Saturday, May 29, 2010

ကျနော် ငယ်ငယ်

      ကျနော် အကြောင်းကိုကျနော် ပြန်အမှတ်ရစေဖို့ ဒိုင်ယာယီသဖွယ် ပြုစုမယ်လို့ ရည်ရွယ်ခဲ့တာ
ခုထိပဲဆိုပါတော့ မရေးဖြစ်သေးဘူး ဒီနေ့ ဘလော့ဂါတစ်ယောက်ရဲ့ ဆိုဒ်မှာ သူ့အကြောင်းဖော်ပြထားတာတွေ့တော့ ကျနော်လည်းကိုယ့်အကြောင်းကိုယ်ရေးဖို့ စတင်တော့တာပဲ . ဒါက အစပဲ.
         ကျနော်က ခုမှသာ ကွန်ပြူတာကို လက်နဲ့ ရင်းနှီးနေတာ ငယ်ငယ်ကနေ ဘွဲ့ရတဲ့အထိ ကွန်ပြူတာကို မကိုင်ဖူးဘူး သေချာ လည်း မမြင်ဖူးဘူး .

Thursday, May 27, 2010

မှန်တစ်ချပ်လိုတယ် ...


       ငယ်ကလဲငယ်၊ အနှောင်အတွယ်ကလဲကင်း၊
ငါ့ စိတ်ကူးတွေဆိုတာ တားဆီးမဲ့ ဟင်းလင်း၊
ကမ္ဘာလောကကြီးကိုပြောင်းပစ်မကွဲ့ -
ငါအိပ်မက်မက်ခဲ့တယ်...၊

ကြီးလဲကြီးလာ၊ ပိုလဲသိလာ၊
လောကဆိုသဟာ မပြောင်းပါ၊
ငါ့ မှာသာအမြင်တွေ လျှော့ပစ်ရ၊
လောကကြီးကိုထား၊
ငါ့ရွှေပြည်အား တစ်ခုခုပြောင်းပေးမယ်နော်
ငါကြွေးကြော်၊

သို့သော်....သင်းကနည်းနည်းမှ ..ရွေ့မယ့်ပုံမပေါ်
ဘ၀ဆည်းဆာနေ၀င်မဲ့ အချိန် ငါရောက်လို့လာ
သည်တစ်ချိန်နောက်ဆုံးကြိုးပန်မှု
အနီးဆုံး ငါ့မိသားစုမှာသာ
ပြောင်းလဲစရာ - ငါရှာ  ရှာသာရှာ ဘယ်မှာမှ ငါမတွေ့ ။

ခုဖြင့်သည်မှာ .....မရဏ စက်ပေါ်
သေမင်းကခေါ်ဖို့ ........ ချောင်း
လျောင်းနေ၇ပြီ။

သိပြီကွာ (ဒါ .ပထမဆုံးအကြိမ်ဖြစ်နိုင်ရဲ့)
ငါ့ကိုယ်ငါသာ  ဦးဆုံးပြောင်းလဲခဲ့ရင်
မိသားစုပါ ပြောင်းနိုင်မှာပင်
သူတို့ကူညီ ပံ့ပိုးမှုနဲ့
ရွှေပြည်သားတို့အတွက်ကောင်းမှု
ငါပြုနိုင်ကောင်းရဲ့   အဲသည်အခါ --
လောကကိုပါငါပြောင်းနိုင်ကောင်းမှာပါ
ဒါကို ဘယ်သူသိနိုင်မှာလဲ။

when i was young and free my imagination had no limit
i dreamed of changing the world.

as i grew older and wiser , i discovered the world would not change
so i shortened my sights somewhat
and decided to change only my country.

but it , too seemed improvable.

as i grew into my twilight year,in one least desperate attempt,
i settled for changing only my family,those closest to me,

but alas,they world have none of it.

and now as lie on my deathbed,i suddenly realize;
if i had only known myself first , then by example
i would have changed my family.

form their inspiration and encouragement,
i would then have been able to better my country and,

who knows, i may even changed the world.
 
By. anonymous

Sunday, May 23, 2010

သူ သို့ မဟုတ် ငါ

ကျုံမငေး မောင်ဝင့်သူ ရဲ့  ကဗျာလေးပါ  ဖတ်ကြည့် ရအောင်......

* ငါ့၌ မရှိ
   သူ့၌ ရှိ
   ရှိကား .. ရှိ၏ ၊ သူ မသိ
   ငါ မြင်တွေ့ ၏ ၊ ငါသိ၏ ။

* သူ့၌ မရှိ
   ငါ့၌ ရှိ
   ရှိကားရှိ၏ ၊ ငါ မသိ
   သူမြင်တွေ့၏ ၊ သူသိ၏ ။

* ငါမြင်ပါသည်
   ငါသိသည်
   သူသည် အတ္တ ၊ ကြီးလွန်းစွဟု ၊

  *သူမြင်ပါသည်
    သူသိသည်
    ငါသည် အတ္တ ၊ ကြီးလွန်းစွဟု  ။

* သြော်..........အတ္တ ကြီးမာ
   သူပင်လားလေ ၊ ငါလားလေဟု
   အဖြေထုတ်ကြည့် ဆင်ခြင်ကြည့်မှ
   နတ္ထိ အတ္တ ၊ ရှာ မရပြီ
   ဘဝ မျက်ကန်း ၊ ဖြစ်ကြမှန်းကို
   စူးစမ်း သိရှိ ပါတော့ ၏ ။ ။ ။