Saturday, October 31, 2009

လမင်းနဲ့ ကြယ်လေး

ကြယ်ကလေး ကပြောတယ်...... ။   ။ သူသာ လမင်းလေးဆိုရင်.....ကိုယ်က ကြယ်လေးပေါ့....လမင်းက ကြယ်တွေ အားလုံးကို အလင်းရောင်ပေးထားတယ်...ဒါပေမယ့် ကြယ်လေးတစ်ပွင့်ကတော့
လမင်းလေးကို ကျေးဇူးတင်တဲ့အနေနဲ့ အလင်းရောင် ပြန်ပေးချင်ခဲ့တယ်...ရယ်စရာတော့ ကောင်းပေမယ့် လမင်းအရောင် ကွယ်ပျောက်တဲ့ နေ့သာ ရှိခဲ့မယ်ဆိုရင် ကြယ်လေးတစ်ပွင့်က သူ့အတွက် သီးသန့်အလင်းရောင်လေး ထွန်းပေးဖို့ ထာဝရရှိနေမှာပါ....လမင်းလောက်မလင်းပေမယ့်ပေါ့...

လမင်းကပြောတယ် ။   ။ ကြင်နာတတ်တဲ့ ကြယ်လေးရယ်
လမင်းလေးက....... ပြောချင်နေမယ်
ငါ့လက်တစ်ကမ်းမှာ ...........တုံ့ပြန်မဲ့ကြယ်လေးအတွက်
ထာဝစဉ် အလင်းတွေ .............ပေးနေဆဲပါလို့
ကောင်းကင်ကြီးထဲမှာ .............မင်းနဲ့ငါဟာ
အနီးစပ်ဆုံးတွေလေ...............
ကြင်နာတတ်တဲ့ ...............ကြယ်လေးအတွက်
လမင်းဆီက ...........ရောင်ပြန်ဟပ်မှုတွေ
ထာဝရ ...............စီးဆင်းပါစေကွယ်....။
လမင်းပြောသောစကား................
လမင်းက ကောင်းကင်ကိုချစ်တယ် ကြယ်တွေ စုံလင်စွာနဲ့ပေါ့
ချစ်သော ကောင်းကင် ကျေးဇူးပြု၍ တိမ်လေးတွေ ကင်းစင်ပေးပါ
မှန်စွာ မြင်သော မင်းစိတ်နဲ့ သေချာစွာ ပြောပြသော စကားလေးတွေကို
လမင်းမှ တလေးတစား ပွေ့ပိုက်ချင်နေမိတာ ..............တကယ်ပါ။။
အပြုံးတွေသာ ပျံလွင့်စေချင်မိတာ ...........လမင်းဆန္ဒ.....။။

No comments: