Saturday, November 7, 2009

၎။ ဘ၀တစ်ခုရဲ့ အပိုင်းအစလေးများ

ဘ၀ အပိုင်းအစ ဆိုသည်မှာ .. ကောင်းနိုး.ရာရာ နှစ်သက်မှုလေးများနဲ့ မှတ်သားမှုလေးတွေကို ကျနော့်ရဲ့ စာဖတ်သမားမှတ်စုမှ တင်ပြချင်ပါတယ်. . တစ်ခုပြောချင်ပါတယ် လူတိုင်းလူတိုင်း ဘ၀ဆိုတာလေးတွေကို သုံးနှုန်းပြရင် ..သူတို့ထင်တာက  ဒါ စာကြီးပေကြီးစကားပဲ ဆိုပြီး မသိသလိုနေတတ်တယ်  . တစ်ချို့ဘ၀ကို တစ်ကယ်ဖြတ်သန်းနေတဲ့လူတွေက ဘ၀ဆိုတာလေးတွေကို ကြားရင် သူ့တို့ရဲ့အတွေ့အကြုံလေးတွေကို ပြန်ပြောချင်နေကြတယ် . ကျနော်က အဲ့ဒါမျိုးလေးတွေကို နားထောင်ချင်တယ် အတုယူချင်တယ် သူတို့နဲ့တွေ့ရင် အဲ့ဒါနဲ့ပတ်သက်ပြီး မေးမြန်းလေ့ရှိတယ် ... ဘ၀ဆိုလေသည်မှာ..............
မွေးဖွားတယ် . ကြီးပြင်းတယ် . ရုန်းကန်လှုပ်ရှားရတယ် . ပူဆွေးရတယ် .ပျော်ရွှင်ရတယ် .ကျေနပ်မှုရှိတယ် .ခွဲခွာခြင်းရှိတယ် . ပေါင်းစည်းခြင်းရှိတယ်. နူးညံ့တဲ့လေပြေကို ရှူရှိုက်ခွင့်ရှိတယ် . သမုဒ်ပြင်ထဲ လက်ပစ်ကူးခွင့်ရှိတယ်. နိမ့်ကြမှုလည်းရှိတယ် . အမြင့်ကိုလည်းတက်ခွင့်ရှိတယ် . ရောင်ဝါလည်းထွန်းလင်းနိုင်တယ်. ချစ်ခြင်းတွေကို လည်း မျှဝေနိုင်တယ် . မေတ္တာတရားနဲ့လည်းနေခွင့်ရှိတယ်....ရှိတယ် ......ရှိတယ်............နဲ့ . ပြောမယ်ဆိုရင်တော့ အများသားပါ . ဘ၀တစ်ခုကို....။ ဘ၀တစ်ခုဟာ ဆေးရောင်စုံ ဇာတ်ကားကြီးတစ်ကားလို့ပြောမယ်ဆိုရင်လည်း ရနိုင်ပါတယ် . ခံစားမှုတွေကို အသုံးချပြီး ဖြတ်သန်းနေကြတာပါ. လူတိုင်းလူတိုင်း တွေးကြမိမှာပါ  ကိုယ့်ဘ၀ကိုယ် အကောင်းဆုံးဖြစ်အောင် ဘယ်လိုဖြတ်သန်းမလဲလို့ .. လေ ... ဘ၀တစ်ခုကို ကျနော် အကုန်မသိပါ ကျနော်သိသလောက်သာ ပြောရရင်သို့မဟုတ် ပညာရှိတွေ ပြောတာပြောရရင်.ပေါ့ . ဘ၀မှာ မေတ္တာ နဲ့ သတိ ရှိထားဖို့လိုတယ်တဲ့ . မေတ္တာဆိုတာကို သိမှာပါ .. သတိဆိုတာကိုပြောရရင် သိသလိုလိုနဲ့ သိခဲတဲ့ အရာပါ . ပြောကြဆိုကြတာတွေမှာလည်း အသုံးများသလို အတွင်းကျကျ သိသူနည်းပါတယ် .... သတိဆိုသောအရာက မွေးကင်းစကနေ သေခါနီးအချိန်ထိ အရေးကြီးသော အရာပါ .. သေခါနီးမှာ ပိုအရေးကြီးပါတယ် သတိရှိသင့်တဲ့ အချိန်ပါ . .သတိနဲ့ ပါတ်သက်လို့ အကျင့်ဆိုတာကိုပြောချင်ပါတယ် လုပ်စရှိတဲ့အရာတွေဟာ ကြာလာရင် အကျင့်ဆိုတာဘက်ကိုပြောင်းလဲသွားပြီး လုပ်နေကျအကျင့်ဖြစ်သွားပါတယ် . ဒီလိုပဲ ဘ၀တစ်ခု နေ၀င်ချိန်အထိ သတိဆိုတာကို ထပ်တလဲလဲ လုပ်ဆောင်သွားမယ်ဆိုရင် အကျင့်တစ်ခုလိုဖြစ်ပြီး အမြဲသတိရှိနေမှာပါ ... လူသားတစ်ယောက်မှာ မွေးဖွားမယ် . ကြီးပြင်းမယ်... သေဆုံးမယ် ...ဒါလေးပဲ . အဲ့ဒီထဲမှာမှာ ကျနော်ပြောတဲ့ သတိဆိုတာက အရေးပါတယ်.. သတိရှိရင် ကျဆုံးနေသော တိုက်ပွဲတောင် နိုင်နိုင်တယ် .. မှောက်ကျလာသောရေခွက်တောင် ပြန်တည့်နိုင်တယ် .လမ်းလွဲနေတာကိုလည်း လမ်းမှန်ပြန်ရောက်စေနိုင်တယ်.... သံသရာကိုတောင် သတိကလေးနဲ့ ဒုက္ခပေါင်းမြောက်များစွာကို ငြိမ်းစေနိုင်တယ် .. သတိရဲ့ စွမ်းအားက လေးနက်တယ် . သတိဆိုတာကို ဘ၀တစ်ခုမှာ ပိုင်ပိုင်နိုင်နိုင်အသုံးချကြည့်ပါ .. ထူးခြားအံ့သြောမှုတွေ ရရှိနိုင်ပါတယ် . သတိဆိုသောအရာကို လူတိုင်းမသိနိုင်သည်မဟုတ် သိကြပါတယ် ဒါပေမဲ့ သတိက ဘယ်လို အကျိုးရှိတယ် ဘယ်လိုအကျိုးများတယ်ဆိုတာကိုတော့ သိသူနည်းပါတယ် . ကျနော်လည်း သေချာမသိသေးပါ ဒါပေမဲ့ သူ့မှာ စွမ်းအားတွေရှိတယ်ဆိုတာကျနော်သိတယ် . ခု ဘ၀နဲ့ပတ်သက်လို့  သတိလေးကို ထားပြီးနေကြဖို့ရန်ကျနော်မှ အကြံပေးချင်ပါတယ် .

No comments: