Tuesday, October 27, 2009

သူနဲ့ တစ်ညတာ စကားပြောခြင်း ...

“““ကောင်းကင်””””: သူတစ်ပါးကို ဘာလို့ ဒုက္ခပေးနေမှာလဲ..မနက်ဖြန်မှာ သင်သေရမယ်ဆိုတာသိရင်..သင်ဘာလုပ်မှာလဲ...
“““ငှက်ကလေး””””: ကောင်းကင်
ထမင်းစားပြီးပြီလား

Sent at 7:54 PM on Tuesday
“““ကောင်းကင်””””: my life I am a second year student,attend english major in Lashio.I have got three elder brothers and I am the youngest daughter in my family.I have a simple life and content my life. I always wake up at six in the morning and get up at six thirthy.I have my breakfast at seven thirthy and go to attend my chinese class at eight thirthy.I return home at ten and wast my clothes then.I have my lunch at twleve and I teach essay for grate eleven students till two thirthy.And I wait internet shop,take a bath and study my chinese lessons.Have a dinner at seven and go to bed at eleven. Indeedly,my life is very simple and peaceful.Though I am not rich,I must stand in a good mood.But,since I am an only daughter in my family,they are so care me and love me .So,sometimes,I don't feel good.However,I think I am lucky than many other men arround me.Whatever, I can be content in my peaceful life.
“““ငှက်ကလေး””””: ကောင်းကင်ဘာတွေရေးနေတယ်ဆိုတာ မသိပေမဲ့ စာတွေကို ရိုက်နေတယ်ဆိုတာ သိပါတယ် ကဲ ကောင်းကင် မင်းစာတွေ ဘယ်လို သီကုံးပြီးထွက်လာမယ်ဆိုတာကို စောင့်နေလေရဲ့. စာစီစာကုံးတစ်ပုဒ်ကို စိတ်ထဲရှိတာ တန်းချရေးနိုင်တယ်ဆိုတာ ပေါ့တော့တော့ တော မဟုတ်ဘူးဆိုတာ သိပါတယ် .ကောင်းကင် မင်းကို လေးစားတယ် . ဒီနေ့ ည၇ဲ့ကောင်းကင်ကို အစ်ကိုမော့ကြည့်လိုက်တယ် လမင်းလေးနဲ့ ကြယ်စင်လေးတွေ ကောင်းကင်ရှင်းရှင်းမှာ အချက်ကျ လင်းလက်လို့ ညရဲ့ကောင်းကင်ကို လှလှပပဖန်တီးနေတာကို သတိပြုမိတယ် နောက် ကောင်းကင်ကိုကြည့်ရင်းကောင်းကင်ကိုသတိရမိတယ်လေ ..... အဲ့ဒါ ပြောမယ်လို့ ဒီနေ့ ကောင်းကင်ကိုကြည်ဖြစ်တယ်လို့လေ ... ခုတော့ သူနဲ့စကားပြောနေတယ် ကောင်းကင်ကြီးက ကျနော်ပြောတာတွေကို နားထောင်ပေးတယ် အကြင်နာတွေ သူ့မှာရှိတယ် ကောင်းကင်.အဲ့ဒီကောင်းကင်က ကျနော်သိတဲ့ကောင်းကင်တိုင်ပဲ ....
Sent at 8:15 PM on Tuesday
“““ငှက်ကလေး””””: Thanks .for your essay which about your life.
“““ကောင်းကင်””””: အင်း
သိပ်တော့ မကောင်းပါဘူး
ရိုးရိုးလေးပါ
“““ငှက်ကလေး””””: but i love it.
“““ကောင်းကင်””””: ကောင်းကင်ကလည်း ဘဝကို ရိုးရိုးလေးပဲ ဖြတ်သန်းချင်တာ...
“““ငှက်ကလေး””””: ဟုတ်တယ် ရိုးရှင်းတဲ့ဘ၀ကို လူတိုင်းပိုင်နိုင်ဖို့ခဲယဉ်းတယ်
လူတွေ လိုချင်ကြပေမဲ့ ရအောင် မလုပ်နိုင်ကြဘူး ... ကောင်းကင်
“““ကောင်းကင်””””: အင်း..ဟုတ်တယ်နော်
“““ငှက်ကလေး””””: အစ်ကိုလည်း ရိုးရှင်းတဲ့ ဘ၀ ကို ချစ်တယ်
သူ့မှာ လေးစားလောက်တဲ့ အချက်တွေရှိတယ်
အစ်ကိုလည်း ရိုးရှင်းတဲ့ ဘ၀လမ်းလေးအတိုင်း ဦးတည်နေပါတယ်
ဆေးရောင်စုံတဲ့ ဘ၀ကိုမုန်းတယ်
“““ကောင်းကင်””””: အင်း...ဒါဆိုရင်တော့ ဦးတည်ချက်ခြင်းတူတာပေါ
“““ငှက်ကလေး””””: အဲ့လိုပဲ ဆိုရမှာပေါ့ .
“““ကောင်းကင်””””: ဒါပေမယ့်
“““ငှက်ကလေး””””: ပတ်ဝန်းကျင်က အရောင်တွေ ချယ်ချင်ကြတယ်
“““ကောင်းကင်””””: တစ်ခါတစ်လေမှာ ဘဝမှာ ကိုယ်မျှော်လင့်ထားတဲ့အတိုင်း မဖြစ်လာတာတွေလည်း ရှိနိုင်တာပဲ
“““ငှက်ကလေး””””: ကိုယ့်ကိုကို အဖြူရောင် ဆေးဘူးအဖြစ် ထားပြီး ပြန်လည် ချေပချက်တွေနဲ့ အရောင်တွေ နည်းအောင်လုပ်နေတုံးပါပဲ
“““ကောင်းကင်””””: အင်း...
“““ငှက်ကလေး””””: ကိုယ်မျှော်လင့်တဲ့အတိုင်းသာဖြစ်လာမယ်ဆိုရင် လောကကြီး ခက်ကုန်မှာပေါ့ ကောင်ကင်ရယ်
“““ကောင်းကင်””””: ကောင်းကင်ဆိုရင် ကောင်းကင်လုပ်နေတာတွေရဲ့ သုံးပုံတစ်ပုံက ဆန့်ကျင်ဘက်တွေ ဖြစ်နေတာ
“““ငှက်ကလေး””””: ဒါပေမဲ့ အကောင်းလမ်းကိုသွားရင်အကောင်ဘက်ပဲ ရောက်မယ်ဆိုတာတော့သေချာတယ်
“““ကောင်းကင်””””: ကောင်းကင်မျှော်လင့်ထားတာတွေနဲ့ လွဲတာမဟုတ်ဘူး
ဆန့်ကျင်ဘက်ကိုဖြစ်နေတာ
“““ငှက်ကလေး””””: အောကောင်ကင်ရယ်
“““ကောင်းကင်””””: ဒါပေမယ့် အခုကောင်းကင် မငိုတတ်တော့ဘူး
“““ငှက်ကလေး””””: တစ်ခါတစ်ခါ သက်ရောက်မှုရဲ့ ပုံတူ တုန့်ပြန်တာတွေလည်းရှိတယ်လေ..
မငိုနဲ့ ကောင်းကင်
ငိုဖို့ အသက်ရှင်တာမဟုတ်ဘူး
“““ကောင်းကင်””””: ကောင်းကင် လောကကြီးရဲ့ အကြောင်းကို နည်းနည်းတော့ သိလာပြီ
“““ငှက်ကလေး””””: သိလေ ထပ်သိလာလေပဲ
သတိထားမိလေ ထပ်သတိရှိလေပဲ
“““ကောင်းကင်””””: အင်း
“““ငှက်ကလေး””””: ဘ၀ တစ်ခုကို အသိလေးနဲ့ ဖြတ်သန်းတာ အဓိပ္ပါယ်ရှိတယ် မွန်မြတ်တယ်
“““ကောင်းကင်””””: အင်း
မှတ်ထားပါ့မယ်
“““ငှက်ကလေး””””: အင်း . မှတ်သားတဲ့လူကိုပြောရတာ မမှတ်တဲ့လူ အရောက်တစ်ရာထက် ပိုတန်ဖိုးရှိပါတယ်
“““ကောင်းကင်””””: အင်း
“““ငှက်ကလေး””””: ဒါပေမဲ့ ကိုယ့်ကိုယ်ပိုင်ဥာဏ်နဲ့တော့ ဆုံးဖြတ်ပါ
“““ကောင်းကင်””””: အင်း
“““ငှက်ကလေး””””: ဘယ်အရာဟာ ဟုတ်သလား မဟုတ်ဘူးလားဆိုတာတွေကို
သူများပြောလို့ မယုံနဲ့ ကိုယ်ကိုယ်တိုင်သိမှ ယုံ
ဘ၀ဟာ နှစ်ခါမလာဘူး ကောင်းကင်
ဘ၀ ကို ချစ်မြတ်နိုးပါ
“““ကောင်းကင်””””: အင်း
ငှက်ကလေးဆီက အများကြီးသိရတာ ဝမ်းသာတယ်
သူငယ်ချင်းက များတယ်
မိတ်ဆွေစစ် က ရှားတယ်
အော်....ဒါနဲ့ ခုနက မအားလို့ မဖြေမိဘူး
စားပြီးပြီလားလို့ မေးတာလေ...
“““ငှက်ကလေး””””: ဟုတ်ပါတယ်
“““ကောင်းကင်””””: စားပြီးပါပြီ
“““ငှက်ကလေး””””: ဖြေပြီးသားလို့ပါ
စာစီစာကုံးထဲမှာ
“““ကောင်းကင်””””: ခုနက အက်ဆေးရေးနေလို့ပါ
အော်..အင်း
ငှက်ကလေးရော စားပြီးပြီလား
“““ငှက်ကလေး””””: ပြီးသွားပြီ ကောင်းကင်
စောနက တစ်ခါ ရေချိုးပြီး ၀င်လာသေးတယ် ပြန်အောက်သွားတာ က ထမင်းစားတယ်လေ
“““ကောင်းကင်””””: အော်...
ဘဝမှာ တစ်ခါတစ်လေ ချိုးနှိမ်ထားရတာများတော့ ဆန္ဒတွေ နည်းလာတယ်
တချို့က အချစ်ခံရလို့ပျော်တယ်
“““ငှက်ကလေး””””: တကယ်အပျာ် စစ်မှကောင်းပါတယ်
“““ကောင်းကင်””””: ဒါပေမယ့် အဲ့ဒီ အချစ်တွေထဲမှာ မွန်းကျပ်နေရတဲ့သူတွေအတွက်တော့
“““ငှက်ကလေး””””: တစ်ချို့ အပျော်တွေက ရေရှည်မခံပါဘူး
“““ကောင်းကင်””””: ဘယ်လိုမှ မကောင်းနိုင်ဘူး
“““ငှက်ကလေး””””: ရှင်းရှင်းလေးထက် ဘယ်ဟာမှ မကောင်းနိုင်ဘူး ကောင်းကင်
“““ကောင်းကင်””””: သူများတွေက ကောင်းကင်ဘဝကို အားကျ ကြတယ်
ကောင်းကင်ဘဝက ရိုးရှင်းသလိုထင်ရတယ်
ကောင်းကင် က သမီးတစ်ယောက်ထဲဆိုတော့ တစ်အိမ်လုံး ချစ်ကြတယ်ပေါ့
“““ငှက်ကလေး””””: အင်းပေါ့ အားကျမိမှာပဲလေ
မိသားစုတစ်ခုလုံးက အချစ်ခံရတဲ့ဘ၀လေးကို လူတိုင်းတောင်းတ မိမှာပဲလေ
လူတိုင်းမှာ သူ့အပူနဲ့သူရှိပြီးသားတွေပါပဲ ကောင်းကင်
အမြင့်ရောက်တဲ့လူကလည်း သူ့အပူနဲ့သူ အနိမ့်ဆုံးလူကလည်း သူ့အပူနဲ့သူပါပဲ ကောင်းကင်ရယ်
ဖြစ်စေချင်တာကတော့ စိတ်တွေကို အေးချမ်းနေအောင် ဖြစ်နိုင်.လုပ်နိုင်တာလေးတွေကို အကောင်းဆုံးလုပ်ရင်း အပူကင်းအောင်နေတတ်ဖို့လိုတယ်
“““ကောင်းကင်””””: အင်း
အခုတော့ လုပ်တတ်လာပြီ
“““ငှက်ကလေး””””: ကောင်းကင် မသေချာတဲ့ ဘ၀တွေ ထဲမှာ ရလဒ်သေချာတာတွေပဲလုပ်ပါ ကောင်းကင်
“““ကောင်းကင်””””: အင်း
ကောင်းကင်ပြောပြမယ်
ကောင်းကင်က သေချာတဲ့ရလဒ်တွေကိုတောင် စွန့်လွှတ်ခဲ့ရလို့ပါ
အဲ့ဒီတုန်းကတော့ တော်တော်လေးပဲပေါ့
ခံစားလိုက်ရတဲ့ဖြစ်ခြင်း
ခုတော့လည်း ဘဝအကြောင်းနားလည်လာပါပြီ
“““ငှက်ကလေး””””: အင်းပြောပါအုံး
Sent at 8:50 PM on Tuesday
“““ကောင်းကင်””””: အင်း
ကောင်းကင်က ....
ပြောရရင်
ငယ်ငယ်တည်းက လိုချင်တာဆို ဘယ်တော့မှ မရခဲံဘူး
ကောင်းကင် အိမ်က ကောင်းကင်ကို အရမ်းချစ်တာလေ
အရမ်းချစ်တော့ သူတို့ကောင်းမယ်ထင်တဲ့ဟာပဲ ကောင်းကင်ကို အမြဲပေးတယ်
ကောင်းကင်လိုချင်တာကို ဘယ်တော့မှ မပေးဘူး
သူတို့ပေးတဲ့ဟာက
အမြဲတမ်းကောင်းကင် စိတ်နဲ့ ဆန့်ကျင်ဘက်ပဲ
အဝတ်အစားက အစပေါ့
ကောင်းကင်က အဖြူရောင်လိုချင်တယ်
ဘယ်တော့မှမရဘူး
ဒီလိုပဲ
ကြီးလာတော့ ပိုပြင်းထန်လာတယ်
ကောင်းကင် က ဆယ်တန်းကို မူဆယ်
မှာပဲဖြေတာ
“““ငှက်ကလေး””””: အင်း
“““ကောင်းကင်””””: သူတို့ ဆန္ဒကြောင့်ပဲလေ
အမေက ကောင်းကင်နဲ့ မခွဲချင်လို့
ကိုယ့်မြို့မှာပဲ ဖြေခိုင်းတာ
ကောင်းကင် ဘာမှမပြောပါဘူး
ဖြေလိုက်တယ်
မူဆယ်မှာက ပညာရေး သိပ်မကောင်းဘူးလေ
ဒါပေမယ့် မူဆယ်မှာပဲ ရအောင်ကြိုးစားခဲ့တယ်
အောင်စာရင်းထွက်တော့ အောင်တယ်
ကောင်းကင် အမှတ်စာရင်းထွက်တော့လည်း
ကောင်းကင်ကျေနပ်လောက်တဲ့ အမှတ်ရတယ်
ကောင်းကင်တက်ချင်တဲ့ မေဂျာလည်း အမှတ်မီတယ်
ကောင်းကင်လည်းလျှောက်တယ်
မေဂျာလည်းကျလာတယ်
ဒါပေမယ့် ကောင်းကင် တက်ခွင့်မရဘူး
ကောင်းကင် ကြိုးစားထားသမျှဟာ ဘာလုပ်ဖို့လဲ
ဒါဆိုရင်...
ကောင်းကင်ရဲ့ ကောင်းကင်ကြီးကို ရိုက်ချိုးလိုက်သလိုပဲ
“““ငှက်ကလေး””””: ဘာကြောင့် တက်ခွင့်မရလိုက်တာလဲ ကောင်းကင်
ဘယ်မေဂျာမို့လဲ
Sent at 9:05 PM on Tuesday
“““ကောင်းကင်””””: UFL
chinese
အကြောင်းပြချက်ကတော့
“““ငှက်ကလေး””””: ဘာလို့လဲ အကြောင်းက
“““ကောင်းကင်””””: အမေက စိတ်မချလို့တဲ့လေ
ဘယ်လောက်ကြေကွဲစရာကောင်းလိုက်သလဲ
“““ငှက်ကလေး””””: အော်..............
“““ကောင်းကင်””””: ကောင်းကင်က ကလေးလည်းမဟုတ်
“““ငှက်ကလေး””””: အဲ့ဒါနဲ့ အဖေတို့ အစ်ကိုတို့ကရော မတက်ခိုင်းရောလား
“““ကောင်းကင်””””: အင်း
အဲ့ဒါတော့ လွန်တယ်ထင်တာပဲ
“““ငှက်ကလေး””””: ကောင်းကင် ရယ် ...
ခုလက်ရှိဘ၀ကို နှစ်သက်လား ။။
သေချာစဉ်းစားပြီးပြော
“““ကောင်းကင်””””: အင်း
အခုကောင်းကင် စိတ်ထဲမှာ နှစ်သက်ခြင်း မနှစ်သက်ခြင်းတွေ မရှိတော့ဘူ
“““ငှက်ကလေး””””: ကောင်းပါတယ်
“““ကောင်းကင်””””: ကောင်းကင် စိတ်တွေကို ပြုပြင်လိုက်တယ်
ဘဝကို ပြုပြင်လို့မရတော့
စိတ်ကိုပြုပြင်လိုက်တယ်
အရာရာတိုင်းကို လက်ခံနိုင်တဲ့စိတ်မျိုးပေါ့
“““ငှက်ကလေး””””: ကောင်းကင် အစ်ကိုပြောမင်း .ကောင်းကင်ပြုပြင်လိုက်တယ်ဆိုတဲ့ စိတ်ကသာ ဘ၀တစ်ခုလုံးမက တစ်သံသရာလုံးအတွက် မမှားသော အရာပဲ
သံသရာဆိုတာရော သိတယ်မို့လား
“““ကောင်းကင်””””: အင်း
သိတယ်
“““ငှက်ကလေး””””: အစ်ကိုလည်း ကြိုးစားနေပါတယ် ကိုယ့်စိတ်တွေကို သေသပ်အောင် ထားနိုင်ဖို့ ကိုလေ
“““ကောင်းကင်””””: အင်း
အင်း
ကောင်းပါတယ်
“““ငှက်ကလေး””””: ပေါ့ပေါ့ လေးဖြတ်သန်းပါ
အလေး အပင်ကြီးမဖြစ်ပါစေနဲ့
အရာရာဟာ စေရာတွေပါ
“““ကောင်းကင်””””: အင်း
Sent at 9:19 PM on Tuesday
“““ကောင်းကင်””””: ကောင်းကင်လည်း အခု အဲ့လိုပဲနေတော့တယ်
Sent at 9:22 PM on Tuesday
“““ငှက်ကလေး””””: ကောင်းပါတယ်
ကောင်းကင် မင်း ကောင်းကင်လိုပဲ အသိဥာဏ်တွေ ကျယ်ပြောပါစေကွာ
“““ကောင်းကင်””””: အရမ်းလေးလေးပင်ပင်ကြီးနေတော့ ရူးချင်လာတယ်
“““ငှက်ကလေး””””: ဟုတ်တယ်
Sent at 9:26 PM on Tuesday
“““ငှက်ကလေး””””: ပြဿနာတွေကြုံလာတိုင်း အပြုဘက်က အမြဲကြည့်တတ်ဖို့ ကြိုးစားပါ
အစ်ကိုလည်း ကြိုးစားနေပါတယ်
“““ကောင်းကင်””””: ဟုတ်ကဲ့
Sent at 9:30 PM on Tuesday
“““ကောင်းကင်””””: ငှက်ကလေး
“““ငှက်ကလေး””””: ကောင်းကင်
ရှိတယ်
“““ကောင်းကင်””””: အော်..မရှိဘူးထင်လို့
“““ငှက်ကလေး””””: တစ်နေ့တာအတွင်းဖြစ်နေတာလေးတွေကို သတိထားပြိး ကြည့်တတ်ဖို့လိုတယ်ကောင်းကင်း
“““ကောင်းကင်””””: ဟုတ်
“““ငှက်ကလေး””””: မင်းကြည့်တတ်ရင် ထူးခြားမှု(သို့ ) ရိုးရှင်းတဲ့ အချက်ကလေးတွေ မင်းမြင်လာလိမ့်မယ်
“““ကောင်းကင်””””: ဟုတ်ကဲ့
“““ကောင်းကင်””””: ငါ့ကို အရူးလုပ်တာကို ငါအမုန်းဆုံးပဲ..နင်ငါ့ကိုမလှည့်စားပါနဲ့..ငါသေသွားမယ်ဆိုရင်တောင် နင့်ကို ရအောင်မေ့ပြမယ်..ဘယ်တော့မှ ငါ့ကိုလာမလိမ်ပါနဲ့...
Sent at 9:37 PM on Tuesday
“““ကောင်းကင်””””:ှုငှက်ကလေးအကြောင်း နည်းနည်းပြောကြည့်ပါလား
ကောင်းကင်အကြောင်းပဲပြောနေတာ
“““ငှက်ကလေး””””: အော ကောင်းကင်
ငှက်ကလေး မှာလည်း ခါးသီးမှုတွေ ရှိခဲ့ပါတယ် ရှိနေတုန်းပဲ နောက်ထပ်ရှိရင်လည်း ချိုမြိန်မှုတွေနဲ့ ရောပြီး အကောင်းဆုံးဖြတ်သန်းအုံးမှာပဲ
ငှက်ကလေး က ငယ်ငယ်က နေ ခုထိတိုင် ဆင်းရဲနယ်ပယ်မှာနေခဲ့ရတယ်လေ
ခုလဲ ဆင်းရဲနေတုန်းပဲ
ဒါပေမဲ့ ငှက်ကလေး အားတင်းထားဆဲပါ
“““ကောင်းကင်””””: အင်း
“““ငှက်ကလေး””””: ငှက်ကလေး က ငယ်ငယ်က တောရွာမှာ ကြီးပြင်းခဲ့တာလေ
ခုတိုင် ငှက်ကလေး ရဲ့မိဘတွေက တောမှာပဲ
မိသားစုတစ်ခုလုံးပေါ့
ငှက်ကလေးကသာ ရန်ကုန်ရောက်နေတာ
ဘာလို့ ရောက်လာလဲဆိုရင် ငှက်ကလေးရွာမှာမနေချင်လို့ပဲ
မွေးရပ်ပို မခင်လို့လားမေးရင် မွေးနယ်ကို ချစ်ပါတယ်
ဒါပေမဲ့ ငှက်ကလေး မနေသင့်ဘူးထင်လို့
အပြင်ထွက်လာတာ
ငှက်ကလေး ခု ၂နှစ်ကျော်ပြီ အပြင်ရောက်နေတာ
ငှက်ကလေးတို့နယ်မြေက မကွေးရဲ့ အထက်နားက ကျေးရွာလေးတစ်ရွာကပါ
ပြည့်စုံမှု ကြမ်းပေါက်ကျွံနဲ့လေ ငှက်ကလေး ကျောင်းတက်ခဲ့ရတယ်
ငှက်ကလေး ပြောတယ်မို့လား လူတိုင်းမှာ အပူကိုယ်စီနဲ့လေ ..
ဘယ်သူကပိုပူသလဲတော့မပြောတော့ဘူးနော်
ငှက်ကလေး ဆယ်တန်းအောင်တော့ ငှက်ကလေးတက်ချင်တဲ့ ကျောင်းတောင် မတက်ခဲ့ရဘူး
ရိုးရိုးအဝေးသင်နဲ့ပဲ ပြီးခဲ့တယ်
ပြောရမယ်ဆိုရင် ငှက်ကလေး ခုထိ အပူမီးမငြိမ်းသေးဘူး
နောက်က မီးလောင်နေတုန်းပဲ
ဒါပေမဲ့ ငှက်ကလေး အဲ့ဒါကိုတန်ဖိုးထားတယ်
ဘ၀တစ်ခုမှာ ဒါလေးတွေရှိနေတာကိုလေ .
ငှက်ကလေး ... တစ်ခါတစ်ခါ စိတ်ညစ်တယ်
တစ်ခါတစ်ခါ ရီနေတတ်တယ် .စိတ်ညစ်တာတွေကို ပြေစေဖို့ပါ
ခုငှက်ကလေးလည်း ဘယ်အရာဟာ အဓိကအကျဆုံးလဲ ဆိုတာကိုလိုက်ကြည့်နေတုံးပဲ
ငှက်ကလေး အိမ်က ဘာမဆိုကိုယ်ကြိုက်တာကိုယ်လုပ်ဖို့ လစ်လျှူ ရှုထားတယ် ပြောတယ်လေ ကိုယ်ကြိုက်တာကိုယ်လုပ် ကိုယ်ဖြစ်ရင်ကိုယ်ခံတဲ့
တစ်ခါတစ်ခါ ငှက်ကလေး လုပ်ချင်တာလုပ်လိုက်တယ်
မစဉ်းစားမှုလေးတွေပါတဲ့ အခါ မှားတတ်တာပေါ့
တစ်ခါတစ်ခါ ငှက်ကလေး စိတ်အားထက်သန်တယ် တစ်ခါတစ်ခါ ငှက်ကေးလစိတ်အားငယ်တယ်
ဘာလို့လဲ ဆိုရင် ငှက်ကလေးလည်း ပိုင်နိုင်မှု နည်းနေသေးလို့လေ
ခုတော့ ငှက်ကလေး အကောင်းဆုံးဖြစ်အောင် လျှောက်လှမ်းနေပါတယ်
ကောင်းကင် မင်းဖတ်နေတုံးပဲလား
“““ကောင်းကင်””””: ဟုတ်ကဲ့
ဆက်ပြောပါ
အရမ်းစိတ်ဝင်စားစရာကောင်းပါတယ်
“““ငှက်ကလေး””””: ငှက်ကလေး မိဘတွေကို အရမ်းချစ်တယ် သနားလည်းသနားတယ်
သူတို့က အရမ်း၇ိုးသားတယ်
ရွာမှာတောင် အရိုးသားဆုံးတွေပါ
တစ်ချို့က ဒါကို အခွင့်ယူပြီး အနိုင်ယူချင်နေကြသလိုပဲ စာနာမှု နတ္ထိတွေနဲ့လေ .
“““ကောင်းကင်””””: အင်း
“““ငှက်ကလေး””””: ခုတော့ ငှက်ကလေး လမ်းကြမ်းတွေထဲမှာပဲ ရှိနေတုန်းပါ
လမ်းချောကိုရောက်အောင် ခရီးနှင်ရအုံးမယ်
ခရီးနှင်နေတုန်းမှာ ငှက်ကလေး တစ်ခုခုဖြစ်သွားနိုင်တယ်
တစ်ခုခုဖြစ်ခဲ့မယ်ဆိုလည်း ငှက်ကလေး အပြုံးမပျက်အောင် ကြိုပြီး ကြိုစားထားတယ်
“““ကောင်းကင်””””: အင်း
“““ငှက်ကလေး””””: ငှက်ကလေးမှာ ဥပေက္ခာဆိုတဲ့ လက်နက်တွေလည်း ဖန်တီးထားတယ် လိုအပ်ရင်သုံးဖို့လေ
တစ်ခါတစ်ခါ ငှက်ကလေး လမ်းလွဲတွေထဲ ရောက်ဖူးတယ် ဒါပေမဲ့ ကြီးပြင်းလာခဲ့တဲ့တစ်လျောက် ငှက်ကလေးရဲ့ ပတ်ဝန်းကျင်ကို ကျေးဇူးတင်တယ်
ဘာလို့လဲဆိုတော့ ငှက်ကလေး ကို စဉ်းစားစေတဲ့ စိတ်တွေပျိုးထောင်ပေးလို့လေ
ငယ်ငယ်က ငှက်ကလေး ရင်တွေဟာ အရမ်းခံစားလွယ်တယ်
ခုလည်းလွယ်တုံးပဲ ဒါပေမဲ့ ဦးနှောက်ကိုတော့ ဦးစီးထားခိုင်းထားတယ်
ငှက်ကလေးမှာ ခုထိတိုင် ပြည့်စုံမှု ဗလာနဲ့ပါ
ဒါပေမဲ့ အားမငယ်ပါဘူး
ဆက်လက်ပျံသန်းဖို့ စိတ်ဓါတ်ခွန်အားတွေကို စုစည်းနေပါတယ်
“““ကောင်းကင်””””: အင်း
“““ငှက်ကလေး””””: အဲ့ဒါ ငှက်ကလေး အကြောင်းပဲ
သူလည်း သူ့အလျောက်ပါ ကောင်းကင်
“““ကောင်းကင်””””: ဟုတ်ကဲ့
အင်း.....
ငှက်ကလေးနဲ့ ယှဉ်ရင် ကောင်းကင်က ဘာမှ မဖြစ်စလောက်လေးပဲပေါ့
“““ငှက်ကလေး””””: အဲ့လိုလည်း မဆိုလိုပါဘူး ကောင်းကင်ရယ်
“““ကောင်းကင်””””: အင်း....ကောင်းကင်ရဲ့အထင်ကိုပြောတာပါ
“““ငှက်ကလေး””””: ကောင်းကင်ကြိုးစားပါ အနေတတ်ပါစေ။
“““ကောင်းကင်””””: ကောင်းကင်လေ...ငှက်ကလေးရဲ့ အကြောင်းတွေနားထောင်ပြီးတော့ ကောင်းကင်ရဲ့သူငယ်ချင်းတစ်ယောက်ကို သတိရလိုက်တာ
“““ငှက်ကလေး””””: ခုငှက်ကလေးပတ်ဝန်းကျင်မှာ အရောင်မျိုးစုံတဲ့လူတွေ ရှိတယ်
သတိတော့ ထားနေရတာပေါ့
အောဟုတ်လား
“““ကောင်းကင်””””: အင်း
သူကလည်း ငှက်ကလေးလိုပဲ
ဘဝကို ရုန်းကန်နေရတာပေါ့
သူနဲ့ မတွေ့တာ ငါးနှစ်တောင်ရှိသွားပြီ
“““ငှက်ကလေး””””: အော်
“““ကောင်းကင်””””: သူလည်း သူ့ဘဝကို သူရုန်းကန်ဖို့ ကောင်းကင်အနားကနေ ထွက်သွားရတာပေါ့
“““ငှက်ကလေး””””: အော်
“““ကောင်းကင်””””: သူတော့ မန္တလေးကိုသွားမယ် ပြောတယ်
အစကတော့ အဆက်အသွယ်ရသေးတယ်
နောက်ကျတော့ မရတော့ဘူး
ခုတော့ ဘယ်ရောက်ဘယ်ပေါက်လို့ ဘာတွေဖြစ်နေလဲ မသိတော့ဘူး
ငှက်ကလေးကတော်သေးတယ်
“““ငှက်ကလေး””””: ဟုတ်ပါတယ်
“““ကောင်းကင်””””: သူက မိန်းကလေးဆိုတော့ သိပ်အဆင်မပြေဘူးပေါ့
ဘာမဆို သတိထားနေရတယ်လေ
“““ငှက်ကလေး””””: အော်
မိန်းကလေးတွေက အပြင်ထွက်တယ်ဆိုတာ တော်တော် စဉ်းစားစရာပဲ နော်
ကောင်းကင်
အထိန်းအကွပ် အများကြီးလိုတယ်
“““ကောင်းကင်””””: အင်း
ဟုတ်တယ်
ဒါပေမယ့် သူ့ကို ကောင်းကင် ယုံတယ်
သူက စိတ်ဓါတ် အရမ်းပြင်းထန်တယ်
“““ငှက်ကလေး””””: ပြင်းထန်မှုကို ရေရှည်ထိန်းထားနိုင်ရင် သူ့ကို ပြုံးပျော်နေတဲ့ နေရာမျာတွေ့ရမှာပဲ
“““ကောင်းကင်””””: အင်း
ဟုတ်တယ်
သူ့စိတ်ဓါတ်ကို အရမ်းလေးစားတယ်
သူက ယုံကြည်မှုပြင်းထန်တယ်
ဒါပေမယ့် ဘဝကို မျက်ရည်တွေနဲ့ မဖြတ်သန်းဘူး
ပျော်ပျော်နေတယ်
သူ့ဘဝကိုထိုင်ပြီး စိတ်ဓါတ်ကျမနေဘူး
“““ငှက်ကလေး””””: ဒါအကောင်းဆုံး ထိုးစစ်ပဲ
“““ကောင်းကင်””””: သူ့မိသားစုမှာ သူက အကြီးဆုံး
သူ့အောက်မှာ မောင်လေးနှစ်ယောက်ရှိတယ်
သူက ရှစ်တန်းနဲ့ပဲ ကျောင်းထွက်ခဲ့ရတယ်
“““ငှက်ကလေး””””: အော
“““ကောင်းကင်””””: သူ့မောင်လေးတွေကို ငဲ့ညှာတဲ့အနေနဲ့ပေါ့
သူက အနစ်နာခံလိုက်တယ်
“““ငှက်ကလေး””””: ကြမ်းတမ်းလိုက်တာနော်
8တန်းဆိုတော့ ပညာမှ မစုံသေးဘဲ နော်
“““ကောင်းကင်””””: ဟုတ်တယ်
ငှက်ငယ်ဆင်းရဲတယ်ဆိုတာ သူ့ကို မီမှာ မဟုတ်ဘူး
“““ငှက်ကလေး””””: ဒါပေါ့
“““ကောင်းကင်””””: ကောင်းကင်လေ သူ့ကိုကြည့်ပြီး အရမ်းသနားတာပဲ
“““ငှက်ကလေး””””: အေးကွာ သနားစရာပဲ
သူက မိန်းကလေးဖြစ်နေတော့
နော်
“““ကောင်းကင်””””: ကျောင်းတက်တော့လည်း သူ့ကို ဘယ်သူမှသိပ်ခေါ်ချင်ခဲ့ဘူး
အဲ့ဒီလိုနဲ့ ကောင်းကင် သူနဲ့ အရမ်းခင်ခဲ့တယ်
ဘယ်သူမှ မခေါ်ချင်တဲ့သူ့ကို ကောင်းကင်က ဖက်လှဲတကင်းဆက်ဆံပေးခဲ့ပါတယ်
“““ငှက်ကလေး””””: စိတ်ထာမွန်မြတ်ပါပေတယ်
ကောင်းကင်ရယ်
“““ကောင်းကင်””””: သူနဲ့ တစ်နှစ်ပဲ ဆုံခဲ့တယ်
ဒါပေမယ့် ငယ်ပေါင်းတွေလိုပဲ အ၇မ်းခင်ခဲ့ပါတယ်
သူနဲ့လည်း ပြန်ဆုံချင်ပါသေးတယ်
“““ငှက်ကလေး””””: နာရီစက္ကန့်တွေ လှုပ်ရှားပြောင်းလဲနေသလို အရာရာဟာလည်းပြောင်းလဲနေပါတယ်
ပြန်ဆုံအုံးမှာပါ ကောင်းကင်
“““ကောင်းကင်””””: အင်း အဲလိုပဲ မျှော်လင့်တာပဲ
သူက ပြောရှာပါတယ်
ပြန်တွေ့ရင် ခေါ်ချင်ပါ့မလားတဲ့
ကောင်းကင်က ပညာတတ်ကြီးဖြစ်ပြီး
“““ငှက်ကလေး””””: နောင်တစ်ချိန်ပြန်ဆုံကြရင် ရင့်ကျက်ခြင်းတွေနဲ့ ပေါ့
“““ကောင်းကင်””””: သူက ကျတော့ ဘာမှမဟုတ်တဲ့အတွက်တဲ့
ကောင်းကင်လေ ဝမ်းနည်းလိုက်တာ
သူအဲ့လိုပြောတော့
“““ငှက်ကလေး””””: အင်း မချိ ပင့်သက်နဲ့ သူပြောခဲ့တာနေမှာ
“““ကောင်းကင်””””: အင်း
“““ငှက်ကလေး””””: အဆင်ပြေပါစေလို့ပဲ ဆုတောင်းပေးရမှာပေါ့ ကောင်းကင်ရယ်
“““ကောင်းကင်””””: အင်း
“““ငှက်ကလေး””””: ကောင်းကင် ကြိုးစားထားပါ
မင်းရဲ့လက်တွေကို အလကားမထားပါနဲ့
လက်တွေကိုကမ်းထားပါ
“““ကောင်းကင်””””: ဟုတ်ကဲ့
“““ငှက်ကလေး””””: ဒါဟာ တို့ဘ၀တွေရဲ့ အာဂဖြစ်စေရမယ်လို့လေ
ကမ်းလင့်မဲ့လက်တွေ ရှားပါးနေတယ် ကောာင်းကင်
“““ကောင်းကင်””””: ဟုတ်ကဲ့
“““ငှက်ကလေး””””: ထူမဲ့သူရှာနေတဲ့ လူတွေလဲ ဒုနဲ့ ဒေးပါ ကောင်းကင်
“““ကောင်းကင်””””: အင်း
ဆိုင်မပိတ်သေးဘူးလား ငှက်ကလေး
“““ငှက်ကလေး””””: ကောင်းကင်ကော
“““ကောင်းကင်””””: သုံးတဲ့လူ နှစ်ယောက်ရှိသေးတယ်
“““ငှက်ကလေး””””: 10 နာရီဆို ငှက်ကလေး ဆိုင်က ပိတ်တာလေ
ခု ဒီနားက ရင်းနှီးတဲ့ ဦးလေး သုံးနေလို့
“““ကောင်းကင်””””: အော်...
“““ငှက်ကလေး””””: ကောင်းကင် ဒီနေ့စကားပြောတာတွေကို မှတ်ထားမယ်နော်
လက်ခံတယ်မို့လား
“““ကောင်းကင်””””: အင်း
မှတ်ထားပါ့မယ်
“““ငှက်ကလေး””””: ကောင်းကင်စိတ်ကလေးအေးချမ်းအောင်နေ နော်
“““ကောင်းကင်””””: ဟုတ်ကဲ့
“““ငှက်ကလေး””””: တစ်ခုခုပြောစရာရှိရင် အီးမေးနဲ့ ပြောလိုက်နော်
ငှက်ကလေး နားထောင်ပေးမယ်
“““ကောင်းကင်””””: ဟုတ်ကဲ့

No comments: