Saturday, November 7, 2009

၃။ စာနာမှုတရား

စာ.. နာ ... မှု .. .. ဘယ်လောက်၇ိုး၇ှင်းလဲ . ရိုးရှင်းသလောက် ကျယ်ဝန်းတယ် ..ကျယ်ဝန်းသလောက် အဓိပ္ပါယ် ပြည့်ဝတယ် . ကျနော့ဘ၀မှာ စာနာမှုတရားကို လက်ကိုင်ထားတယ် တစ်ချိုမှာ မရှိကြဘူး ငါဆိုတဲ့ အရာအောက်မှာ စာနာမှုကို လစ်လျှူရှုထားတယ် .သိသိကြီးနဲ့လည်း ဖြစ်တတ်ပါတယ် . စာနာမှုတရားက လူတိုင်းဆောင်ထားသင့်တယ် ဒါမှ လူ့ဘ၀ အကျိုးရှိလိမ့်မယ် ..စာနာမှု မှာ ကိုယ်ချင်းစာစိတ်လို့လဲ ပြောလို့၇ပါတယ် ခုလောကထဲမှာ ကိုယ်ချင်းစာတရား ခေါင်းပါးနေရင် စိတ်ဆင်းရဲမှုတွေက များနေအုံးမှာပဲ
လူကလူပါပဲ လူလူခြင်းတော့ စာနာမှုလေးတွေ ထားရှိသင့်ပါတယ်
အပြစ်တွေ မနာလိုမှုတွေ ခံစားချက်တွေအောက်မှာ စာနာမှုလေးကိုတော့ မွေးဖွားပေးသင့်ပါတယ် . လူတစ်ယောက်ကို လူတစ်ယောက်က လူမဆန်စွာ လူ့ကျင့်ဝတ်နဲ့ မညီတဲ့ ညှင်းပန်းမှုကို လူတိုင်းက လက်မခံသင့်ဘူး တစ်ခုခု တစ်နည်းနည်း နဲ့ ကြောင်းကျိုးသင့်စွာ ဖြေရှင်းစေချင်တယ်.. အဲ့ဒါစာနာမှုရဲ့အစပဲ
လူတိုင်းမှာ အကြင်နာတရားရှိပါတယ် . ဘာလို့ အကြင်နာတရားက မရှိကြတာလဲ .မပေါ်လွင်တာလဲလို့ မေးမယ်ဆိုရင်... မာန. အတ္တ ဂုဏ်ဆိုတာတွေက ရှေ့ကနေ ကာဆီးထားလို့ပါပဲ . ဘာလို့ အကြင်နာတရားရှိရတာလဲဆိုရင် သူ့မှာ လူ့နှလုံးသားရှိလို့ပဲလေ .. စာနာမှုတရားကိုတော့ ပတ်ဝန်းကျင်လှပစေရေးအတွက် ပြုလုပ်ပေးလျှင် မိမိကိုယ်ပါ လှပလာစေမှာသေချာပါတယ်. သဘာဝတရားမှာ စာနာမှုတရားလေးတွေ တွဲဖက်နေပါတယ် . ကျနော်သဘာဝတရားကို မြတ်နိုးတယ် ချစ်ခင်တယ် စုံမက်တယ် သူ့ထက်ပိုလာရင် ကျနော် နှစ်သက်မှုနည်းသွားတယ် သဘာဝတရားကို နှစ်သက်ခြင်းကိုလွယ်လွယ်နဲ့ အနီးစပ်ဆုံးကိုပြောရရင် သဘာဝက ရတဲ့ လေကိုပဲ ကျနော် နှစ်သက်ပါတယ် ကျေးဇူးတင်ပါတယ် . .. ကလေးငယ်လေးတစ်ယောက် ငယ်စဉ်အခါမှာ လမ်းလျှောက်နိုင်ဖို့အတွက် မိခင်ရဲ့ လမ်းပြထိန်းကျောင်းမှုလိုအပ်သလို လူသားတစ်ယောက် ဘ၀လမ်းလျှောက်နိုင်ဖို့အတွက် လမ်းလျှောက်နိုင်တဲ့လူသားတစ်ယောက်မှ ကူညီဖေးမှရပါမယ် . ဒါမှ စာနာမှုဆိုတဲ့ အရာပေါ်လွင်လာပါတယ် . ခုခေတ်မှာက ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတာတွေ ရှိနေတာဟာလည်း . အကောင်းမြင်မှုနည်းတာကနေ ပြောင်းလဲသွားကြတာတွေပါ . လူ့ဘ၀ဆိုတာ သက်တမ်း 70 .80 ပေါ့ဗျာ  ဒီလို နှစ်နဲ့ ရေတွက်လို့ရတဲ့ သက်တမ်းတိုတိုလေးအတွင်းမှာ စာနာမှုတရားတွေကို မွေးဖွားပေးသင့်ပါတယ် လုပ်ဆောင်သင့်ပါတယ် .ကျနော်တို့ ဒီသက်တမ်းကို အပြည့်နေရမယ်ဆိုတဲ့ ခံယူချက်က တကယ်တမ်းတွေးကြည့်ရင် မသေချာပါဘူး .. သေခြင်းတရားက အမြဲလိုလို ကြည့်နေတာပါ .... စာနာမှုတရားနဲ့ပတ်သက်လို့ ကုန်ကုန်ပြောရရင် ဒို့တတွေ အသက်ရှင်နေသခိုက် လူသားတွေလိုအပ်တာတွေကို ဒို့တတွေ တတ်နိုင်သလောက် ကူညီကြမယ် အားပေးကြမယ် .လက်တွဲကြမယ်. ချစ်ခင်ကြမယ် .. စာနာမှုတရားလေးတွေကို ကိုစီဆောင်ထားကြမယ်လေ .ဒါမှ လူ့သားဘ၀ အဓိပ္ပါယ်ဆိုတာကို ပေါ်လွင်လာပါလိမ့်မယ် . ဒါတွေဖြစ်လာဖို့ ကျနော်ကနေ စတင်ပါတယ် ...ဝေေ၀၀ါးဝါးလေးမှ သည် အမှန်တကယ် အသက်ဝင်လာစေဖို့ ခြေတစ်လှမ်းမှ စလှမ်းရပါလိမ့်မယ် .. မိတ်ဆွေ.................

No comments: