Monday, August 17, 2015

နေ့ဓတူဝ တန်ဖိုး

ကျနော် အမြဲလိုလို ဘဝနဲ့ ပတ်သက်ပြီး တွေးဖြစ်သည် ။
အတွေးတိုင်းမှာလည်း ဘဝကို ဘယ်လိုနေရင် အကောင်းဆုံးဖြစ်မလဲဆိုတဲ့ အတွးက အမြဲအခြေခံဖြစ်သည် ။ အဲ့ဒါက တပိုင်းဖြစ်သည် ။
တနေ့က ဘေးအိမ်က ဖွင့်တဲ့ တရားတစ်ပုဒ်နာဖြစ်သည် .။.အဲ့ဒီတရားကြောင့် ကိုယ့်ကိုယ်ကို ပြန်တွေးမိပြီး ဆုံးဖြတ်ချက် တစ်ခု ချမိသည်။
ဆုံးဖြတ်ချက်သည် နေ့စဉ် .............
ကိုယ့်ကိုယ်ကို အကြိမ်ကြိမ် ပြန်ပြောဖြစ်ဖို့ အလေ့အကျင့်တစ်ခု ချမှတ်ရန်.ဖြစ်သည်။
အဲ့ဒီအကျင့်ကို  နေ့ဓတူဝ အလုပ်တွေကြားမှာ စိတ်နဲ့ ကိုယ်နဲ့ ကပ်နေတဲ့ အချိန်တိုင်း .. ပြန်ပြီး အမိန့်ပေးနိုင်ဖို့  ဖြစ်သည်...။
အဲ့ဒီအကျင့်က စကား တစ်ခွန်းသာ ဖြစ်သည် ။ ဘုရားဟောတဲ့ တရားလည်း ဖြစ် .. အကျိုးများတဲ့ အရာလည်း ဖြစ်သည်မို့ ... ကိုယ့်ကိုယ်ကို
(မင်း ဒီတရားနဲ့ ပြည့်အောင်နေဟဲ့ )ဆိုပြီး အာဏာသံ ပါ ပါ အမိန့်ပေးနိုင်ဖို့ဖြစ်ပေသည် ။

အဲ့ဒီစကား တစ်ခွန်းက .. မြတ်စွာဘုရား နောက်ဆုံးမှာခဲ့တဲ့

အပ္ပမာဒေန သမ္ပါဒေဌ ....

(မမေ့မလျော့သော သတိဖြင့် နေပါ. ) ဟုဆိုသော စကားပင်ဖြစ်သည်။

သတိရဲ့ အကျိုးကျေးဇူးကို သိချင်ရင်ဖြင့် ကိုယ်ကိုယ်တိုင် လိုက်နာနိုင်ပါသည် ။


အချိန်အခါ အားလျှော်စွာ မြတ်စွာဘုရားရဲ့ကောင်းမြတ်သော တရားတွေကို ဆရာတော် သံဃာတော်တွေကတဆင့် နာကြားရတိုင်း သာဓု အကြိမ်ကြိမ်ခေါ်ဖြစ်သည် ။ အမြဲတစေလည်း ရိုသေစွာဖြင့် ရတနာသုံးပါးအား ရှိခိုးမိပါသည်။  မြတ်စွားဘုရားရဲ့ ကျေးဇူးဂုဏ်တော်တွေကို  ကြည်ညို မိပါသည် ။ မိမိကိုယ်တိုင်လည်း အဲ့ဒါတွေသည်ပင် ဘဝရဲ့ အနှစ်ဟု တွေးရင်း ကြည်နူးမိပါသည် ။


ဘာနေ .....