Tuesday, December 29, 2009

၇။ ကြေကွဲခြင်း အပိုင်းအစ အနည်းငယ်

လူသားနှင့်ပတ်သက်ပြီး ကြေကွဲခြင်းသည် နှလုံးသာကို ဗဟိုပြုပြီး ဖြစ်ပွားသော စိတ်ဒဏ်တစ်ရပ်ဖြစ်တယ်လို ဆိုချင်တယ်ဗျာ နှလုံးသားကြေကွဲရာမှာ အမျိုးမျိုးရှိတတ်ပါတယ် တစ်ချို့က ချစ်သူနှင့်ပတ်သက်၍ . တစ်ချို့က မိသားစုနှင့်ပတ်သက်၍ . တစ်ချို့က ကိုယ်ကိုယ်တိုင်နှင့်ပတ်သက်၍. အဖုံဖုံပေါ့ ..........

Friday, December 18, 2009

၆။ မိတ်ဆွေဟူသည်

      မိတ်ဆွေသည် ချောက်ကပ်ခြင်းတွေကို စိုပြေစေသည် လေလွင့်ခြင်းတွေကို တည်ငြိမ်စေသည် မသည်းကွဲတဲ့ အမြင်တွေကို ကြည်လင်စေသည်  ဘယ်လိုမှမျှော်လင့်မထားတာတွေကို သူတို့က ဆောင်ယူပေးတယ်.............. မိတ် ဆိုတာ ဧည့်သည်ကိုဆိုတာဖြစ်မည် ဆွေဆိုတာက ဆွေမျိုးကို ဆိုချင်တာဖြစ်မည်  စကားလုံးတွေသည် အလိုလိုဖြစ်လာတာမဟုတ်  အကြောင်းအချက်ကို  ဦးတည်ပြီး ဖြစ်ပေါ်လာတာတွေပဲဖြစ်ပါတယ်
သို့ကြောင့်
ဆွေမျိုးလိုသဘောထားရသော ဧည့်သည်ကို မိတ်ဆွေလို့ ခေါ်ခြင်းဖြစ်မည်... ခုလူမှုရေးအသိုင်းအဝိုင်းတွေမှာ ဆိုစမှတ်ပြုထားတဲ့ စကားပုံ တစ်ခုကို အမှတ်ရနေမိတယ်...
“ခင်ရာဆွေမျိုး ...မိန်ရာဟင်းကောင်း” ဆိုတာလေ တစ်ချိုဆွေမျိုးတွေက တော်စပ်ကြပေမဲ့ စိတ်ဓါတ်တွေ ညံ့ဖျင်းမှုတွေကြောင့် စိမ်းကားနေတတ်ကြတယ် ဒါတွေကို အခြေတည်ပြီး စကားပုံထွက်လာတာလေ
ထမင်းမိန်စေဖို့ ဟင်းကောင်းမလိုပါဘူး ထမင်းမိန်ဖို့သာ အဓိကပါ ခုလည်း ဆွေမျိုးက မိတ်ဆွေ မဖြစ်ပဲ ခင်မင်တဲ့သူကသာ မိတ်ဆွေဖြစ်တယ်လို့ ဆိုချင်တာပါ ဘဝမှာ မိတ်ဆွေဆိုတာ အရမ်းအရေးကြီးတယ် ဗျာ
မိတ်ကောင်းဆွေကောင်းခွဲခြားတတ်ရပါမယ် မိတ်ကောင်းဆွေကောင်းရဖို့ ကိုယ်ကိုယ်တိုင်ကလည်း မိတ်ကောင်းဆွေကောင် စိတ်ဓါတ်ရှိရပါမယ် ဒါမှ မိတ်ဆွေဆိုတဲ့ အဓိပ္ပါယ်လမ်းပေါ်လျှောက်နိုင်ပါလိမ့်မယ် မိတ်ဆွေဆိုတဲ့ ဝေါဟာရကိုပိုင်ဆိုတဲလူက အကျိုးစီးပွားကိုပဲ ဆောင်တယ် ပျက်စီးခြင်းကို မဆောင်ဘူး တစ်ချို့ပြောကြတယ် အတုအစစ်ဆိုပြီးတော့ . ကျနော်ကတော့ မိတ်ဆွေက မိတ်တွေပဲ သိတဲ့လူမှန်သမျှတော့ မိတ်ဆွေမဟုတ်ဘူး ဗျာ . ကိုယ်ကတော့ လက်ကမ်းပါတယ် ဒါပေမဲ့ သူတို့က လက်မကမ်းဘူးဆိုရင်လည်းနေလိုက်ပေါ့လေ ။။။ ဒါပေမဲ့ အမြဲတံခါးဖွင့်ထားဖို့တော့ လိုလိမ့်မယ်ဗျာ .. အသက်တွေက တစ်နေ့တနေ့ တစ်နှစ်တစ်နှစ်နဲ့ ကြီးလာကြတာတွေကို သတိထားမိမှာပါ အသက်တွေကြီးလာပေမဲ့ ဘာတွေလုပ်ရမယ်ဆိုတာကို မသိကြတာ ကျနော်အပါအဝင်အားလုံးပဲပေါ့ဗျာ ခုလို ရခဲတယ်လို့ ဆိုချင်တဲ့ ဘဝတစ်ခုမှာပေါ့ ကို်ယ်နဲ့ဆက်သွယ်နေတဲ့အရာတွေကိုဘေးချိတ်ထားလိုက်ပါအုံး မိတ်ဆွေဖြစ်အောင်နေဖို့နဲ့ မိတ်ဆွေတွေနဲ့ လက်တွဲပြီး ကောင်းကျိုးတွေကို ထမ်းနိုင်အောင် စိတ်ထဲ ထည့်ထားဖို့ ပြောချင်ပါတယ် ဘာပဲဖြစ်ဖြစ်ပေါ့ ကိုယ်တတ်နိုင်တယ်ထင်တာကိုပါ မတတ်နိုင်သေးတာကို မဆိုလိုပါ .တစ်ချို့တွေ့ပါတယ် ကိုယ်ကူညီနိုင်လိုက်သားနဲ့ မကူညီပဲ နေတာတွေလိုပေါ့၊ဗျာ ကူညီနိုင်တယ်ဆိုရင် ကူညီကြပါ မကူညီနိုင်တာဆိုရင်ထားပေါ့ ဘာပဲဖြစ်ဖြစ် စကားလုံးလေးတစ်လုံး အကြံဉာဏ်လေးတစ်ခုက လူတစ်ယောက်ကိုပြောင်းလဲစေတတ်တယ်တဲ့ ပံပိုးကြည့်လိုက်ပါ  ခုနေနေရတဲ့ ... ဘဝကို အတင်းအကျပ်ကြီးထည့်မတွက်ပါနဲ့ ဖြစ်နေတဲ့ဘဝကို လိုက်ရောညီထွေစွာ လက်ခံတတ်ဖို့နဲ့ ဦးနှောက်ကိုသုံးပြီး လုပ်သင့်မလုပ်သင့် ချင့်ချိန် စဉ်းစားတတ်ဖို့တွေပါ ... တစ်ချို့ လူငယ်တွေပေါ့ ဘဝ ဆိုတာကို စကားထဲ သိပ်ထည့်မပြောချင်ကြဘူး ။ ဘဝလို့ပြောလိုက်ရင် သူတို့နဲ့မဆိုင်သလို စကားကြီးစကားကျယ်ပြောတယ် ထင်တတ်ကြတယ် (ကျနော်မပါ) ။ ဒါမဖြစ်သင့်တာပါ ။ ဒါပေမဲ့ သူတို့ ဘဝကိုသေချာ မတွေ့ထိကြသေးလို့ပါ ...။ တကယ် အထိနာဖူးသူ လဲကျဖူးသူတွေဟာ ဘဝအကြောင်းတွေနဲ့ တော်တော် ရင်းနှီးကြတယ် ။သူတို့စကားတွေမှာ ဘဝဆိုတဲ့ ဝေါဟာရက ဖုန်းလွမ်းနေတတ်ပါတယ်။ .ခုလည်း ဘဝအတွင်းမှာ မိတ်ဆွေဆိုတာကို ပြောရင်း မိတ်ဆွေကနေ ဘဝကို ပြုပြင်ပြောင်းလည်းမှု တပိုင်းတစ သက်ဆိုင်နေတာကို သိစေချင်တာပါ ............. အရင်ဆုံးကိုယ့်စိတ်ကို မှန်ကန်ရိုးသားစွာ အရင်ပျိုးထောင်ပါ ပြီးမှ နောက်ဆက်တွဲတွေ ဆက်လက်လုပ်ဆောင်ပါ လောကကြီး သင့်ကို လေးစားမှုနဲ့ တုံ့ပြန်လာပါလိမ့်မယ် . လောကကြီးဟာ ဘဏ်တိုက်တစ်ခုလိုပါပဲ ကိုယ့်ဆီမှာ ပိုက်ဆံ မရှိရင် ဘဏ်မှာအပ်လို့မရဘူး  ပိုက်ဆံရှိမှအပ်လို့ရတာပါ ဒါမှ အကျိုးအမြတ်ဆိုတာ ထွက်လာမယ် ခုလည်း မိတ်ဆွေစိတ်ဓါတ်ကို ကိုယ့်ဆီမှာ အရင်မွေးပါ ပြီးမှ လောက ဆိုတဲ့ ဘဏ်မှာအပ်ပါ ............ပြီးရင် မိတ်ဆွေဆိုတာတွေ ထပ်ထွက်လာပါလိမ့်မယ် ... မိတ်ကောင်းဆွေကောင်းတွေ တိုးပွားပါစေ .မိတ်ဆွေကောင်းစိတ်ဓါတ်တွေ မွေးမြူရင်းပေါ့ .........................

Monday, December 7, 2009

၅။ သံဝေဂ အနည်းငယ်

    ချစ်တယ်. ခင်တယ် . မုန်းတယ် .. မြတ်နိုးတယ် . တွယ်တာတယ် . လုပ်ဆောင်တယ် . ကြီးပြင်းကြတယ် . နာကြတယ် .. အိုကြတယ် .. နောက်ဆုံးသေဆုံးကြတယ် ... ဒါတွေဟာ လူ့ဘ၀မှာဖြစ်ပေါ်နေကြတာပါ .
ဒါတွေနဲ့ ပတ်သက်ပြီး သံဝေဂဆိုတာဘာလဲ လို့မေးမယ် ဆိုရင် . သံဝေဂဆိုတာ.........