Wednesday, January 19, 2011

“အမေ”

“အမေ”


အမေဆိုတဲ့ စကားလုံးတစ်လုံးကို ကျနော်တို့ စိတ်မှာပဲ. ထင်ထင်.. နှုတ်ကပဲ …ရွတ်ရွတ် အမေ့မျက်နှာက စိတ်မျက်နှာပြင်မှာ ပီပြင်တဲ့ အပြုံးနဲ့ ပေါ်လာစမြဲပါပဲ . ကျနော်တို့ ဘယ်အချိန် ဘယ်ကာလ ဘယ်အသက်အရွယ်ပဲ ရောက်ရောက် အမေဆိုတာ ကျနော်တို့ရင်ခွင်မှာ ပြောင်းလဲခြင်းမရှိခဲ့ဘူး ဘာလို့လဲဆို ဘာပဲဖြစ်ဖြစ် နောက်ဆုံး အမေ့ကိုပဲ တမ်းတမိတဲ့ လူသားတွေလေ . ကျနော်တို့ အခက်အခဲကြုံတိုင်း တမ်းတမိတာ အမေပဲ ဘာလို့လဲဆိုရင် မဖြစ်နိုင်လွန်းလို့နောက်ဆုံး ရင်ထဲမှာ မှီခိုရာကတော့ အမေ့အရိပ်ဆိုတဲ့ မှီခိုခြင်း ကျောက်တိုင်ဆီကိုပဲ ကျနော်တို့ ချဉ်းကပ်သွားကြစမြဲ ဦးခိုက်စမြဲပါ တစ်ခုခု အမှား လုပ်မိချိန် သို့မဟုတ် ပျက်စီးချိန် သို့မဟုတ် စိတ်ခံစားချက် များ ဖိစီးချိန်မျိုးမှာ ကျနော်တို့ တမ်းတမိတယ် အမေ့ကိုလေ…………. “အမေရယ် သားအဖြစ် /သမီး အဖြစ်ကို လာကြည့်ပါအုံး”လို့ ဆိုပြီး ကြေကွဲရင်းတမ်းတမိတတ်ကြပါတယ် .. ဒါဟာလည်း ကျနော်တို့နှလုံးသားမှာ အမေဆိုတာ အသက်ရှင်လို့ပါ…. အမေနဲ့ ဝေးကွာနေပေမဲ့ အမေဟာ နှလုံးသားထဲမှာ အသက်ဝိဥာဉ်တစ်ခုအနေနဲ့ ရှိနေတယ်လို့ သိနေရတယ် …….ဒါပေမဲ့ အများစုက သာယာမှုတွေကြားမှာ အမေ့ကို အဖက်မလုပ်ချင်ကြဘူး ……..ဒုက္ခရောက်ချိန်မှ အမေ့ကို တမ်းတကြတယ် .. တရားသလား မတရားဘူးလား ဆိုတာကိုတော့ ကျနော် မပြောတတ်ပါ ……… တရားခြင်း မတရားခြင်းဆိုတာကတော့ ကိုယ့်စိတ်က သတ်မှတ်ချက်ပါ ……..ကျနော်တို့ အမေ့ကျေးဇူး ရှိတာကို လက်ခံကြတယ်
..ဘာလို့လဲ တွေးကြည့်မယ်ဆိုရင် “ကျနော်တို့ဆိုတဲ့ သစ်ပင်လေးတွေ ဖြစ်လာဖို့ အမေဆိုတဲ့ ပင်မ ကနေ မွေးထုတ် ပုံတူကူး လူ့ဘဝထဲကို ကျေကျေနပ်နပ်ကြီး လွှင့်တင်ပေးခဲ့တာ” “အဲ့ဒါ အမေတွေပဲလေ” သူတို့မှာ စိတ်ကူးဆန္ဒတွေရှိကြတယ် ….သူတို့ သားသမီးတွေကို ငယ်ငယ်ကတိုင် အရွယ်ရောက်တဲ့ အထိ ပြုစု ပျိုးထောင်ကြတယ် ……. စိတ်ရောကိုယ်ပါ နှစ်ပြီး ကာကွယ်စောင့်ရှောက်ကြတယ်….. သူတို့ရဲ့ ဝိဥာဉ်တွေတောင် အသက်ရှင်နေစဉ်အတွင်း သားသမီးဘေးမှာ အမြဲလိုလို ရစ်ဝဲနေကြတယ်……. အဲ့ဒါကို အများခေါ်နေကြ မိဘ မေတ္တာ ဆိုပြီး သတ်မှတ်ကြတယ်…….။ အမေတွေမှာ ကိုယ့်သားသမီးကို ကြီးမြတ်စေချင်တယ်…. ပညာတတ်စေချင်တယ်……. လူတွေကို ဦးဆောင်စေချင်တယ်…………. ပရိတ်သတ်အလယ်မှာ ဂုဏ်ဝင့်စေချင်တကြတယ်…….. လောကရဲ့ အလှကို သိမြင်ခံစားစေချင်တယ် … လောကကြီးကိုလည်း နားလည်ခြင်းများဖြင့် ဖြတ်သန်းစေချင်တယ်…….. အချစ်၊အမုန်း၊ကြင်နာခြင်းတွေကိုလည်း အချိုးအစားမျှမျှတတနဲ့ လူ့ဘဝကို ဟန်ချက်ညီညီ ဖြတ်သန်းနိုင်ကြစေချင်တယ်…….. လောက အလှကို သူတို့ မခံစားခဲ့ရပေမဲ့ သူတို့မွေးထုတ်လိုက်တဲ့ သားသမီးတွေကို သာဝကျကျ လောကအလှကို ထိတွေ့စေချင်ကြတယ်……. တချို့မိဘတွေမှာ အဲ့ဒီစိတ်တွေကို ရင်ထဲမှာ ကိန်းအောင်နေခြင်းထက် ပိုပြီး အပြင်ကို ဆန်ထွက်ကျလာစေတတ်တယ် ဒီလိုမျိုးတွေပေါ့ “ ငါ့သားသမီးလေးတွေ ငါတို့လို့ ပညာမတတ် ကျောင်းမနေခဲ့ရ မဖြစ်ရလေအောင် ငါတို့ ကြိုးစားနေကြတာ” ..သူတို့မှာ “ငါတို့ ချွေး တွေ ကုန်ခန်းနေပါစေ ငါတို့ ကြွက်သားတွေ ဘယ်လောက်ပဲ ပျက်စီးနေပါစေ ငါတို့လက်တွေ ဘယ်လောက်ပဲ အသမာတက်နေပါစေ…. နေပူထဲလဲ အသားနေလောင် မည်းပြီး အလှပျက်မှာကို ထည့်မတွက်ဘူး” ဒါငါတို့ပေးနိုင်တာ ငါတို့သားသမီးတွေအတွက်ဆိုပြီး အားခဲ ရှေ့တက် ပန်းတိုင်ကို မနိုင့်တနိုင်နဲ့ ချီ .. သူတို့ လျှောက်လှမ်းနေတဲ့ ပန်းတိုင်က ရှေ့မှာ ပျက်စီးသွားရင်တောင် သူတို့ အားမလျှော့ဘူး . ဟန်မပျက်ဘူး တတ်နိုင်ရင် စိတ်ညစ်တဲ့ ပုံတောင် မပြဘူး ဘာလို့လဲဆို သူတို့ကို အားကိုးနေတဲ့ သားသမီးတွေ မျက်နှာမညိုးစေချင်လို့ ……။ နောက် “လောကအလယ်မှာ ငါ့သားသမီးတွေ မျက်နှာ မငယ်ရအောင် ဟဲ့ ” ဆိုပြီး ကိုယ့်ကိုယ်ကို မာန်တင်း စီးပွားတွင်းထဲ ခုန်ဆင်း ကျားရဲမကြောက် ဆူးခုလုတ် တွေနဲ့ ရင်းနှီးပြီး ဟန်ချက်မပျက်အောင် သူတို့ကြိုးစားတယ်……… “သူတို့ရဲ့ ရည်ရွယ်ချက်က သူတို့မဟုတ်ခဲ့ဘူး ……သူတို့မွေးထုတ်တဲ့ သားသမီးလေးတွေ ဖြစ်တယ်” ဒါကို ကျနော်လည်း အစက မသိခဲ့ဘူး …ငယ်ငယ်ကဆို ကိုယ်လိုချင်တာ မရလို့ ထိုင်ငို အပစ်တင်ခဲ့မိတာ……. “မေမေဘာလို့ သားလိုချင်တာ မဝယ်ပေးတာလဲ” ဆိုပြီး ကလေး ဦးနှောက်နဲ့ ဂျီကြခဲ့တာတွေ. “ဖေဖေ ဘာလို့ သားကို ဆုံးမတာလဲ သားစိတ်ညစ်အောင် ဘာလို့ ပြောနေတာလဲ” ဆိုတဲ့ အပြောတွေကို ခုမှ တစိတ်တစ်ဒေသ ဖွင့်ဖြိုးနေသေးတဲ့ ကလေးဦးနှောက်ထက် အတွေ့အကြုံ အနည်းငယ်ရှိ လူကြီး မပီ့တပီ ကျနော့်အတွက် နားလည်နေချင်ချင် ဖြစ်နေပါပြီ …..… အမေတို့အဖေတို့နဲ့ အတူရှိနေချိန်ကဆို အဖေအမေကို ချစ်တဲ့ စိတ်ရှိပါတယ် ဒါပေမဲ့ ထုတ်ဖော်မပြခဲ့မိဘူး ဘာလို့လဲ မေးရင် အဲ့လိုထုတ်ပြဖို့ကို ရှက်စရာလို့ ကိုယ့်ကိုယ်ကိုမြင်ခဲ့တယ်လေ ခုတော့ အမေအဖေနဲ့ ဝေးရာရောက်တဲ့ အချိန်မှာ “ရှက်ခြင်းဆိုတာက အဲ့နေရာမှာ ထားရမှာမဟုတ်” ဆိုတာ နားလည်သွားခဲ့ပြီ …… ခုအချိန်တွေမှာဆို အမေ့ကိုဖက် အဖေ့ကိုဖက်ပြီး “အမေရယ် သား အမေ့ကိုချစ်တယ် အဖေ့ကိုသားချစ်တယ်” ဆိုပြီး ပြောပြ အားရပါးရ ဖက် အချစ်တွေကိုထုတ်ဖော်… အဖေ အမေ့ မျက်နှာ မှာ သားချစ်ပီတိတွေကိုအပြည့်အဝကြီး ကြည့်ချင်နေမိတာပါ .. ခုအချိန်မှာ ဟန်ဆောင်မယ်ဆိုတဲ့ အတွေးတွေကို ဝေးကွာခြင်းတွေက မောင်းထုတ်လိုက်သလားမသိပါဘူး ကျနော့်စိတ်မှာ ရဲရင့်နေလေပြီ …. မိဘဝရင်ခွင်နဲ့ ဝေးနေတဲ့ ကျနော့်အဖို့ မိဘကျေးဇူးဆိုတဲ့ အသိတရားအတွက် “ဘာတွေမြန်း မင်းလုပ်နိုင်သလဲ” လို့ အကြိမ်ကြိမ် ကိုယ့်ကိုယ်ကို မေးခဲ့ဖူး၏ မေးနေဆဲ ဖြစ်၏ နောက်လဲ အကြိမ်ကြိမ် မေးနေဦးမည် ဖြစ်အုံးမည် .. ကျနော်တွေးမိတယ် မိဘမေတ္တာ အစုန်ပဲ ရှိ အဆန် မရှိတဲ့ ဟုတ်ပါမည် ဘာလို့လဲဆို သူတို့သားသမီးတွေသည် သူတို့ ရင်မှ ပွားလာတဲ့ သွေးသားလေ အမှန်ဆိုရပါလျှင် အဲ့ဒီသားသမီးတွေသည်ပင် သူတို့လို့ ယူဆလို့ရပါမည်… “ဟုတ်ကဲ့” သူတို့ တန်ဖိုးထားပါသည် .. ထိုအချိန်ကျနော်တို့ တွေးစရာရှိလာပါသည် . ကိုယ်နဲ့ မသိသေးတဲ့ တစိမ်း တရံဆန် တစ်ယောက်ကနေ ကိုယ့်အပေါ်တန်ဖိုးထားလာရင် ကိုယ့်စိတ်ကလည်း တန်ဖိုးထားတဲ့ စိတ်ဖြစ်ပေါ်လာတာပါ ဒါကတော့ သာမန် အတွေးပါ မိဘနဲ့ သားသမီး ကြား သွေးတူ ရင်းနှီး သံယောဇဉ်တွေကြားမှာ တန်ဖိုးထားမှုအတွက် ကျနော်တို့ဘက်ကလည်း တန်ဖိုးထားလာပါတယ် အထူးသဖြင့် တန်ဖိုးထားခြင်းကို ခုလက်ရှိသုံးနေကြစကားလုံးကတော့ ကျေးဇူးတရားဆိုတာပါပဲ ငယ်ကတိုင် ခုထက်ထိ ဆရာဆရာမတွေသင်ကြားခဲ့တဲ့ ဆုံးမမှုတွေ ကျောင်းစာတွေထဲမှာတွေ မိဘကျေးဇူး ဆိုပြီး ခေါင်းစဉ်တပ် အထွဋ်တင်ခဲ့ကြတာလေ .. ဒီအကြောင်းတွေက ရှိခဲ့တဲ့ တင်ခဲ့တဲ့ ကျေးဇူးအတွက် တုန့်ပြန်ခြင်း ကျေးဇူးဆပ်ခြင်း ပြုစုလုပ်ကျွေးခြင်းနည်းလမ်း ကို အမှန်အကန်နားလည်ဖို့ သွန်သင်ညွှန်ပြခြင်းဖြစ်ပါတယ် အဲ့ဒါတွေကတော့ အတွေးလမ်းနဲ့ လုပ်သင့်တာကို ညွှန်းဆိုရုံသက်သက်ပါ . .ယခု ကျနော်တို့ လက်တွေ့ဘဝမှာ မိဘကျေးဇူးကို ဆပ်ဖို့နေနေသာသာ မိဘနဲ့ ဝေးရာကိုရောက်နေတဲ့ သားသမီးတွေအတွက် ဘယ်လို အရာ အဘယ်ပုံစံတွေနဲ့ မိဘကျေးဇူးကိုဆပ်မလဲ . မိဘရဲ့တန်ဖိုးထားမှုတွေကို ကိုယ့်ဆီက မည်သို့သော တန်ဖိုးထားမှုတွေနဲ့ တုံ့ပြန်မည်လဲ … တွေးစရာပါ .. တွေးလည်း တွေးနေကြတဲ့ အ၇ာတွေပါ .. တွေးလည်း တွေးသင့်တဲ့ အကြာင်းပါ .. ဘာလို့လဲဆို ကျနော်တို့ ဖြစ်လာတာတွေသည် မိဘတွေဆီကနေ မြစ်ဖျားခံ ပေါက်ဖွားလာတာတွေချည်းပဲမို့ပါ… “တန်ဖိုးထားခြင်း ကျေးဇူးတရား” ကို မည်သို့ ယူဆ မည်လည်း….. မည်သို့ သတ်မှတ် မည်လည်း…. မည်သို့သော အရာတွေဖြင့်ဆိုလျှင် မိဘများကျေနပ်မည်လည်း ကျနော်တဖက်လှည့်တွေးကြည့်ပါသည် . တခါတရံ ကျနော့်စိတ်ထဲမှာ အမေနဲ့ စကားပြောဖြစ်ပါတယ် အမေကို ကျနော့်စိတ်ထဲက တိုင်ပင်ကြည့်တယ် ရင်ထဲက အမေက အပြုံးမျက်နှာနဲ့ ပြန်ဖြေတယ် .. ကျနော်မေးတယ် .. “အမေ .. အမေကိုကျနော် ကျေးဇူးဆပ်ဖို့ရာမှာ အချိန်ကာလ နေရာဒေသ အခြေအနေတွေကြောင့် မတတ်နိုင်ခဲ့ဘူးအမေ ..အမေသားကိုခွင့်လွှတ်ပါ” လို့ ပြောမိတယ် အဲ့အချိန် အမေက ပြန်ပြောတယ် … “ငါ့သား .. အမေ့ကိုကျေးဇူးဆပ်ချင်တဲ့ စိတ်ရှိရင် . ကျေးဇူးလည်းဆပ်ချင်ရင် .. ငါ့သားရဲ့ ပြုမူလုပ်ဆောင်မှုတွေမှာ အမေမကြိုက်တာမလုပ်မိပါစေနဲ့ သား” တဲ့ . “အထူးသဖြင့် အရက်သေစာ သောက်စားတာ အပျော်အပါး နေဖြစ်တာမျိုးတွေ မကောင်းတဲ့စကားကို ဆိုဖြစ်တာ မကောင်းတဲ့ အတွေးကို တွေးဖြစ်တာ တွေ့ကြုံနေတဲ့ ပန်ဝန်းကျင်မှာ ဆီလျှော်အောင် မနေတတ်တာတွေကို မလုပ်မိစေနဲ့” တဲ့ နောက် “လူတွေကြားထဲမှာ…. မိမိပတ်ဝန်းကျင်မှာ…. ချိုသာတဲ့ စကားကို ဆိုဖို့ …. ကူညီသင့်သူကိုကူညီဖို့ … အကျင့် သီလရှိနေဖို့ …. အရက်သေစာ ကင်းဖို့….. ကောင်းမှုလို့ ထင်တာတွေကိုရဲရဲရင့်ရင့် လုပ်ဖို့…. လောက ကို သင့်တင့်သလို ရှုမြင်ဖို့……. လောကဓမ္မကိုလည်း နှလုံးသွင်းနိုင်ဖို့…… ဦးခိုက်သင့်သူကို ဦးခိုက်တတ်ဖို့….. ကိုယ့်ကိုယ်ကို သေချာစဉ်းစားပြီး ဟန်ချက်ညီညီ ကြိုးစားနေထိုင်ဖို့ အဲ့ဒါတွေကို လုပ်နိုင်မယ်ဆိုရင် အမေ့ကျေးဇူးကိုဆပ်ရာ ရောက်ပါတယ်” တဲ့ .. အမေ အဲ့လိုပြောတယ် အမေ အဲ့လို ကျေနပ်စွာ ဖွင့်ဟတယ် အမေအဲ့လို ကျနော့်နှလုံးသားအတွင်းကို ကျောက်စာအဖြစ်နဲ့ ထွင်းထည့်တယ် အမေအဲ့လို ကျနော့်စိတ်ကို ပဲ့ကိုင်ပေးတယ် နောက်တော့ ကျနော်နားလည်လိုက်ပါပြီ “ကျနော်ဟာ အမေပါ….. အမေဟာ ကျနော်ပါ” ဆိုတဲ့အတွေးကိုလည်း တွေးမိလိုက်ပြီ …..။ “အဲ့ဒါနဲ့ ထပ်တူကျ ဖြစ်နေနိုင်အောင် ကြိုးစားနေပါတော့မယ်” လို့ အမေ့ကျေးဇူးကို ဆပ်နေသရောင် ကျနော့်စိတ်မှာ အကြိမ်ကြိမ်ထင်ဟပ်နေပါတယ် …။ “သားရောက်တဲ့ အရပ်ကနေ …အမေ့ကို ကန်တော့လိုက်ပါတယ် အမေ .. အမေ ကျန်းမာပါစေ အမေ စိတ်နှလုံးအေးချမ်းပါစေ အမေ စိတ်ဆင်းရဲခြင်း ကိုယ်ဆင်းရဲခြင်း ကင်းပါစေ…” လို့ မေတ္တာပို့ရင်း အမေ့ကို တမ်းတခဲ့ မိတယ်….. တွေးတောမိခဲ့တယ် သုံးသပ်မိခဲ့တယ် .. ခုထိ စိတ်ထဲမှာ အဲ့အတွေးတွေက ရှင်သန် လက်ခမောင်ခတ်နေတုန်းပါ .. .. အမေ…..။



အဲ့လိုနဲ့ …..ကျနော်တို့ အဝေးေ၇ာက်ချိန် . သို့မဟုတ် အနီးမှာပဲ ရှိချိန် ဘယ်နေရာ ဘယ်စခန်း မှာပဲ ရှိရှိပေါ့ .. ကျေးဇူးဆပ်ခြင်း ကိုမည်စေဖို့ ….. ကျနော်တို့ စိတ်ဝိဥာဉ်ကို မကောင်းတာတွေမှာ မပျော်မွေ့မိဖို့ ကြိုးစားရပါမယ် …သားကောင်း /သမီးကောင်းမှန်ရင် ဒါတွေကို သိလာပါလိမ့်မယ် လက်တွေ့လည်း ကျင့်လာပါလိမ့်မယ် …..။ ကိုယ်ကနေတဆင့် ကိုယ့်ထက် အငယ်တွေကိုလည်း ဒီသဘောတရားလေးတွေ ပြောပြမိတယ်ဆိုရင်လည်း အမေ ကျေနပ်နေမှာဆိုတာ ကျနော်တို့ သိနိုင်ပါတယ် ..။ အဆုံးပြောရရင် ကောင်းမှုမှန်သမျှ အမေ ကျေနပ်နေမယ်ဆိုတာ ကျနော်တို့ သိထားရပါမယ်…။ အမေဆိုတာ အမေပါပဲမို့ မည်သို့သော စိတ်စေစားချက် ခံပြင်းချက် ရှိစေခဲ့ပါမူ ကျနောတို့ …. အမေနဲ့ ပတ်သက်လာရင် နားလည်လက်ခံ ပြီး ဖြစ်သင့်တာကို စိတ်နှလုံးသွင်းနေတတ်ရပါမယ်…….. ဘာလို့လဲဆို ကျနော်တို့ တတွေဟာ လူသားတွေ ဖြစ်နေလို့ပါပဲ …… လူသားဆိုတာ သူ့နှလုံးသားမှာ တခြားသတ္တဝါတွေထက် မြင့်မြတ်တယ် တန်ဖိုးရှိတယ် လုပ်နိုင်စွမ်းအင်တွေရှိကြတယ်…… ဒီအတွက်ကြောင့် ကိုယ့်ကိုယ်ကို တန်ဖိုးထားခြင်းနဲ့အတူ ဘဝကိုမြှင့်ပါ ထိုနည်းလမ်းတွေအတိုင်း မိဘကျေးဇူးကိုေ၇ာင်ပြန်ဟပ်ပါစေ .. တွေးဆနိုင်ပါစေ .. ဟန်ဆောင်ခြင်းတွေလည်း ကင်းပါစေ လောက ကောင်းကျိုးကိုလည်း သယ်ပိုးနိုင်ကြပါစေ .. လူသားဆန်ပါစေ… “လူ” ဟူသော ဝေါဟာရ နဲ့ ညီအောင် နေနိုင်ကြပါစေလို့ ဆန္ဒပြုရင်း … ကျနော်ပြောချင်တဲ့ အမေအကြောင်းကို ဒီလောက်နဲ့ ရပ်နားပါရစေ…………………။



“အမေ့ကိုချစ်တယ်



အမေ့ကိုလွှမ်းတယ်



အမေ့ကိုသတိရတယ်



အမေ့ကို အရမ်းချစ်တယ် …..အမေ…။”



16.January.2011



ဘာနေ

No comments: