Monday, December 7, 2009

၅။ သံဝေဂ အနည်းငယ်

    ချစ်တယ်. ခင်တယ် . မုန်းတယ် .. မြတ်နိုးတယ် . တွယ်တာတယ် . လုပ်ဆောင်တယ် . ကြီးပြင်းကြတယ် . နာကြတယ် .. အိုကြတယ် .. နောက်ဆုံးသေဆုံးကြတယ် ... ဒါတွေဟာ လူ့ဘ၀မှာဖြစ်ပေါ်နေကြတာပါ .
ဒါတွေနဲ့ ပတ်သက်ပြီး သံဝေဂဆိုတာဘာလဲ လို့မေးမယ် ဆိုရင် . သံဝေဂဆိုတာ.........
အမှန်တကယ်ဖြစ်လာမဲ့အရာကို အမှန်တကယ်သိမြင်လိုက်ခြင်းပင်ဖြစ်တယ် .သူတစ်ပါးမှာဖြစ်ပျက်နေတာတွေကို ကိုယ်ကိုယ်တိုင် မဖြစ်ပဲ စိတ်ထဲမှ ကြိုတင်သိမြင်လိုက်ခြင်းဖြစ်တယ် . သံဝေဂကို တနည်းဆိုရသော် အကြောင်းအရာနဲ့ပတ်သက်ပြီး အမှန်မြင်ခြင်း နားလည်သဘောပေါက်ခြင်း . စသည်ကို သံဝေဂဟုယူဆထားပါတယ် . . သံဝေဂဟူသော လက်နက်သည် ရိုင်းစိုင်းနေတဲ့ စိတ်ရုတ်ကို ပိုင်းချိုးလိုက်ခြင်း . မှားနေသောလမ်းမှာ အမှန်လမ်းကို ပြခြင်း အမှန်လမ်းသစ် အစကို ဖန်တီးပေးခြင်း . သံဝေဂဆိုတာကို ကြားလိုက်ရင် အမှတ်ရစေတယ် အရင်က စိတ်လွတ်ကိုယ်လွတ် လုပ်ခဲ့မိတာလေးတွေကိုပေါ့  ဘာလို့လဲ ဆိုတော့ သူများတွေ အဖြစ်အပျက်မှ ကိုယ်ကိုယ်တိုင်သိလိုက် မြင်လိုက်ရတဲ့ သံဝေဂတွေ ဖြစ်နေလို့ပါပဲ . သံသရာတစ်ခုလုံးမှာ သံဝေဂ ဆိုတာ မဖြစ်ခဲ့ရင် မိုက်မြဲမိုက်ဆဲ့ ဖြစ်နေအုံးမယ်ဆိုတာ မလွဲဘူး သံဝေဂဆိုတာဖြစ်လာဖို့ အကြောင်းအချက် နှစ်ခုလိုပါတယ် တစ်ခုက ပြုလုပ်ခဲတဲ့ အပြစ် နောက်တစ်ခုက အပြစ်အတွက် မှန်မြင်တဲ့စိတ် ပါ .ဘာပဲဖြစ်ဖြစ် ကျနော်တို့ လောကကြီးမှာ ဖေးကူမဲ့လူနည်းသလို ချောက်တွန်းမဲ့လူ လည်းရှိနေပါတယ် ကိုယ်ကိုယ်တိုင်က အလင်းရောင်ပေးနိုင်တဲ့လူဖြစ်ဖို့ အရေးကြီးပါတယ် .. မှားနေတဲ့လူတစ်ယောက်တွေ့လို့ စကားလုံးအနည်းငယ် ဖွင့်ဟဖို့ဝန်မလေးပါနှင့် စကားလုံးလေးအနည်းငယ်က သူ့ဘ၀အတွက် ရေသောက်မြစ် အသစ်ထပ်ထွက်လာသလို ဖြစ်တတ်သွားလို့ပါ .. ဘာလို့လဲဆို လူတိုင်း သူတို့ကို သူတို့ အသိအမှတ်ပြုစေချင်ကြတယ်လေ . သူငယ်ချင်းရော ဘယ်လမ်းကိုရွေးမလဲ .ကျန်ရှိတဲ့ဘ၀မှာ .....

No comments: