Wednesday, October 28, 2009

ဆိုလိုချင်သည်မှာ

အတိတ်ဆိုတာ .....ကျနော့ရဲ့ ပင်မဆောင်
အနာဂတ်ဆိုတာ.... ကျနော့် ရဲ့ လေသာဆောင်
ပစ္စုပ္ပန်ဆိုတာ ......ကျနော့် ရဲ့ ဧည့်ခန်း
ဖြစ်ပျက်နေသမျှအားလုံးဟာ......ကျနော့် ရဲ့ အသုံးအဆောင်လေးတွေ
ကျနော့် အတွေးတွေက ......ကျနော့် အပျော်စီးနေတဲ့ ကား..

ခုကျနော်ရေးနေတဲ့ စာတွေက ......ကျနော့် ၀ိဥာဉ်
ကျနော်သုံးနေတဲ့ ကွန်ပြူတာက .....ကျနော့်ရဲ့ စက္ကထရီ
ကျနော့် မျက်လုံးတွေက...... ကျနော့ ရဲ့ အကြံပေးတွေ...
နောက်ဆုံးကျနော့် နှလုံးသားကတော့ ......ကျနော်ပါပဲ..
ဘ၀တစ်ခုမှ မညီညာသလို့
ကျနော်ရေးတဲ့စာတွေလည်း ....ညီညာခြင်း နတ္ထိနဲ့
နေ့ဆိုတဲ့ အရာကို ......တစ်ယောက်ပြီးတစ်ယောက်သတ်ပစ်ပြီး
ညဆိုတဲ့ အရာပေါ်မှာ စခန်းချတယ် ......ဒီလိုဖြတ်သန်းနေခိုက်
ကျနော့် အိမ်လေးလည်း ......သာယာချင်းစမ်းပါဘိ ..
မိုးသောက်မှာတော့ အသက်ရှူသံပြင်းပြင်းနှင့်
နေ့သစ်နဲ့ ..............ဆက်ဆံနေမိတယ် ...
ဒါတွေ အကုန်လုံးကို စကားလုံးတစ်လုံးနဲ့ ..............ထိန်းကွပ်လိုက်တယ်
အဲ့ဒါကတော့................ “ဘ၀”တဲ့ .................။။

2 comments:

ရှေးစာဆို said...

Mr.Barnay

စီဗောက်စ် မရှိလို့ ဒီနေရာမှာရေးသွားပါတယ်။ ကျွန်တော့် blog ကို သူငယ်ချင်းတစ်ယောက်က လုပ်ပေးသွားတာပါ။ ကျွန်တော်ကိုတိုင်လည်း ကျွန်တော့်blogကို ပြန်လည်ပြင်ဆင်ရဦးမှာဖြစ်ပြီး ကိုယ်တိုင်လည်း ယခုထိတိုင်ကောင်းစွာ မလုပ်တတ်သေးသူပါ။ တစ်ခြား စီနီယာကျသူတွေကို မေးရင် ပိုပြီးရှင်းပြ ကူညီနိုင်မယ်လို့ မျှော်လင့်ပါတယ်။ လာရောက်လည်ပတ်သွားတဲ့အတွက် ကျေးဇူးတင်ပါတယ်။

A random thoughts of a Burmese man said...

having problem for add Pullquote? Please add my mail for your question.

kzy1980@gmail.com