Tuesday, February 28, 2012

နှိုင်းယှဉ်ခြင်း

အဖွဲ့တစ်ခုအတွက် ဦးစီးဦးမှုး ပြုသူကို ခေါင်းဆောင်ဟု ခေါ်သည် ။ ခေါင်းဆောင်သည် အရေးအပါဆုံးသော နေရာတွေ ရှိနေပါသည် ။ ခေါင်းဆောင်မကောင်းလျှင် ထိုအဖွဲ့ ဘယ်လောက်ပဲ အလုပ်လုပ်ပါစေ လမ်းမှားများဖြင့် အကျိုးများလိမ့်မည်မဟုတ် ။
ဒါဟာ သဘောတရား တစ်ခု …

နောက် … လူတစ်ယောက်အကြောင်းကို မြင်ကြည့်ပါ ။ လူမှာ ဦးစီးဦးမှုး ပြုသူသည် စိတ်ဖြစ်၏ ။ ထိုစိတ်သည် လူတစ်ယောက်အတွက် အရေးပါဆုံးဖြစ်၏ ။ လူတစ်ယောက်မှာ ထိုဦးစီးတဲ့ စိတ်မကောင်းလျှင် ဘယ်လောက်ပဲ အလုပ်လုပ်ပါစေ .. လမ်းမှားများဖြင့် အကျိုးများလိမ့်မည် မဟုတ် … ။
ဒီတော့ အဖွဲအစည်းနဲ့ လူတစ်ယောက်ကို ခိုင်းနှိုင်းပြတာပါ ။
အဲ့ဒီ ခိုင်းနှိုင်းမှုအမြင်ပေါ်မှာ .. ကွဲလွဲမှု ရှိပါသလား …။
အဖွဲ့တစ်ခုအတွက် .. ခေါင်းဆောင်က ကောင်းပြီး လက်အောက်ငယ်သားက မကောင်းဘူးဆိုရင် အဲ့ဒီအဖွဲ့ အောင်မြင်နိုင်ပါ့မလား ။ ဥပမာ ရေသာခိုသော အလုပ်သမား ဝန်ထမ်း ၊ တနပ်စားဥာဏ် ဝန်ထမ်း စသည့် သူများကြောင့် … ထိုအဖွဲ့အစည်းရဲ့ လုပ်ရပ်ဟာ အောင်မြင်နိုင်ပါ့မလား ။ တွေးတောစရာပါ …
နောက် . .လူ မှာကြည့်မယ်ဆိုရင် … ဦးစီးဦးမှူးပြုသော စိတ်က ကောင်းနေပြီး ကိုယ်အင်လက္ခဏာက ရုပ်ဆိုးအကျည်းတန် ဖြစ်နေမယ်ဆိုရင် …  ထိုလူဟာ အောင်မြင်နိုင်ပါ့မလား .. ။ ဒီနေရာမှာတော့ အောင်မြင်နိုင်ပါတယ်လို့ ကျနော်တို့ ပြောနိုင်ပါတယ် ဘာလို့လဲဆို အောင်မြင်မှုမျာ ရုပ်ဆိုသည်က အဓိက မဟုတ်သောကြောင့် ပါ ။ သို့သော် ထိုသူမှာ … ကိုယ်လက်အင်္ဂါ ချို့တဲ့ပြီး သုံးမရရင် သို့မဟုတ် ကျန်းမာရေး မကောင်းနေရင် .. အောင်မြင်နိုင်မှာ မဟုတ်ပါဘူး ။ ဒီတော့ လူတိုင်း ကျန်းမာရေး ကောင်းအောင် နေကြပါ ။
နောက်အမြင်တစ်ခု ..
ခေါင်းဆောင်မှာ စိတ်ဓါတ်ပြင်းထန်ပြီး အရည်အချင်းပြည့်စုံနေတဲ့ ခေါင်းဆောင် ဆိုရင်ရော ….
လက်အောက်ငယ်သားတွေကို နားဝင်အောင် ၊ စိတ်ဓါတ်တွေ တက်ကြွလာအောင် ၊ လုပ်ချင်ကိုင်ချင်စိတ်တွေ ဖြစ်လာအောင် ၊ ရိုးသားချင်စိတ်တွေ ဖြစ်လာအောင် လှုံ့ဆော်ပေးနိုင်မယ်ဆိုရင်ရော .. အဲ့ဒီအဖွဲ့ဟာ တဖြည်းဖြည်းနဲ့ အောင်မြင်နိုင်ပါသလား … ။
အောင်မြင်နိုင်ပါတယ် … ။ သို့သော် တခြား ခေါင်းဆောင်ကောင်း ၊ လက်အောက်ငယ်သားကောင်းတဲ့ အဖွဲ့နဲ့ ယှဉ်ရင်တော့ နောက်တော့ ကျနေပါလိမ့်မယ် ..။ ဒါပေမဲ့ ကျဆုံးမသွားခြင်းဟာလည်း ကျေနပ်ရမဲ့ ရလဒ်တစ်ခုပါပဲ ။
နောက် .. လူ .. ကိုယ်လက်အင်္ဂါချို့တဲ့တဲ့ လူတစ်ယောက် ၊ ကျန်းမာရေးမကောင်းတဲ့ လူတစ်ယောက်ကို တွေးကြည့်လိုက်ပါ .. ။ ဒီလူမှာ စိတ်ဓါတ်က တကယ်ငြိမ်းချမ်းနေမယ် .. အဆိုးတွေကို ကျော်ဖြတ်နိုင်မယ် ၊ အတွေ့အကြုံတွေလည်း ပြည့်စုံနေမယ် ၊ ခံနိုင်ရည်နဲ့ ဖြစ်တည်မှုအပေါ် နားလည်နေမယ် ၊ လောကနဲ့ လူ့ဘဝအကြောင်းကို နားလည်နေပြီး တရားလည်း ကိန်းနေမယ်ဆိုရင် အဲ့ဒီလူရဲ့ ဘဝဟာ အောင်မြင်တဲ့ ဘဝလို့ ခေါ်ပါသလား … ။
အောင်မြင်တဲ့ ဘဝလို့ ခေါ်ပါတယ် ။ ဒါပေမဲ့ တခြား ကျန်းမာ သန်စွမ်းပြီး လောကဓမ္မကို သိမြင်ထားသူတွေနဲ့ စာရင်တော့   အကျိုးပေးနည်းတဲ့အတွက် နည်းနည်းတော့ နိမ့်နေပါလိမ့်မယ် .. ။ သို့သော် .. သူပိုင်ဆိုင်တဲ့ ဘဝတစ်ခုအတွက် အောင်မြင်နေတဲ့သူတစ်ယောက် ဖြစ်နေတာမို့  ကျေနပ်နေရမဲ့ ဘဝတစ်ခုပါပဲ … ။
ကဲ ဒါတွေကတော့ ကျနော်ရဲ့ တွေးတောမှု အဆင့်ပါပဲ .. စာဖတ်သူအနေနဲ့ မိမိဘဝမှာ ဘယ်လိုမျိုးနေထိုင် ကျင့်ကြံရမယ်ဆိုတာကို သဘောပေါက်မိသွားမယ်လို့ ထင်မိပါတယ်.. ။
ပျော်ရွှင် ချမ်းမြေ့ပါစေ ….
ဘာနေ
၂၈ ၊ ဖေဖော်ဝါရီ ၊ ၂၀၁၂

No comments: