Saturday, September 17, 2011

လက်ဦးမှု ရှိပြီးသား



ကျနော်တို့တတွေ ယခု ကျနော်တို့ ရနေတဲ့ ဘဝအတွက် ကျေနပ်ပါပြီလို့ ဆိုတဲ့သူ ခပ်ရှားရှားပါ ။ မလိုချင် ဖြစ်နေတဲ့သူ နဲ့ ရနေတဲ့ အခြေအနေကနေ ဒီ့ထက်ကောင်းတာကို ရလို့ရငြား ဆက်လှမ်းနေတဲ့သူတွေဆိုပြီး အများအားဖြင့်ရှိကြပါတယ် ။ တချို့ကလည်း ဘဝအတွက် ကောင်းမွန်တဲ့ အားထုတ်မှုတွေကို လုပ်ဖို့ အချိန်မရဘူးဆိုပြီး ပြောတတ်ကြသေး ။ ဟုတ်တော့လည်း ဟုတ်ပါတယ် အလုပ်ဝင်နေတဲ့သူတွေမှာ သာမန်အမြင်အားဖြင့် ကြည့်မယ်ဆိုရင် အားဖို့နေနေသာသာ နိစ္စဒူဝအလုပ်တွေနဲ့ မအားလပ်ကြပါဘူး ။ လက်ရှိ ဖြစ်ပျက်နေတဲ့ ဘဝအကြောင်း တွေးဖို့နေနေသာသာ ယားလို့တောင် ကုပ်နိုင်တာ မဟုတ်ဘူးဟု တချို့က ဆိုကြပြန်လေတော့ … မိမိအမြင်မှာဖြင့် ..ခက်သည်ထက် ခက်သည်ပဲ ပြောချင်ပါတော့တယ် ။ အဲ့ဒီလို သေသည်အထိ မအားဘူး၊ အချိန်မရှိဘူး ဟုငြင်းဆိုနေမည်ဆိုလျှင်တော့ လူဖြစ်ကျိုး နပ်သည်ဟု အသိဥာဏ်ရှိသောသူ မည်သူမဆို ယူဆကြမည်မဟုတ်ပါ လို့ ပြောချင်ပါတယ် ။

Thursday, September 15, 2011

ချစ်ခြင်းမည်သည်

ချစ်သည် မချစ်သည်
ချစ်သည်လည်းရှိသည် မချစ်သည်လည်းရှိသည်
ထိုအထဲ တဖက်စွန်းကျလာရင်တော့
မုန်းသည်လည်း မည်လိမ့် မည် ။

အချစ်သည် အချစ်မမည်လေသောအခါ
စိတ်ပျက် ငြီးငွေ့ခြင်းတွေ ရှင်သန်လာမည်
သူ့ရင်မှာတစ်ခု ကိုယ့်ရင်မှာတစ်ခု
ချစ်သစ်ပင်တွေ စိုက်ပျိုးထားလေတော့
မြေတောင်မြှောက် ရေလောင်းပေးမှ
လန်းဆန်းတက်ကြွ ရှင်သန်လေမည် ။

တစ်စုံတစ်ခု ပယောဂကြောင့်
ရေသောက်မြစ် ပိန်လှီးနေခဲ့ရင်လည်း
သင်ကိုယ်တိုင် ကိုယ့်တာဝန်အဖြစ်
ရေလောင်းဖို့ မမေ့လေနှင့်
မြေဆီကြွေးဖို့မမေ့လေနှင့်
နေရောင်ချည်းလည်း ရပါစေ
လောင်းရိပ်လည်း ကင်းပါစေ
ဒါမှ ရင်ခွင်တည်ရှိ ချစ်သစ်ပင်လည်း
ရှင်သန်ဖြိုးမောက် အချစ်မည်လာမည်။

သူ့အတွက် ကိုယ်ကြည့်လေတော့
ကိုယ့်အတွက် သူမကြည့်လေသလား
အတွေးမမှားစေနှင့်
သူသည် ခံစားမှုကင်း စက်ရုပ်မဟုတ်လေတော့
သင်သို့နှယ် သူသည်လည်း အသက်ရှူလိမ့်မည် ။

အချစ်သည် လုပ်ယူ၍မရပါဟုဆိုသော်လည်း
အချစ်ဖြစ်လာရင်တော့ လုပ်ယူမှ ရှင်သန်ပါလိမ့်မည် ။
အချစ်ကို အချစ်အဖြစ်တည်ရှိလာဖို့
ချစ်တာတွေထပ်လောင်းမှ ချစ်သက်ရှည်လိမ့်မည်။

ဘာနေ
15-9-2011

Monday, January 24, 2011

Internet

Internet


အင်တာနက်နဲ့ ပတ်သက်လို့ ကျနော့် ဖြတ်သန်းလာတဲ့ အတွေ့အကြုံကို ခုမှစသုံးမဲ့ လူငယ်တွေအတွက် ပြောပြချင်ပါတယ် ..ဒါကြောင့် Internet ဆိုပြီး ခေါင်းစဉ်တစ်ခုတပ်လိုက်တာပါ. သူ့ရဲ့ အဓိပ္ပါယ်ကတော့ International နဲ့ net ပေါင်းစပ်ပြီး ဖြစ်ပေါ်လာတာပါ .. international ဆိုတာက နိုင်ငံတကာနှင့်သက်ဆိုင်သော ဟု အဓိပ္ပါယ်ရပြီး net ဆိုတာက ကွန်ရက် ဆိုပြီး အဓိပ္ပါယ်ဆောင်ပါတယ် .. ဒီနှစ်ခု ပေါင်းစပ်ပြီး နိုင်ငံတကာကွန်ရက် ဆိုပြီး သတ်မှတ်ချက်ပါ… အစကတော့ ကျနော်လည်း သိပ်မသိဘူးဗျ ဒီအဓိပ္ပါယ်ကို နောက်မှ ပြန်တွေးကြည့်မှ ဒါကိုပြောတာကိုး ဆိုပြီး သိလိုက်တာ … .. ဟုတ်ပြီ အင်တာနက်ကိုနားလည်ပြီဆိုရင် ပြီးပြီပေါ့ ခေါင်းစဉ်က ကိုက Internet အတွက်ပဲလေ … ။ :P

Thursday, January 20, 2011

ဒို့ခေတ်လူငယ်

လူငယ်တစ်ယောက်ကို ပြောချင်သော စကားလေးများ


ကျနော်ဒီခေါင်းစဉ်ကိုတပ်လိုက်လို့ ကျနော်လူကြီးဖြစ်နေသလားလို့ စဉ်းစားစရာပါ ဟုတ်ကဲ့ လူငယ်လေးတွေထက်စာရင် လူကြီးပါ.. ခုခေတ်ဆယ်ကျော်သက်တွေထက်စာရင် လူကြီးတစ်ယောက်လို ကျနော် နေနေရလို့ပါပဲ .. ဘာလို့ ဒီအကြောင်းရေးချင်တာလဲဆိုရင် တခါတခါ ညီငယ် ညီမငယ်တွေကို ဒါတွေ သိစေချင်တယ် လုပ်စေချင်တယ် ဘယ်အရာက မှားတယ် ဘယ်အရာက မှန်တယ်ပေါ့ ကိုယ့် ဦးနှောက်နဲ့ နိုင်သလောက် တွေးတောပေးတဲ့သဘောပါ … လူငယ်အများစုက သူတို့လုပ်နေတဲ့ အကြောင်းအရာတစ်ခုခုကို မှားသလား မှန်သလား မစဉ်းစားဘူး လုပ်ချင်စိတ်ကို ဦးတည်နေကြတာများတယ် အဲ့ဒီမှာ မမှားသင့်တဲ့ အမှားတွေ မှားကုန်ရော .အချိန်မလင့်သင့်ပဲ လင့်ကုန်ရော .. ဒီတော့ ရသင့်တဲ့ အကျိုးတွေ နည်းကုန်တာပေါ့ဗျာ…. တန်ဖိုးတွေလည်း လျော့ကုန်ရော ……… အဲ့ဒီမှာ

Wednesday, January 19, 2011

“အမေ”

“အမေ”


အမေဆိုတဲ့ စကားလုံးတစ်လုံးကို ကျနော်တို့ စိတ်မှာပဲ. ထင်ထင်.. နှုတ်ကပဲ …ရွတ်ရွတ် အမေ့မျက်နှာက စိတ်မျက်နှာပြင်မှာ ပီပြင်တဲ့ အပြုံးနဲ့ ပေါ်လာစမြဲပါပဲ . ကျနော်တို့ ဘယ်အချိန် ဘယ်ကာလ ဘယ်အသက်အရွယ်ပဲ ရောက်ရောက် အမေဆိုတာ ကျနော်တို့ရင်ခွင်မှာ ပြောင်းလဲခြင်းမရှိခဲ့ဘူး ဘာလို့လဲဆို ဘာပဲဖြစ်ဖြစ် နောက်ဆုံး အမေ့ကိုပဲ တမ်းတမိတဲ့ လူသားတွေလေ . ကျနော်တို့ အခက်အခဲကြုံတိုင်း တမ်းတမိတာ အမေပဲ ဘာလို့လဲဆိုရင် မဖြစ်နိုင်လွန်းလို့နောက်ဆုံး ရင်ထဲမှာ မှီခိုရာကတော့ အမေ့အရိပ်ဆိုတဲ့ မှီခိုခြင်း ကျောက်တိုင်ဆီကိုပဲ ကျနော်တို့ ချဉ်းကပ်သွားကြစမြဲ ဦးခိုက်စမြဲပါ တစ်ခုခု အမှား လုပ်မိချိန် သို့မဟုတ် ပျက်စီးချိန် သို့မဟုတ် စိတ်ခံစားချက် များ ဖိစီးချိန်မျိုးမှာ ကျနော်တို့ တမ်းတမိတယ် အမေ့ကိုလေ…………. “အမေရယ် သားအဖြစ် /သမီး အဖြစ်ကို လာကြည့်ပါအုံး”လို့ ဆိုပြီး ကြေကွဲရင်းတမ်းတမိတတ်ကြပါတယ် .. ဒါဟာလည်း ကျနော်တို့နှလုံးသားမှာ အမေဆိုတာ အသက်ရှင်လို့ပါ…. အမေနဲ့ ဝေးကွာနေပေမဲ့ အမေဟာ နှလုံးသားထဲမှာ အသက်ဝိဥာဉ်တစ်ခုအနေနဲ့ ရှိနေတယ်လို့ သိနေရတယ် …….ဒါပေမဲ့ အများစုက သာယာမှုတွေကြားမှာ အမေ့ကို အဖက်မလုပ်ချင်ကြဘူး ……..ဒုက္ခရောက်ချိန်မှ အမေ့ကို တမ်းတကြတယ် .. တရားသလား မတရားဘူးလား ဆိုတာကိုတော့ ကျနော် မပြောတတ်ပါ ……… တရားခြင်း မတရားခြင်းဆိုတာကတော့ ကိုယ့်စိတ်က သတ်မှတ်ချက်ပါ ……..ကျနော်တို့ အမေ့ကျေးဇူး ရှိတာကို လက်ခံကြတယ်