလုပ်ကြည့်ဖို့ပါ
...........ကောင်းတာလေးတွေကို အကျင့်ပါအောင်လုပ်ဆောင်ကြဖို့ပါ... မဟုတ်ရင် တော့ လူ့ဘ၀ဟာ ရခဲတယ်လို့ပဲ ဆိုချင်ပါတယ်
...........ဒါပေမဲ့ လူတိုင်းဟာ သူတို့ဘ၀လေးမှာ ကောင်းတာလေးတွေပဲဖြစ်ချင်ကြတာချည်းပါပဲ . .. ဘာလို့ ကောင်းတာ မဖြစ်တာလဲ ဆိုရင် သာမန်အားဖြင့်လူ့စိတ်ဟာ မကောင်းမှုဘက်ကို ပဲ သွားနေပါတယ် .. အဲ့လို သွားနေတာတွေကို အကျင့်ဆိုတဲ့ အ၇ာလေးနဲ့ ထိန်းပေးမယ်ဆိုရင် မဖြစ်နိုင်စရာ ဘာရှိလဲလို့ ကိုယ့်ကိုယ်ပြန်မေးရဲတဲ့ အထိတောင် သတ္တိတွေ တိုး လာပါလိမ့်မယ် ... ....
............အားလုံး အဆင်ပြေကြပါစေဗျာ ...
............ ကျနော် စိတ်ထဲ ရှိတာလေးတွေ နောက်ဆက်ရေးပါအုံးမယ်... ..

2 comments:

Anonymous said...

မထင်မှတ်တဲ့အရာတွေက တစ်ခါတစ်ခါ မှာ ထထ ကတတ်တယ်နော် . သတိထားနေကြဖို့ အသိပေးချင်ပါတယ်

obey said...

မှန်တယ်ဆိုရင်လုပ်လိုက်ပါ
လောကကြီးမှာ ကိုယ်ဖြစ်ရင်ကိုယ်ခံပဲလေ